Propranolol ပရိုပရာနိုလော
ဆရာ့ကိုမေးပါရစေရှင့် ကလေးကလက်တုန်တာ အသက်က ၁၂ နှစ်ပါ ကျွန်မတို့ကလေး ဦးနှောက်နှင့် အာရုံကြော ဆရာဝန်သွားပြ တာဆရာက propranol 5 mg ကို တနေ့နှစ်ကြိမ် သောက်ခိုင်းပြီး တပတ်ပြန်ပြရပါတယ် ပြန်ပြတဲ့အခါ ဆရာကဆေးကိုတိုးပေးပါတယ်တခါသောက် 10 mg တနေ့နှစ်ကြိမ် နှစ်လစာပေးပြီး တလကြာ အခြေအနေ ပြန်ပြောခိုင်းပါတယ် ကျွန်မတို့လည်းနောက်နေ့ နယ်ပြန်ခဲ့ပါတယ် အခုကလေးက အိပ်ရာထရင် မျက်လုံးမို့ပါတယ် ဆေးများသွားလို့လားဆေးကို 5mg ပြန်လျော့သောက်ရမလာကျေးဇူးပြပြီးဖြေပေးပါဆရာ
ပရိုပရာနိုလောဆေးကို Inderal လို့လည်းခေါ်တယ်။ beta blocker ဆေးအမျိုးအစားဖြစ်တယ်။ သွေးတိုး၊ နှလုံးခုန်မမှန်ခြင်း၊ လက်တုန်ဖြင်းနဲ့ တခြားရောဂါတွေအတွက်သုံးတယ်။ လူတွေရှေ့မှာ စကေားထွက်ပြောလို့ ကြောက်နေသူမျိုးလည်းပေးနိုင်တယ်။
ဘေးထွက်သက်ရောက်မှုတွေ
နှလုံးခုန်နှေးမယ်။ သွေးဖိအားကျမယ်။ ဝမ်းချုပ်မယ်။ ဝမ်းပျက်မယ်။ လိင်စိတ်နည်းမယ်။ ခေါင်းမူတတ်တယ်။ နည်းနည်းလေးအိပ်ချင်မယ်။ မျက်စိခြောက်မယ်။ ဆံပင်ကျွတ်တတ်တယ်။ ပျို့အန်ချင်မယ်။ မောမယ်။
ဆေးဘယ်လောက်ပေးမလဲ
For acute heart attack နှလုံးအတက်ရခြင်း
Adults—180 to 240 mg per day, given in divided doses
For chest pain (angina) ရင်ပတ်နာခြင်း
Adults—At first, 80 mg once a day
For high blood pressure (hypertension) သွေးတိုး
Adults—At first, 80 mg once a day, given at bedtime
For irregular heartbeats နှလုံးခုန်မမှန်ခြင်း
Adults—10 to 30 mg three or four times a day, given before meals and at bedtime
For migraine headaches မိုင်ဂရင်းရောဂါ
Adults—At first, 80 mg once a day
For tremors လက်တုန်ခြင်း
Adults—At first, 40 mg two times a day
ကလေးတွေအတွက် စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်ညွှန်သလောက်ပေးရတယ်။
ဒေါက်တာတင့်ဆွေ
၇-၄-၂၀၁၉

Comments
Post a Comment