မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Monday, March 30, 2015

Bamboo shoot မျှစ် ဘယ်ကမျှစ်လည်း

Nyominlwin Pma ကိုယ့်မြို့အကြောင်းလည်း ကိုယ်ရေးရဦးမည်၊ ပျဉ်းမနားမြို့သည် ၀န်ထမ်းမြို့ဟု မဆလခေတ်က ပြောစမှတ်တွင်သည်။ စီးပွားရေးကြီးကြီးကျယ်ကျယ် ပြောစမှတ်ပြုလောက်အောင်မရှိ၊ သစ်၊ ဝါး၊ တောတောင်များရှိသည်၊ သို့သော် လူတိုင်းလုပ်နိုင်သည့်ကိစ္စမဟုတ်၊ ထိုအထဲမှ မျှစ်၊ မျှစ်ချဉ်ကတော့ လူအတော်များများလုပ်နိုင်သဖြင့်၊ မျှစ်ချဉ်ကောင်းထွက်သည့် မြို့အဖြစ်တော့ အသိအမှတ်ပြုခံရသည်။့

အရင်က တာဝန်နဲ့ ထိုင်းကို ခဏခဏခရီးသွားခဲ့ရဖူးတယ်။ အခေါက်တိုင်း မျှစ်ဝယ်ပါတယ်။ အခွံမခွါရသေးတာရရင် မျှစ်စို့ကြီးတွေကို ကျောပိုးအိတ်မှာ နိုင်သလောက်ထည့်ပြီး သယ်လာပါတယ်။

မာနယ်ပလောခေါ်တဲ့ အတိုက်အခံမှန်သမျှရဲ့ဌာနချုပ်ကိုလည်း ၁၉၉၅ မတိုင်ခင်မှာ သုံးခေါက်ရောက်တယ်။ NCGUB ရုံးမှာ ထမင်းစားရင် မျှစ်ပါတယ်။ ဦးခွန်မားကိုဘန်း (ကယန်း) ရဲ့လက်ရာပေါ့။

ဒေလီမှာနေရတုံးက ပုလဲကအသိတယောက် နေပြည်တော်မှာ တာဝန်ကျနေတယ်။ ကျွန်တော့်ဆီကို လက်ဆောင် ပို့ချင်တယ်ဆိုလို့ ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ မျှစ်စိမ်းကပို့မရတော့ မျှစ်တွေကို သူကိုယ်တိုင် လှီးစိတ်ပြီး၊ မျှစ်ခြောက် လုပ်ထားသတဲ့။ အဆင်မသင့်ချင်တော့ ကျွန်တော်က နေရာတခုထပ်ပြောင်းရပြန်လို့ လက်ဆောင်က မရောက်နိုင်တော့ပါ။ အရသာကောင်းတော့ ရနေသလိုပါပဲ။ ပျဉ်းမနားမျှစ်ကို စားတော့မစားဖူးသေးပါ။

ဒေါက်တာတင်ဆွေ
၃ဝ-၃-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.