Pulmonary embolism အဆုပ်သွေးကြောပိတ်ခြင်း

ဆရာ မိန်းမဖြစ်သူ အသက် ၄၅ နှစ်သားဦး၊ ကလေးဗိုက်ထဲသေ၍ သားအိမ်ပွင့်ဆေးထည့်မွေးပါသည်။ တရက်နီးပါးကြာပြီး ဗိုက်နာ၍ မွေးခန်းထဲ ၃ ခါမြောက်ညှစ်စဉ် သတိမေ့အသက်ပါသွားပါသည်။ သင်ကြားရေးဆေးရုံ မကွေးမှ ပြောကြားချက်အရ ရေမြွာရည်အပိုင်းအစ အဆုတ်ထဲရောက်လို့ သေဆုံးခြင်း ဖြစ်သည်ဟု ပြောပါသည်။ လူ ၁ သိန်းမှာ ၁ ယောက်လောက်ဖြစ်တတ်ပါသည်ဟု ပြောပါသည်။ မိန်းမမှ ခွဲမွေးပေးပါပြောသော်လည်း သားအိမ်ထဲဆေးထည့်မွေးခြင်းကို ကုသမခံလိုပါ စိတ်ညစ်ဒေါသကြောင့် သေတာလားဆရာ ရှင်းပြပေးစေချင်ပါသည်။

ဆောရီး။ စိတ်ကြောင့်တော့ မဟုတ်လောက်ပါ။ ကလေးမွေးဖွါးစဉ်မှာ ရှားပါးတာတွေလည်းဖြစ်တတ်တယ်။ ကြိုမသိနိုင်တာလည်း ရှိတတ်တယ်။ ဆောရီး။

ဟုတ် ကျေးဇူးပါဒေါက်တာ။ ရေမြွာရည်အပိုင်းအစ အဆုတ်ထဲရောက်လို့ ရေးထားပါတယ်။ ဘယ်လိုကြောင့် ဖြစ်သွားတယ်မသိ။ ကျေးဇူးပါဒေါက်တာ။

အဆုပ်သွေးကြောပိတ်ခြင်းဆိုတာ ရုတ်တရက်ဖြစ်တယ်။ သွေးလှည့်စနစ်တနေရာရာက သွေးခဲတခုက အဆုပ်သွား သွေးလွတ်ကြော ခပ်ကြီးကြီးတခုမှာ လာပိတ်တာ။ သွေးခဲက သေးရင် အသက်မသေနိုင်။ ဒါပေမယ့် အဆုပ်ကို ပျက်စီးစေနိုင်တယ်။ သွေးခဲကြီးရင် အသက်ဆုံးပါးနိုင်တယ်။ ဆောရီး။

အဲလိုဖြစ်ရင် ဒါတွေခံစားရမယ်။ ရုတ်တရက် အသက်ရှူမရခြင်း၊ ရင်ပတ်စူးရှပြီးနာခြင်း၊ ချောင်းဆိုးရင်ပိုနာခြင်း၊ အသက်ပြင်းပြင်းရှူရင် ပိုနာမယ်။ ချောင်းဆိုးရင် ပန်းရောင် ချွဲထွက်ခြင်း။ လူနာက စိုးရိမ်စိတ်ကဲနေမယ်။ ချွေးပြန်မယ်။ သတိလစ်မယ်။ နှလုံးခုန်မြန်မယ်။ ရင်တုန်မယ်။

အိပ်ယာထဲမှာ တာရှည်နေရသူတွေ၊ ခွဲစိတ်ထားရလို့ ငြိမ်နေရသူတွေ၊ ကင်ဆာလူနာ၊ နှလုံးအလုပ်မနိုင်ခြင်းရောဂါ၊ လေဖြတ်ထားသူတွေမှာ ဖြစ်လာနိုင်တယ်။ ကလေးခွဲမွေးရသူတွေလည်းပါတယ်။ ကိုယ်ဝန်တားဆေးသောက်နေသူတွေနဲ့ သွေးဆုံးလို့ ဟော်မုန်းဆေးသောက်နေသူတွေလည်း ဖြစ်တတ်တယ်။ ဝသူတွေနဲ့ ဆေးလိပ်သောက်သူတွေလည်းပါတယ်။ အတွင်းပိုင်းသွေးပြန်ကြော သွေးခဲပိတ်သူတွေလည်း ဆက်ဖြစ်တတ်တယ်။

သွေးလွှတ်ကြောပိတ်စေတာက သွေးခဲတမျိုးတည်း မဟုတ်ပါ။ လေဘူဘောင်း၊ ကင်ဆာအပိုင်းအစ၊ ရေမြွာရည်၊ အဆီတွေကနေလည်း အဆုပ်သွားသွေးလွှတ်ကြောမှာ လာပိတ်တတ်တယ်။

သိတာနဲ့ Anticoagulants သွေးခဲပျော်ဆေးပေးတယ်။ Blood thinners လို့လည်းခေါ်တယ်။ ဆိုးတဲ့လူနာကို Clot-busting drugs ဆေးခေါ် Thrombolytics ဆေးပေးတယ်။ သွေးယိုတာ သတိထားရတယ်။ လိုအပ်ရင် Embolectomy သွေးခဲ ခွဲထုတ်ရတယ်။ တခါဖြစ်ဖူးသူ ထပ်ဖြစ်တတ်သေးတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၆-၇-၂ဝ၁၇
ည ၁၁ နာရီ၊ ၃၈ မိနစ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ