ဆဋ္ဌမတန်း သမိုင်းစာအုပ်

ပုံကို ပြန်ရလို့ ထပ်တင်ပါတယ်။

ဆဋ္ဌမတန်းသမိုင်း (၂၀၁၃-၂၀၁၄၊ စာ-၃၃)၊ (၂၀၁၅-၂၀၁၆၊ စာ-၂၀)၊ (၂၀၁၆-၂၀၁၇၊ စာ-၂၀)
အခန်း ၂ ကမ္ဘာ့သမိုင်း
က။ ဂရိမြို့ပြနိုင်ငံ၏ ရှေးဦးယဉ်ကျေးမှုများ
(၁) ဂရိမြို့ပြနိုင်ငံ တည်ထောင်ခြင်း
ဘော်လကန် (Balkan) တောင်တန်းမှ မြေထဲပင်လယ်တွင်းသို့ တိုးဝင်လျက်ရှိသော ကျွန်းဆွယ်သည် ဂရိကျွန်းဆွယ် ဖြစ်သည်။
ဂရိကျွန်းဆွယ် (Greek Penisula) ဒေသသည် တောင်တန်းများ ချိုင့်ဝှမ်းများ ထူထပ်ပေါများပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ဒေသတစ်ခုဖြစ်သည်။ ၂၀၀၀ ဘီစီတွင် ဂရိကျွန်းဆွယ်ကို အင်ဒိုဥရောပ (Indo European) အစ္စလမ်နွယ်ဝင် ဂရိလူမျိုးတို့ ဝင်ရောက်အခြေချနေထိုင်ခဲ့ကြသည်။ ၁၀၀၀ ဘီစီခန့်တွင် ဂရိတို့သည် မြို့ပြနိုင်ငံငယ်များ ဖွဲ့စည်းနေထိုင်ခဲ့ကြသည်။ သို့သော် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် နိုင်ငံရေး လူမှုရေး ဘာသာရေးတို့မှာ တသီးတခြားစီ ရှိခဲ့ကြသည်။ (တစ်ခုသတ်ပုံကို မပြင်ပါ။ တသီးတခြားစီလည်း ပြင်ထားတာ မဟုတ်ပါ။)

ဂရိမြို့ပြနိုင်ငံတွေနဲ့ ဘာသာရေးနဲ့ တွဲဖေါ်ပြထားတာ မှားနေတယ်။ ကျောင်းစာအုပ်ဆိုတာ အချက်အလက်တွေ မမှားသင့်ပါ။

ရှေးဟောင်းဂရိခေတ်ဟာ ဘီစီ ၈ ရာစုကနေစပြီး ဘီစီ ၁၄၆ မှာ ရိုမန် ခေါ် ရောမကနေ အနိုင်ယူသွားခဲ့တယ်။ ဂရိမြို့ပြနိုင်ငံတွေ ပေါ်ထွန်းခဲ့တဲ့ ဘီစီ ၈၀၀ နဲ့ ဘီစီ ၂၀၀ အတွင်းမှာ ဘယ်ဘာသာရေးမှ မပေါ်သေးပါ။

ဂရိမြို့ပြနိုင်ငံတွေမှာ နတ်ဘုရားတွေသာကိုးကွယ်ကြတယ်။ နတ်ဘုရားတွေကလည်း များတယ်။ Olympian gods အိုလမ်ပီယံဂေါ့ဒ်လို့ခေါ်တယ်။ Zeus ဇီးယပ်စ်နတ်မင်းကြီးက အထင်ရှားဆုံး။ Athena အက်သီနာ၊ Apollo အပိုလို၊ Poseidon ပိုဆီဒွန်၊ Hermes ဟားမီးစ်၊ Hera ဟာရာ၊ Aphrodite အဖရိုးဒိုက်၊ Demeter ဒီမီတာ၊ Ares အားရီးစ်၊ Artemis အာတီမစ်၊ Hades ဟာဒီ၊ စတာတွေ ဖြစ်တယ်။

• ဟင်ဒူဘာသာက အစောဆုံးဖြစ်တယ်။ ဘီစီ ၅ဝဝ-၁၅ဝဝ ကနေစတယ်။
• ဗုဒ္ဓဘာသာက နှစ်ပေါင်း ၂၅၆ဝ ရှိပြီ။ ဘီစီ ၆၂၃ ကနေစတယ်။
• အစ္စလမ်ဘာသာက အေဒီ ၇ ရာစုမှစတယ်။ ဂရိခေတ်က အစ္စလမ်ဘာသာထက် နှစ်ပေါင်း ၁၄၀၀-၁၅၀၀ စောတယ်။

ကမ္ကာ့သမိုင်း (ဘီစီဆိုတာ ခရစ်မတိုင်မီ)
5500–3000 B.C. အီဂျစ်ယဉ်ကျေးမှု။
3000–2000 B.C. အီဂျစ်ဖါရိုးဘုရင် Khufu (Cheops) ခူဖူး၊ ဂါဇာဒေသမှာ ပိရမစ်တည်ဆောက်။
3000–1500 B.C. အိန္ဒိယယဉ်ကျေးမှု။
2000–1500 B.C. Assyrian အဆီးရီးယန်းက အီဂျစ်အောက်ပိုင်းကိုအနိုင်ရ။
1193 B.C. ဂရိတွေက Troy ထရွိုင်မြို့ကြီးကို အနိုင်ရ ဖျက်ဆီးလိုက်။
1000–900 B.C. ဆောလမွန်ဘုရင်ကြီး ဂျေရုဆလင်မြို့ကိုတည်။
810 B.C. ဖီနီရှန်တွေက Carthage ကာသေ့မြို့တည်။
776 B.C. အိုလမ်ပစ် ကစားပွဲစတင်။
616 B.C. Assyrian အဆီးရီးယန်း အမ်ပါယာကျဆုံး။
660 B.C. ဂရိတွေက Byzantium ဘိုဇန်တိုင်းထူထောင် အေသင်မှာ Acropolis တည်ဆောက်။
604 B.C. တရုပ် Taoism တာအိုဝါးထူထောင်သူ Lao-tse လာအိုဇီး။
586 B.C. ဂျေယူဆလမ်ကို ဘေဘီလုံဘုရင်က ဖျက်ဆီး။
539 B.C. ကို ပါရှားဘုရင် Cyrus ကသိမ်း။ အေသင်မှာ ဒီမိုကရေစီစတင်။
551–479 B.C. တရုပ် Confucius ကွန်ဖြူးရှပ်စ်။
563–483 B.C. ဗုဒ္ဓဘာသာစတင်။
500–400 B.C. ဂရိတွေက ပါရှားကို အောင်နိုင်။
431–404 B.C. အေသင်နဲ့ စပါတာ စစ်ဖြစ်။ စပါတာအနိုင်ရ။
356–323 B.C. Alexander the Great အလက်ဇန်းဒါးဘုရင်ကြီးး။
399 B.C. ဂရိပညာရှင် Socrates ကွပ်မျက်ခံရ။
264–241 B.C. First Punic War စစ်ပွဲ၊ ရောမက ကာသေ့ကိုအောင်နိုင်။
219–201 B.C. Second Punic War စစ်ပွဲ။
215 B.C. တရုပ် မဟာတံတိုင်းကြီး တည်ဆောက်။
149–146 B.C. Third Punic War စစ်ပွဲဖြစ်၊ ရောမက ကာသေ့ကိုအနိုင်ရ။
140 B.C. Venus de Milo ဗီးနပ်စ်ရုပ်တု။
100–44 B.C. Julius Caesar ဂျူလီယပ်ဆီဇာ Gaul ပြင်သစ်ကိုသိမ်းပိုက်။ ဗြိတိန်ကိုတိုက်ခိုက်။
71 B.C. ရောမမှာ Spartacus စပါးတားကပ် ကျွန်တော်လှန်ရေးဖြစ်ပွါး။
63 B.C. ရောမစစ်သူကြီး Pompey ပွန်ပေ ဂျရုဆလင်ကိုအောင်နိုင။်
51–31 B.C. အီဂျစ်မှာ Cleopatra ကလီယိုပက်ထရာ ဘုရင်မဖြစ်။
100 B.C. တရုပ်မှာ စက္ကူစသုံး။
44 B.C. ဆီဇာ လုပ်ကြံခံရ။
1 AD ခရစ်ယန်ဘာသာစတင်။

ကျောင်းစာအုပ်ဆိုတာ ဘယ်ဘာသာရပ်မဆို မမှားသင့်တဲ့အရာ ဖြစ်တယ်။ ပြန်ပြင်ပြီး မပြီး မသိသေးပါ။

၂၀၁၃ ခုနှစ်က ဆဋ္ဌမတန်းကျောင်းသားတွေကတော့ ကောလိပ်ကျောင်းသားတွေ ဖြစ်နေကြလောက်ပြီ။

ဘာသာကြီးလေးခုအနက်က အစ္စလမ်ကိုသာ ဘာကြောင့်ရွေးပြီး ဂရိမြို့ပြနိုင်ငံတွေကို ကိုးကွယ်ခိုင်းသလဲ စဉ်းစားမရပါ။
၂၀၁၆-၂၀၁၇ ဆိုတာ လက်ရှိ ပညာရေးဝန်ကြီးလက်ထက်မှာ ထုတ်တာ။ အမှားရေးသားတဲ့ တာဝန်ရှိသူတွေ ရာထူး တက်ကြသလားလည်း မသိသေးပါ။

စာအုပ်ကို မှာထားတယ်။ လကုန်လောက်ရမယ်။ ပြင်ထားပြီးဆိုရင်တော့ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ
၃-၁၁-၂ဝ၁၇
၁၅-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး