Cleopatra ကလီယိုပါထရာ

ကွန်မင့်တခုရတယ်။ ကလီယိုပါထရာ အလှ ဘုရင်မက ရောမဘုရင် Julius Caesarနဲ့ ယူတာ မဟုတ်ဘူးလား ဆရာ၊ Shakespeare ရဲ့ ပြဇာတ်ထဲမှာ ဖတ်ဖူးထားပါတယ်၊ ဆီဇာ လုပ်ကြံခံရပြီး အိမ်ထောင်ရှိတဲ့ ဗိုလ်ချုပ် အန်တိုနီနဲ့ ယူပြီး၊ အီဂျစ်မှာ နေကြတယ်၊ သြဂတ်စတပ်က သူ့အမေ၊ ပြစ်ထားခံရလို့၊ ရောမ လွှတ်တော်မှာ၊ သစ္စာဖောက် ဗိုလ်ချုပ် ဆီဇာကို ပြစ်တင် ကဲ့ရဲ့ပြီး၊ အာဏာ ထူထောင်တယ်၊ နောက်တော့ အန်တိုနီရဲ့ အီဂျစ်ကို တိုက်ပြီး နိုင်သွားတယ်၊ ကလီယိုပါထရာ သတ်သေသွားတယ် အဲ့လို သိထားပါတယ် အခု ဂရိဘုရင် ဖိလစ်နဲ့ ယူတာက နောက် ကလီယိုပါထရာ တယောက်လား ဆရာ တဲ့။

တမြန်နှစ်က စာဖတ်သင်ခန်းစာမှာ Cleopatra အကြောင်းပါတယ်။ မြန်မာပြည်ကလာတဲ့ ကျောင်းသားတွေကို မေးကြည့်တာ ကလီယိုပါထရာကို မသိကြပါ။ ဂျူလီယက်ဆီဇာလည်း ကြားဖူသလိုလိုသာဖြေကြတယ်။ ကျွန်တော်တို့ ကျောင်းသားခေတ်မှာ အဲဒီသမိုင်းကို သိကြတယ်။ ခေတ်လူတွေ ဘယ်သမိုင်းကို သိကြသလဲ ကျွန်တော်က မသိပါ။ ဆရာအောင်သင်းက သမိုင်းမသိရင် နိုင်ငံရေးမလုပ်နဲ့တဲ့။ ကျွန်တော့်အမြင် သမိုင်းမသိသူတွေကို ညာရတာလွယ်တယ်။

ကလီယိုပါထရာဆိုတာက အီဂျစ်ဘုရင်မ။ သမိုင်းမှာ သူ့အချောအလှနဲ့ ရောမအင်ပါယာနိုင်ငံရေးမှာပါ ထင်ရှားခဲ့တယ်။ ကလီယိုပါထရာရုပ်ရှင်ထဲက မင်းသမီး အယ်လိဇဘက်တေလာကလည်း နာမည်ကြီးပါတယ်။

သတ္တမ ကလီယိုပါထရာလို့ခေါ်ပါတယ်။ အစမှာ အီဂျစ်နိုင်ငံကို သူ့ မောင်အငယ်နှစ်ယောက်နဲ့၊ နောက်မှာ သူ့သားနဲ့ ပူးတွဲ အုပ်စိုးခဲ့တယ်။ စုစုပေါင်း နှစ်သုံးဆယ်ကြာတယ်။ တော်လမီထူထောင်တဲ့ မက်ဆီဒိုးနီးယားမင်းဆက်မှာ နောက်ဆုံးဘုရင်မ ဖြစ်တယ်။ မက်ဆီဒိုးနီးယားဆိုတာ အဟာအလက်ဇန္ဒားရဲ့ စစ်သူကြီးဖြစ်တယ်။ အလက်ဇန္ဒားက အီဂျစ်ကို ဘီစီ ၃၃၂ မှာ အောင်နိုင်ခဲ့တယ်။

ကလီယိုပါထရာဟာ ပညာတတ်တယောက်ဖြစ်ပြီး အလွန်လိမ်မာပါးနပ်တယ်။ ဘာသာစကားအများကြီးပြောနိုင်တယ်။ ရောမဧကရာဇ် ဂျူလီယက်ဆီးနဲ့ စစ်ရေးမဟာမိတ်ပြုပြီး ချစ်ကြိုးသွယ်ကြတယ်။ ဂျူလီယက်ဆီဇာ လုပ်ကြံခံရတော့ မာ့ခ် အင်တိုနီနဲ့ ကြိုက်တယ်။

သူတို့နှစ်ယောက်နဲ့ ဆီဇာရဲ့ မွေးစားသား အောက်တေးဗီယန်းနဲ့ စစ်တိုက်ကြတယ်။ Actium အက်တီယမ်စစ်ပွဲလို့ ခေါ်တယ်။ ဘီစီ ၃၁ ခု စက်တင်္ဘာလ ၂ ရက်နေ့မှာ အောက်တေးဗီယန်းကအနိုင်ရလာတယ်။ အလက်ဇန်းဒရီယားမြို့ ကျတဲ့နေမှာ ကလီယိုပါထရာ သူ့ကိုယ်သူသတ်သေပြီဆိုတဲ့ ကောလာဟလသတင်းကြားတော့ အန်တိုနီဟာ သူ့ဓါးနဲ့သူ သတ်သေတယ်။ တကယ်တော့ ကလီယိုပါထရာ မသေသေးပါ။ အောင်ပွဲခံသူ အောက်တေးဗီးယန်းနဲ့ တွေ့ဆုံအပြီးမှာ ကလီယိုပါထရာဟာ ရံရွေဘော်နှစ်ယောက်နဲ့ သူ့အခန်းကိုအလုံပိတ်ပြီး သူ့ကိုယ်သူ သတ်သေသွားတယ်။

ကလီယိုပါထရာရဲ့အလှနဲ့ ဆွဲဆောင်နိုင်စွမ်းဟာ သမိုင်းမှာ ဒဏ္ဍာရီသဘွယ်ဖြစ်တယ်။ နန်းကျဘုရင်မ ကလီယိုပါထရာ ဘယ်နည်းနဲ့သေရလဲ အခိုင်အမာ မသိကြပါ။ ရုပ်ရှင်ထဲမှာတော့ အများစုကတွေးထင်ကြသလို အဆိပ်ပြင်းတဲ့မြွေ အကိုက်ခံတယ်လို့ ပြသပါတယ်။ သူမသေမီမှာကြားခဲတဲ့ဆန္ဒအတိုင်း သူ့အလောင်းကို အန်တိုနီအလောင်းနဲ့အတူ မြှုပ်နှံလိုက်ပါတယ်။ အဲဒီနေ့ဟာ ဘီစီ ၃ဝ ခုနှစ် သြဂတ်စ်လ ၁၂ ရက်နေ့ ဖြစ်တယ်။

ကလီယိုပါထရာရုပ်ရှင်ကို ငယ်ကတည်းကကြည့်ရတယ်။ သရုပ်ဆောင်တဲ့ အဲလီဇဗက်တေလာ နာမည်ကြီးတယ်။

How to Pronounce Cleopatra https://www.youtube.com/watch?v=dL9S-DLtgCo

သမိုင်းမသိသူတွေကို ညာရတာလွယ်တယ်။ သမိုင်းဆိုးရှိခဲ့သူတွေက နောက်ကြောင်းပြန်မလှန်နဲ့တဲ့။ နောက်ကြောင်းပြန် အရေးမယူရတဲ့။

ဒေါက်တာတင့်ဆွေ
၁၁-၉-၂ဝ၁၈
၁၅-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး