မင်္ဂလာမောင်မယ် သီချင်း
သံသာကမ်းတိုင် တူပြိုင်ကူးမယ်လေ
ဆုထူးကို မောင်မယ်စုံခြွေ
ဟိုရှေးရေစက်ခိုင်မြဲ၊ လွဲမသွေ၊
ဖူးစာဘက် ချစ်သက်ဝေ၊ ချစ်တဲ့သက်ဝေ
မောင့်အသည်းစိုင် မယ်ပဲလေ၊ မယ့်အသည်းစိုင် မောင်ပါပဲလေ
စွဲမြဲတည်နေ ကမ္ဘာတိုင်အောင်လေ
သူနိုင်ငါနိုင် သစ္စာမဏ္ဍိုင် ချစ်ခြင်းပြိုင်မှာတွေ။
မိဘဝတ္တရား ချီးမြှင့်အပ်သော အရွယ်ပေ
လျောက်ပတ်တင့်တယ် ရွေးချယ်၊ မျိုးနွယ်တူဆွေ
သုဘဒြအခါ၊ မင်္ဂလာရက်မြတ်ပေ၊ စုလျားရစ်ခွေ၊ ဇောတိရသပတ္တမြားနိတုံရွှေ
မင်္ဂလာရှိကြောင်းကျက်သရေ၊ အောင်ကြောင်းဆုခြွေ
လိုရာအဖြာဖြာ အောင်ပါစေ၊
မောင်မယ်တွေ
မြို့မတေးငြိမ့်ညှင်းနွဲ့၊ ဝမ်းမြောက်တဲ့ အောင်သံပေ
အေးမြမြ သာပေါ့သာပေါ့ဆွေ။
မောင် ရှေ့ကိုတည့်တည့် လျှောက်မယ်လေ
မယ်လည်း တည့်တည့်လိုက်ကာ လျှောက်မယ်မောင်ရေ
ဟောဟိုအရာ အဖြူပါပေ မြင်သလားမေ
ဘော်သာခွာကျူ ပုလဲဖြူ မြင်သားပေါ့သက်ဝေ
ဘုရားသွား ကျောင်းတက် စိတ်တူကိုယ်တူ ကြည်ဖြူမောင်မယ်ဆွေ
မယ်ကား လယ်မြေ မောင်ကား မိုးကောင်းကင် လောကီအမြုတေ
သီးပွင့်ဖြိုးဝေ ရာသက်တိုင်လုံး ရွှင်ပျော်နေ။
မြို့မညိန်း
မောင် ရှေ့ကိုတည့်တည့် လျှောက်မယ်လေ
မေးခွန်းတွေမှာ နောက်နဲ့ အနောက်၊ ရှေ့နဲ့ အရှေ့ မကွဲတာတွေ အတော်ကိုများတယ်။
အရှေ့-အနောက်-တောင်-မြောက် ဆိုတာ အရပ်မျက်နှာလေးခု။
ရှေ့-နောက်-ဝဲ-ယာ ဆိုတာ ညွှန်းရာအရပ်လေးခု။
ခင်ဗျားက အရှေ့အရပ်ကို ကျွန်တော့်ရှေ့က သွားနှင့်ပါ။ ကျွန်တော် နောက်လိုက်ပါမယ်။ အနောက်အရပ်ကိုတော့ မသွားသင့်ကြပါ။
မောင် ရှေ့ကိုတည့်တည့် လျှောက်မယ်လေ
မယ်လည်း တည့်တည့်လိုက်ကာ လျှောက်တယ်မောင်ရေ

သီးပွင့်ဖြိုးဝေ ရာသက်တိုင်လုံး ရွှင်ပျော်နေ။ (မြို့မညိန်း)
မင်္ဂလာမောင်မယ် တွံတေးသိန်းတန် မေဆွိ https://www.youtube.com/watch?v=HEWv0IiRc8c
ဒေါက်တာတင့်ဆွေ

Comments
Post a Comment