ရက်ကန်း ယက်ကန်း ကွန်ရက် ကွန်ယက်
ဆရာခင်ဗျား ယက္ကန်းလား ရက်ကန်းလား ယက်ဖွဲ့လား ရက်ဖွဲ့လား ကွန်ယက်လား ကွန်ရက်လားဆိုတာ အမှန်သိပါရစေခင်ဗျာ။
၁။ ရက်ကန်း ယက္ကန်း ရှင်းပြပေးပါဦးဆရာ
၂။ ဆရာ ဝတ်စုံရက်လုပ် ဝတ်စုံယက်လုပ် ရက်ကန်း ယက္ကန်း အမှန်သိပါရစေဆရာ
၃။ အထည်ယက်၊ အထည်ရက်၊ မှားတတ်ပါသေးတယ်ရှင်။
ရက်
ဆက်ရက်ငှက်
ဇရက်ငှက်
ထရံရက်
ထရံရက်သည်
ဖျာရက်သည်
မစားရက် မသောက်ရက်
မုဒရက်သီး
ရက္ခိုက်
ရက်ကန်းစင် (ယက်ကန်းစင် မူကွဲ)
ရက်ကန်းရက်
ရက်ကန်းရှယ်
ရက်ချိန်းပေးသည်
ရက်ချုပ်
ရက်စုံသတ်သည်
ရက်စက်သည်
ရက်တက်ရည်
ရက်မ
ရက်မလျှို
ရက်ခြာဖျား
ရက်ရာဇာ
ရက်လည်ဆွမ်း
ရက်သတ်
ရက်ဖောက်တန်း
ရက်ဖောက်ယောက်
ရက်ရောသည်
သရက်ချဉ်
သရက်ထည်
သရက်မြို့
သရက်သီး
ယက်
ဂယက်ရိုက်သည်
ဂယောင်ဂယက် (ဂယောက်ဂယက်)
ထွန်ယက်
ကြက်ယက်
ယက်၍ကူးသည်
ယက်ကန်ယက်ကန်
ယက်မန်းရည်
ယက်သဲ့ (ငါးဖမ်းကိရိယာ)
ယက်ကြောင်း
လုယက်သည်
ရေယက်
ရွှေကြက်ယက်
ရွှေယက်ပြား
လေယက်
ကွန်ရက် နဲ့ ကွန်ယက်က အင်္ဂလိပ်စာလုံး နက်ဝပ်ကို ဘာသာပြန်ထားတာထင်ပါတယ်။ ပိုက်ကွန်ရက်လုပ်ထားသလို သဘောဖြစ်လို့ ကွန်ရက်လို့ရေးနေကြပါတယ်။ ဒါပေမယ့် အရင်သတ်ပုံစာအုပ်တခုမှာ ဇာထိုးတဲ့ပုံစံကို ကွန်ချာ၊ ကွန်ရွက်၊ ကွန်ယက်လို့ ရေးပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment