Cat's color theory ကြောင်အရောင် သီအိုရီ

ကြောင်ဖြူ ကြောင်မဲက အဓိကမကျပါဘူး၊ ကြွက်ဖမ်းတတ်ဖို့ပဲလိုပါတယ်။ တန့်ရှောင်ဖိန်လို့ ကွန်မင့်တခုရေးပါတယ်။

သခိုးဘယ်လိုရေးမလဲပို့စ်အောက်မှာဖြစ်တယ်။ သတ်ပုံကအရေးမကြီး နားလည်ဖို့သာ အရေးကြီးတယ်လို့ ရေးတဲ့သူက ဆိုချင်ပုံရတယ်။

ဒန်ရှောင်ပင် သီအိုရီဆိုတာ ရှိတယ်။ ဒန်နဇင်လို့လည်း ခေါ်တယ်။ တရုပ်နိုင်ငံရေးနဲ့ စီးပွါးရေးဆိုင်ရာအမြင်တွေ ဖြစ်တယ်။ မာ့စ်နဲ့ မော်စီတုန်းတို့ရဲ့ ကွန်မြူနစ်အိုင်ဒီယော်လော်ဂျီကိုလည်း ဆက်လက်ဆုပ်ကိုင်ထားပြီး ဆန်းသစ်တဲ့ အတွေးအမြင်တွေပါတဲ့ အတွဲလိုက်ရှိတဲ့ အယူအဆဖြစ်ပါတယ်။ သူက တည်ရှိဆဲ လူမှုစီးပွါးရေး အခြေအနေပေါ်မှာ တည်ဆောက်ရေးအတွက် အခြေပြုစရာ လမ်းညွှန်ချက် ဖြစ်တယ်။ တရုပ်ပြည်ကို ပြင်ပကမ္ဘာနဲ့ တံခါးဖွင့်စေတယ်။ တရုပ်တနိုင်ငံတည်းမှာ စနစ်နှစ်ခုတွဲရှိရေးပေါ်လစီပါတယ်။ အမှန်တရားကို ဖက်စ် ခေါ် အချက်အလက်မှန်ပေါ်မှာ အခြေခံဘို့ဖြစ်တယ်။ နိုင်ငံရေးနဲ့ စီးပွါးရေးမှာ ပရက်ဂမက်တစ်ဇင် ခေါ် လက်တွေ့ကျတဲ့အမြင်နဲ့ ရှုမြင်တာဖြစ်ပါတယ်။

ကြောင်ဆိုတာ ဖြူဖြူ မည်းမည်း ကြွက်ခုတ်တတ်ဘို့က အဓိကကျတယ်လို့ဆိုလိုတယ်။ အတိအကျပြောရရင် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့က ကွန်မြူနစ်လူငယ် ညီလာခံမှာပြောကြားခဲ့တဲ့မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့တာဖြစ်တယ်။ လူတွေဟာ တော်လှန်ရေးသမား ဖြစ်တာ မဖြစ်တာကို အလေးမထားဘဲ၊ ဆိုရှယ်လစ်စီးပွါးရေးအောက်မှာ ထိထိရောက်ရောက် ဖြစ်ဖြစ်မြောက်မြောက် စွမ်းဆောင်တတ်ဘို့သာလိုတယ်လို့ ပြောခဲ့တာ။

မန်ဒရင် ခေါ် တရုပ်စကားမှာ သတ်ပုံမှားရေးနေကြလို့ အဲလိုပြောတာ မဟုတ်ပါ။

နောက်ထပ်ပုံပြင်တခုက သိုးရေခြုံထားတဲ့ဝံပုလွေ။ သိုးတွေကို လှည့်ဖျားစားလိုတဲ့ သိုးရေခြုံထားတဲ့ဝံပုလွေဟာ နောက်ဆုံးတော့ ဒါးချက် မိသွားရရှာတယ်။ သိုးစားရတာလိုရင်းလို့ သင်ခန်းစာ မယူသင့်ကြောင်းပါ။

ဒေါက်တာတင့်ဆွေ
၁၆-၁၁-၂ဝ၁၇
၁၆-၁၁-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး