Wuhan Virus တရုပ် ဝူဟန် ဗိုင်းရပ်စ် သတင်း အဆက်

တရုပ်ပြည်အလယ်ပိုင်း ဝူဟန်မြို့မှာဖြစ်နေတဲ့ ဗိုင်းရပ်စ်အသစ်ကနေ လူပေါင်းများစွာကို ကူးစက်ထူးပြီး ဖြစ်နိုင်လို့ ကနေ့သတင်း ထပ်ထွက်ပါတယ်။

ဓါတ်ခွဲခန်း အတည်ပြုချက်ရထားသူ လူနာ ၄၁ ယောက်ရှိတယ်။ ဒါပေမဲ့ ယူကေပညာရှင်တွေက ၁၇၀၀ အထိ ရှိနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

ဒီဇင်္ဘာလထဲက လူနာ ၂ ယောက် သေဆုံးပြီးပြီ။

စင်္ကာပူနဲ့ ဟောင်ကောင်လေးဆိပ်တွေကနေ စောင့်ပြီးစစ်ဆေးနေတယ်။ ယူအက်စ် ဆန်ဖရန်စစ်စကို၊ အယ်လ်အေ နဲ့ နယူးယောက်လေဆိပ်တွေကနေလည်း စစ်ဆေးနေတယ်။

ထိုင်းမှာ ၂ ယောက်နဲ့ ဂျပန်မှာ ၁ ယောက် တွေ့ထားပြီ။

4-1-2020 Wuhan pneumonia ဝူဟန် နူမိုးနီးယား https://doctortintswe.blogspot.com/2020/01/wuhan-pneumonia.html

11-1-2020 Wuhan ဝူဟန် ဗိုင်းရပ်စ် သတင်းအဆက် https://doctortintswe.blogspot.com/2020/01/wuhan.html

ဒေါက်တာတင့်ဆွေ
၁၇-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး