Wuhan ဝူဟန် ဗိုင်းရပ်စ် သတင်းအဆက်

တရုပ်ပြည်ဝူဟန်မြို့ကစတဲ့ ဗိုင်းရပ်စ်ကနေဖြစ်တဲ့ ကူးစက်ရောဂါ။ အခုထိ လူ ၅၉ ကိုကူးစက်ပြီးပြီ။ ၇ ယောက်က အခြေအနေဆိုးတယ်။ နူမိုးနီးယား ခေါ် အဆုတ်ရောင်ရောဂါရစေတယ်။

အသစ်တွေ့တဲ့ ပိုး။ Coronavirus အမျိုးအစားဖြစ်တယ်။ အဲဒီအုပ်စုမှာ နံပတ် ၇ ဖြစ်လာတယ်။

၂၀၀၂ တုန်းက တရုပ်ပြည်မှာ လူပေါင်း ၇၇၄ ယောက်သေဆုံးခဲ့တဲ့ Severe acute respiratory syndrome (Sars) ကလည်း ဒီအုပ်စုထဲက ဗိုင်းရပ်စ်ဖြစ်တယ်။ အဲဒီတုန်းက လူ ၈၀၉၈ ယောက်ကူးစက်ခံရတယ်။

Sars ပိုးက civet cat ကြောင်ကနေ လူကိုကူးစက်တယ်။

၂၀၁၂ တုန်းက အရှေ့အလယ်ပိုင်းမှာဖြစ်ခဲ့တာက Middle East respiratory syndrome (Mers) ဖြစ်တယ်။ ၂၄၉၄ ယောက်ဖြစ်ပြီး ၈၅၈ ယောက် သေဆုံးခဲ့တယ်။ Mers က dromedary camel ကုလားအုတ်ကနေ လူကိုကူးတယ်။

အခုတရုပ်မှာဖြစ်တာက ဝူဟန်မှာရှိတဲ့ Seafood Wholesale Market ပင်လယ်စာတွေ လက်ကားရောင်းတဲ့နေရာက စတယ်။

ဝူဟန်မှာ လူ ၁၅၀ ကို စစ်ဆေးစောင့်ကြည့်နေတယ်။ အခုထိတော့ လူကနေ လူကို မကူးစက်သေးပါ။ အခုပိုးကြောင့် အအေးမိသလိုကနေ သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၁-၁-၂၀၂၀
ည ၁၁ နာရီ ၂ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး