Thick Blood သွေးပျစ်ခြင်း


၁။ ဆရာမဂ်လာပါကျွန်တော့်အသက် ၃၀ပါ ၃၁-၈-၂၀၁၉  ရက်နေ့မှာ ကျွန်တော်လေဖြတ်သွားပါတယ် ဘယ်ဘက်တခြမ်း ကောင်းစွာမလှုပ်ရှားတော့ပါ ဖြစ်ဖြစ်ခြင်းဆေးယုံသွားပါတယ် ct scan ရိုက်ပါတယ် ထူးခြားမူမတွေ့ရပါဘူး သွေးစစ် ဆီးစစ်တော့ သွေးပြစ်တယ်ပြောတယ်ဆရာ သွေးတွင်းအဆီဓာတ်များတယ်ပြောတယ် နှလုံးက သွေးကြောအနည်းငယ် ကျဉ်းတယ်ပြောတယ် သောက်ဆေးက asprin 800 နှင့် atorvastatin 20mg သောက်ခိုင်းပါတယ် လေ့ကျင့်ခန်း လုပ်ခိုင်းပါတယ် ကျွန်တော်ခု ၅လကျော်နေပါပြီ မသက်သာလို့ပါ ဘာဆက်လုပ်ရမလဲခင်ဗျ သူတို့ဆီဆက်ပြတော့ သွေးတွေဆီးတွေပဲပြန်စစ်ခိုင်းပါတယ်

၂။ ကျေးဇူးပါဆရာ ကျနော်လည်း သွေးပျစ်တယ်ဆရာ။

၃။ ကျမတို့လိုသွေးပျစ်သူတွေအတွက် သိထားသင့်တာပေါ့နော်။ နေ့စဉ်နံနက် အက်စပီလက်တလုံးဆို လုံလောက်ပါရဲလားရှင်။

Thick blood သွေးပျစ်နေတာကို hypercoagulability လို့လည်းခေါ်တယ်။ Antiphospholipids နဲ့ Hughes Syndrome နာမည်တွေနဲ့လည်း ခေါ်ပါတယ်။ သွေးခဲစနစ်ချို့ယွင်းနေတယ်။ သွေးကရှိရမှာထက်ပိုပျစ်နေရင် သွေးစီးလျှောက်တာမှာ နှေးစေတယ်။ အောက်စီဂျင်လိုသလောက်မရဖြစ်မယ်။ အာဟာရဓါတ်တွေ၊ ဟော်မုန်းတွေလည်း အတူတူပဲဖြစ်မယ်။ အဲတာတွေနည်းတဲ့ ခံစားရမှုတွေရှိလာမယ်။

သွေးဆိုတာ သွေးကြောကနေထုတ်ယူလိုက်တာနဲ့ ခဲရမယ်။ သွေးခဲအောင် Thrombin ခေါ်တဲ့ သွေးအင်ဇိုင်းကနေ လုပ်ပေးနေတယ်။ သွေးကိုခဲစေပြီးတာနဲ့ သူ့အလုပ်ကရပ်တန့်သွားတယ်။ ဒါပေမယ့် နာတာရှည်ရောဂါရှိနေရင်တော့ သွေးခဲမှုကအဆုံးမသတ်သေးပဲ (ဖိုင်ဘရင်) အလွှာလေးကို သွေးကြောနံရံမှာလာစုဝေးစေတယ်။ အဲတော့ သွေးစီးလျှောက်မှုကို ပိုဆိုးစေတယ်။ ဆောရီး။

ဘာတွေခံစားရမလည်း
သွေးကိုထုတ်ယူတာနဲ့ မတူတာကိုမြင်ရမယ်။ သွေးကြောထဲကနေသွေးထွက်တာ နှေးနေမယ်။ ဟော်မုန်းနည်းတာ၊ အဟာရဓါတ်နည်းတောတွေနဲ့ အောက်စီဂျင်နည်းတာတွေ ခံစားရမယ်။ အမျိုးသမီးဆိုရင် ကိုယ်ဝန်ခဏခဏပျက်မယ်။
Chronic Fatigue Syndrome, Candida, or Irritable Bowel Syndrome နာတာရှည် ရောဂါလက္ခဏာအစုအဝေး တခုခုရှိနေနိုင်တယ်။

ကိုယ်ကနေအလိုလိုထုတ်ပေးနေတဲ့ သွေးကျဲအစွမ်းအားနည်းနေမယ်။ ရောဂါပိုးဝင်လွယ်မယ်။ နှလုံးမှာ လိုတာထက် ပိုအလုပ်လုပ်ရလို့ပင်ပန်းမယ်။ နှလုံးအတက်နဲ့ ဆထုပ်တွေကိုရလာစေနိုင်တယ်။ ကိုလက်စထောများနေသူထက်ပိုပြီး အဲလိုနောက်ဆက်တွဲတွေဖြစ်စေနိုင်တယ်။

ဘာလို့ဖြစ်ရသလည်း။ (ကောကေးဆပ်) ခေါ် အသားဖြူလူမျိုးတွေမှာ ပိုဖြစ်တယ်။ မျိုးဗီဇအားနည်းချက်ရှိနိုင်တယ်။ ရောဂါပိုးတွေကနေ စေ့ဆော်တာလည်းဖြစ်နိုင်တယ်။ အလေးစားဓါတ်သတ္တုအဆိပ်သင့်ခြင်း၊ စိတ်ဖိအားများခြင်း၊ စိတ်ဒဏ်ရာရခြင်းတွေကိုလည်း ထည့်စဉ်းစာရတယ်။

ဘယ်လိုနေထိုင်စားသောက်မလည်း

၁။ သင့်တဲ့အစာအာဟာရ = နှမ်းကြပ်စေ့၊ ပြည့်ဝဆီ၊ အော်ဂဲနစ် ဗားဂျင်း စားအုန်းဆီ၊ ဆန်လုံးညို၊ ပန်းသီး၊ ဖယုံသီး၊ အိုမီဂါ-သရီး၊ ပင်လယ်ငါး၊ ငါးကြီးဆီ၊ ထောပတ်သီး၊ အစေ့အဆံတွေ။

၂။ မသင့်တဲ့အစားအစာတွေ = ရိုးရိုးသကြား၊ ပေါင်မုန့်ဖြူ၊ ပါစတာ၊ ကူကီးစ်၊ ကိတ်မုန့်၊ ခရက်ကာမုန့်။ အရက်၊ ဒိန်ခဲ၊ ကေဖင်းများခြင်း၊ ကာဗွန်ထည့်ထားတဲ့သောက်စရာတွေ၊ မှို၊ ပစ်ကယ်လ်ခေါ် အချဉ်တည်တာတွေ၊ ဟင်းချိုမှုံ့၊ ကြက်သားမှုံ့၊ မုန့်ဖုတ်ဆော်ဒါနဲ့လုပ်တဲ့မုန့်တွေ၊ ဘေကွန် ဝက်ပေါင်ခြောက်၊ ထရန့်စ်အဆီနဲ့လုပ်တဲ့အစားအစာတွေ။

၃။ ကိုယ်လက်လေ့ကျင်ခန်းလုပ်ပါ။

ဆေးများ
၁။ Heparin ဟက်ပရင်ဆေး၊
၂။ Warfarin (Coumadin) ဝါဖရင်ဆေး၊
၃။ Aspirin အက်စ်ပရင်ဆေး၊

ဖြည့်စွက်ဆေးများ -
- Magnesium Supplements မက်ဂနီဆီယမ်အားဖြည့်ဆေး၊
- Mineral Vitamin Supplements ဗီတာမင် + ဓါတ်ဆားအားဆေး၊
- Vitamin C ဗီတာမင်စီ၊
- Omega-3 Fish Oil အိုမီဂါ-သရီးဆေး၊
- Nattosyn Supplements အားဆေး၊
- B-12 Methylcobalamin ဗီတာမင် ဘီ-၁၂ တေး၊

ဆေးတွေတခုခြင်းကို ဘလော့မှာ ဖတ်လိုကဖတ်နိုင်ပါတယ်။

After Stroke လေဖြတ်ပြီးနောက် https://doctortintswe.blogspot.com/2019/02/after-stroke.html

ဒေါက်တာတင့်ဆွေ
၂ဝ-၂-၂ဝ၁၆
၉-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး