Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း

ကန်တော့။ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။ 

ဆရာရှင့် မေတ္တာရပ်ခံပါရစေရှင်။ ကျွန်မ ယခုနှစ်(2017) ထဲမှာ Pap smear ယူခဲ့တုန်းက အဖြေဖြစ်တဲ့ Inflammatory smear, Pap grade II with Candida & Bacterial infection ဆိုတာ ဆရာ့ပြန်စာထဲက ဘယ်ရောဂါအမျိုးစားနှင့် ကိုက်ညီလဲဆိုတာ ပြန်ဖြေကြားပေးနိုင်မလားရှင်။ ရောဂါအမျိုးစားသိမှ ဆရာ့ စာထဲကအတိုင်း ဆေးကုသရအောင်ရယ်ပါ ဆရာ။ ကိုယ်တိုင်ခွဲခြားဖို့ အနည်းငယ်ရှုပ်ထွေးနေရလို့ပါရှင်။ ကျေးဇူးတင်ပါတယ်ရှင်။ အစဉ်လေးစားလျက်။

ဆေးစာအဖြေ = ကင်ဒီဒါ နှင့် ဗက်တီးရီးယားပိုးဝင်ခြင်း။ ကင်ဒီဒါကို ဖန်းဂတ်စ် ရိစ် မှိုလို့လည်းခေါ်တယ်။

မွေးလမ်းကြောင်းပိုးဝင်တာကို Vaginitis ဗဂျိုင်းနားရောင်ခြင်းလို့လည်းခေါ်တယ်။ Vulvovaginitis မိန်းမကိုယ် + ဗဂျိုင်းနားရောင်ခြင်းလည်းရှိတယ်။ ဖြစ်စေနိုင်တဲ့ ပိုးအမျိုးအစား ၅ မျိုးရှိတယ်။ ရိစ်၊ ဖန်းဂတ်စ် ခေါ် မှို၊ ထရွိုင်ကိုမိုးနပ်စ်၊ ပရိုတိုဇိုးဝါး၊ ကဲလ်မီဒီးယား၊ ဗက်တီးရီးယား၊ တခြားဗက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေဖြစ်တယ်။

ဓါတုဆေးတွေကြောင့်လဲ ဖြစ်စေနိုင်တယ်။ ဖြစ်တဲ့နေရာတွေမှာသုံးတဲ့ ခရင်မ်၊ စပရေး၊ အတွင်းခံတွေမှာ ပါနိုင်တယ်။ ဟော်မုန်းအပြောင်းအလဲကြောင့်လည်းဖြစ်တယ်။ ဥပမာ သွေးဆုံးချိန်။ သွေးဆုံးချိန်မှာ မွေးလမ်းရောဂါတမျိုး တိုးလာနိုင်တယ်။ မသင့်တာ မတည့်တာတွေကြောင့်လဲ ဖြစ်တယ်။ ရောဂါပိုးအတွက်သုံးတဲ့ ပဋိဇီဝဆေးကြောင့်လည်း ဖြစ်တယ်။ ဆီးချိုရှိနေရင်လည်းဖြစ်တယ်။ အရက်အသောက်များသူတွေနဲ့ စတီရွိုက်ဆေးသုံးသူလည်းဖြစ်တယ်။ ကိုယ်ခံအား နည်းနေသူမှာလည်း ဖြစ်တယ်။ လိင်ဆက်ဆံရာကနေလည်း ကူးစက်နိုင်တယ်။ ကူးစက်ရောဂါမဟုတ်တဲ့ ထိခိုက်ဒဏ်ရာရသူ၊ ပွန်းပဲ့နေသူ၊ အတွင်းခံတင်းကြပ်နေအောင် ဝတ်သူတွေမှာလည်း ဖြစ်တတ်ပါ။

၁။ Chlamydia ကဲလ်မီဒီးယား မွေးလမ်းကြောင်းရောင်ခြင်း၊
STD/STI လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေထဲမှာ Chlamydia trachomatis က အဖြစ်အများဆုံးပါ။ ပိုးရှိနေပေမဲ့ လက္ခဏာမပြသူတွေ ရှိတယ်။ တချို့ အဖြူဆင်းမယ်။ တချို့ လိင်ဆက်ဆံပြီးချိန် သွေးနဲနဲဆင်းမယ်။ အသက် ၃ဝ အောက် အဖြစ်များတယ်။ အထူးသဖြင့် လိင်ဆက်ဆံဖက် များသူတွေမှာ ဖြစ်တယ်။ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာ ဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ သားအိမ်အဝမှာ အဖြစ်များတယ်။ ဆင်းတာက ပြည်လိုနေတယ်။ နည်းနည်းဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်း အရောင်လည်း ဖြစ်နိုင်တယ်။ အမြှုတ်လိုလည်း ရှိတတ်တယ်။ ယားမယ်။ အနံ့ဆိုးတယ်။ သွေးနည်းနည်းစွန်းနိုင်တယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။

၂။ Vaginal fungal infection ဖန်းဂတ်စ် ရိစ် မှိုပိုးဝင်ခြင်း
Candida albicans ပိုးကနေဖြစ်တယ်။ လိင်ကတဆင့် မဟုတ်တာရော ဟုတ်တကာကနေ ကူးနိုင်တယ်။ အမျိုးသမီး ၂၀ % လောက်မှာဖြစ်ကြရတယ်။ အဖြစ်များတယ်။ အဖြူပျစ်ပျစ်ကနေ ဒိန်ခဲလို အဖတ်အဖတ် ဆင်းတတ်တယ်။ အရည်ကျဲလည်း ဆင်းနိုင်ပေမဲ့ အနံ့မရှိဘူး။ ယားမယ်၊ ဖြစ်တဲ့ နေရာမှာ နီရဲနေမယ်။ ရောဂါ တခုခုကြောင့် ပဋိဇီဝဆေးသောက်တော့ မွေးလမ်းထဲမှာ နဂိုရှိနေတဲ့ မိတ်ဆွေ-ပိုးတွေပါ သေစေတာကြောင့် မှိုဝင်တတ်တယ်။

ကုသဘို့ရာ
• Clotrimazole 1% ခရင်မ်၊ ဒါမှမဟုတ် Miconazole 2% ခရင်မ်၊ ၃-၇ ရက်၊ ဒါမှမဟုတ် Fluconazole 150 mg စားဆေး၊ Clotrimazole မွေးလမ်းထဲထည့်ဆေး၊ 100 mg ၆-၇ ညထည့်ပါ။ 200 mg ၃ ညထည့်ပါ။ Monistat; Femizol; Vagistat; M-Zole; Micatin; Lotrimin နာမယ်တွေနဲ့ ရောင်းတယ်။ ရာသီလာချိန်မှာလည်း သုံးနိုင်တယ်။
• Nystatin 100,000 IU, Nystatin Ointment လိမ်းဆေး၊ ထည့်ဆေးတွေကိုလည်း သုံးတယ်။
• ခဏခဏဖြစ်သူတွေ Diflucan Fluconazole 150 mg တခါတည်းသောက်ပါ။ လိုအပ်ရင် ရက်ပိုပေးပါတယ်။ Nystatin Bio-Statin, Mycostatin, Pastilles, Nilstat, Nyamyc, Nystex, Nystop, Pedi-Dri စားဆေး၊ 400,000 to 600,000 units တနေ့ ၄ ကြိမ်သောက်ပါ။

မွေးလမ်းကြောင်း မှိုရောဂါအတွက် လိမ်းဆေးတွေထဲမှာ Miconazole Monistat-7, M-Zole နဲ့ Clotrimazole တွေက ၈၅-၉ဝ% ပျောက်မယ်။ Nystatin ဆေးက ၇၅-၈ဝ% ပျောက်မယ်။ လိမ်းဆေးတွေနဲ့ မရသေးရင် သောက်ဆေးတွေက Fluconazole နဲ့ Itraconazole ဖြစ်တယ်။ ၃-၅ ရက်သောက်ရင် ၈ဝ% ပျောက်မယ်။ အသဲ မကောင်းရင် သတိထားရမယ်။ ခဏခဏ ပြန်ဖြစ်သူတွေက Fluconazole နဲ့ Itraconazole သောက်ဆေးရယ် Clotrimazole ထည့်ဆေးရယ်ကို ၆ လကြာ သုံးရတတ်တယ်။ ကိုယ်ဝန်ရှိနေချိန်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီကြားထဲ လိင်ဆက်ဆံတာ ရှောင်နေတာ ကောင်းတယ်။ မွေးလမ်းနေရာ ခြောက်သွေ့စေပါ။ အနေတော် ကော်တွန် အတွင်းခံသာ သုံးပါ။ ရေဆေးရင် လက်ကို ရှေ့ကနေ နောက်ဆီကိုသာ တလမ်းသွား လုပ်ပါ။ ဆပ်ပြာ အဆန်းတွေ ဆေးအဆန်းတွေ မသုံးပါနဲ့။ Tampons, Pad ရာသီလာတာအတွက်သုံးတဲ့ မွေးလမ်းထည့်ပစ္စည်း၊ Diaphragms ကိုယ်ဝန်တား-ပစ္စည်း သုံးတာ အချိန် မကြာစေနဲ့။ အချိုလျှော့စားပါ။ အရက် လျှော့ပါ ရှောင်ပါ။ ဆေးတွေအပြင် Sitz baths ခေါ်တာမျိုး လုပ်နိုင်တယ်။ ရေ ၁ ဂါလံထဲမှာ Vinegar ဇွန်းသေးလေး တဇွန်းထည့်ပြီး မွေးလမ်းတဝှိုက်ကို ဆေးတာမျိုး လုပ်နိုင်တယ်။ Yogurt စားတာကောင်းတယ်။ ဖြစ်စေတဲ့အကြောင်းကို မကုဘဲ-မဖယ်ဘဲတော့ မရပါ။ ယားလို့ ကုပ်ရအထိ ဖြစ်ရင် Calamine lotion အယားသက်သာဆေး၊ Xylocaine ointment ထုံဆေး တခုခု လိမ်းနိုင်တယ်။ ဒါလည်း ရောဂါ ဖြစ်စေတာကို ကုတာ မဟုတ်ပါ။

၂။ Trichomoniasis ပရိုတိုဇိုးဝါး ထရွိုင်ကိုမိုးနပ်စ်
လိင်ကတဆင့် ကူးစက်တယ်။ မွေးလမ်းကနေ ဆင်းတာက အမြှုတ်လိုနေမယ်။ ခပ်စိမ်းစိမ်း၊ ခပ်ဝါဝါအရောင်ရှိမယ်။ အနံ့ရှိမယ်။ ယားမယ်။ နာမယ်။ ပူလောင်မယ်။ ဆီးပူ-ဆီးအောင့်ဖြစ်မယ်။ ရာသီလာအပြီး ပိုဆိုးတယ်။ ပျို့-အန်တတ်တယ်။ လိင်ဆက်ဆံဘက်ကိုပါ ရောဂါလက္ခဏာပြပေမဲ့ တခါတည်း ဆေးကုရမယ်။

Metronidazole မက်ထရိုနိုက်ဒဇိုး ဆေးဟာ နာမည်တွေလည်း များတယ်။ Flagyl, MetroCream, MetroGel, MetroGel-Vaginal, MetroLotion, Noritate, Vandazole တွေဖြစ်တယ်။ Metronidazole 2 Gm တခါတည်းသောက်။ တချို့က ဆေးမခံနိုင်ဘူး။ တဝက်စီ ၂ ခါခွဲပြီးဖြစ်ဖြစ်ပေးနိုင်တယ်။ ပျို့-အန်တတ်တယ်။ အစားပျက်တယ်။ ဆေးနဲ့ အရက် မတွဲရဘူး။ Metronidazole 500 mg တနေ့ ၂-၃ ကြိမ် ၇ ရက်၊ လိင်ဆက်ဆံဘက်ကပါ သောက်သင့်တယ်။ ကွန်ဒွမ် သုံးပါ။ မဆက်ဆံမီ ရေဆေးပါ။ ရေကူးကန်မှာ ရေမကူးပါနဲ့။ အတွင်းခံ သူများနဲ့ လည်းမဝတ်ပါနဲ့။ တခါသောက် 250 mg တနေ့ ၃ ကြိမ်၊ ဒါမှမဟုတ် တခါသောက် 375 mg တနေ့ ၂ ကြိမ်။ Clotrimazole Gyne-Lotrimin, Mycelex-7 မွေးလမ်းထည့်ဆေး ညတိုင်း ၇ ရက်ထည့်ပါ။

၎။ Bacterial Vaginosis Hemophilus, Gardnerella ဗက်တီးရီးယားကြောင့် မွေးလမ်းကြောင်း ရောင်ခြင်း၊
ကြည်တဲ့ ဖြူဝါတဲ့ အနံ့ဆိုးတဲ့ အရည်ဆင်းတယ်၊ နွားနို့လို ခပ်ကျဲကျဲ ဆင်းမယ်။ ငါးညှိနံ့ရမယ်။ ယားမယ်၊ လိင်ဆက်ဆံ ပြီးရင် ပိုဆိုးတယ်။ နောက်ဆက်တွဲ အဖြစ် PID တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်တာဖြစ်နိုင်တယ်။ ကိုယ်ဝန်ရှိရင် ရေမြွှာအိတ် ရောင်တာ၊ သားအိမ်ရောင်တာ ဖြစ်စေမယ်။

• Metronidazole 2 g တခါတည်းသောက်။ တချို့က ဆေးမခံနိုင်ဘူး။ ပျို့-အန်တတ်တယ်။ အစားပျက်တယ်။
• Metronidazole 500 mg တနေ့ ၂-၃ ကြိမ် ၇ ရက်၊
• Clindamycin cream 2% ညအချိန်၊ ၇ ရက် မွေးလမ်းထဲထည့်ပါ။
• Clindamycin 300 mg တနေ့ ၂ ကြိမ် ၇ ရက်သောက်ပါ။
• ကိုယ်ဝန်ဆောင်နေချိန်မှာဖြစ်ရင် Metronidazole 0.75% ကို မွေးလမ်းကြောင်းထဲကို တနေ့ ၂ ကြိမ်၊ ၅ ရက်ထည့်ပါ။
Bacterial vaginosis ဗဂျိုင်းနား ဗက်တီးရီးယား ဝင်ခြင်း ဖြစ်နေရင် Metronidazole Flagyl နဲ့ Clindamycin Cleocin တွေသောက်ရမယ်။

၅။ Viral ဗိုင်းရပ်စ်
Genital Herpes လိင်ကတဆင့်ကူးစက်မယ်။ နာမယ်၊ အနာ ရေယုံ ပေါက်မယ်။ ဗိုင်းရပ်စ်ဖြစ်လို့ သူ့ကိုနိုင်တဲ့ဆေး မရှိသေးပါ။ သန့်ရှင်းရေးနဲ့ အနာသက်သာဆေးသာသုံးပါ။

၆။ Noninfectious ကူးစက်ရောဂါ မဟုတ်တာ
အသုံးအဆောင်ပစ္စည်း၊ ဆေးဝါးတွေနဲ့ ကိုယ်နဲ့ မတည့်-မသင့်လို့ဖြစ်တယ်။ မွေးလမ်း သန့်ရှင်းအောင် သုံးတဲ့ Vaginal sprays, douches ဖြန်းဆေး-ပန်းဆေးနဲ့ Spermicidal products သုတ်ပိုးသေဆးတွေကြောင့် ဖြစ်တတ်တယ်။ တချို့ Perfumed soaps, Detergents အမွှေးအကြိုင် ဆပ်ပြာတွေ မတည့်ဘူး။ တချို့ အဝတ်လျှော်သုံး Fabric softeners တွေနဲ့ မတည့်ဘူး။ ကိုယ်ဝန် မရအောင်ထည့်တဲ့ IUCD ထည့်သူ ၅% မှာ ပိုးဝင်တတ်တယ်။

၇။ Pelvic inflammatory disease PID ခေါ်တဲ့ တင်ပါးဆုံတွင်း အင်္ဂါတွေ ဖြစ်ကြတဲ့ သားအိမ်အဝ၊ သားအိမ်၊ သားအိမ်ပြွန်၊ မျိုးဥအိမ်တွေ ရောင်နိုင်တယ်။ ခဏခဏဖြစ်ရင် ကလေးမရတာ ဖြစ်စေနိုင်တယ်။ ယောက်ျားတွေ ဖြစ်ရင် လက္ခဏာ မပြသူတွေလည်း ရှိမယ်။ ပြရင် ဆီးအောင့်မယ်၊ ပူမယ်၊ Epididymitis အစေ့ထိပ်ရောင်လို့ နာမယ်။ ခဏခဏဖြစ်ရင် ကလေးမရ ဖြစ်နိုင်တယ်။ ကွန်ဒွမ် သုံးပါ။

• Azithromycin 1 Gm သောက်ပါ။ သို့
• Doxycycline 100 mg တနေ့ ၂ ကြိမ် ၇-၁၄ ရက်။
• Erythromycin 250-500-800 mg တနေ့ ၄ ကြိမ်၊ ၇-၁၄ ရက်။ သို့
• Ofloxacin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်၊ သို့
• Ofloxacin = 400 mg တခါတည်းသောက်ပါ။ သို့
• Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။

၈။ Allergies or Irritations တွေကြောင့် ဖြစ်တာဆိုရင် မသင်တာ-မတည့်တာတွေ မသုံးပါနဲ့တော့။ Antihistamine စားဆေး၊ လိမ်းဆေး လိုမယ်။ Cetirizine, Chlorpheniramine, Cinnarizine, Clemastine, Cyclizine, Desloratadine, Dexchlorpheniramine, Dimenhydrinate, Dimetindene, Diphenhydramine, Doxylamine, Ebastine, Embramine, Fexofenadine, Levocetirizine, Loratadine, Meclozine Hydrochloride, Olopatadine, Pheniramine, Promethazine, Quetiapine ဆေးတွေ ဖြစ်တယ်။

ဆရာဝန်မလိုတဲ့ အထောက်အကူနည်းတွေ
ရောဂတ် ဒိန်ချဉ် စားပေးသင့်တယ်။ အင်တီဟစ်တမင်း လိမ်းဆေး၊ ထုံဆေးလိမ်းရင် နာတာ၊ ယားတာ သက်သာစေမယ်။ Vinegar douches ဆိုတဲ့ ဗဂျိုင်းနား သန့်အောင်ဆေးကြောနည်း မသင့်ပါ။ မ-အင်္ဂါနေရာ သန့်ရှင်းရေးကို လိုတာထက် မပိုစေနဲ့။ ဗဂျိုင်းနားဟာ သူ့အလိုလို သန့်အောင်ကြိုးစားနိုင်တယ်။ မှိုတွေက စိုထိုင်းပြီး ပူနွေးတာကိုကြိုက်တယ်။ အတွင်းခံ ကော်တွန်သာသုံးပါ။ အတွင်းနေရာတွေကို လေသလပ်ချိန် လုပ်ယူပါ။ လိင်ဆက်ဆံတာမှာ အထူးသတိထားပါ။ ပဋိဇီဝဆေးကို လိုမှသာသုံးပါ။ သတိထားဘို့က တခါဖြစ်ဘူးလို့ ဆေးကုသပြီးပျောက်သွားပေမယ့် ပိုးထပ်ဝင်နိုင်တယ်။ ဆေးထပ်ကုရမယ်။ နာတာရှည်ဖြစ်သူတွေက ကလေးမရဖြစ်တတ်တယ်။ ဆောရီး။

1. Cervicitis သားအိမ်ဝ ရောင်ခြင်း https://doctortintswe.blogspot.com/2015/03/cervicitis.html
2. Chlamydia (ကဲလ်မီဒီးယား) အဖြစ်များဆုံး STD https://doctortintswe.blogspot.com/2014/12/chlamydia-std.html
3. Chlamydia and Gonorrhea ကဲလ်မီဒီးယား နဲ့ ဂနိုးရီးယား https://doctortintswe.blogspot.com/2015/06/chlamydia-and-gonorrhea.html
4. Condom and STDs (ကွန်ဒွမ်) သုံးပေမဲ့ ကူးနိုင်တဲ့ရောဂါတွေ https://doctortintswe.blogspot.com/2015/02/condom-and-stds.html
5. Gonorrhea ဂနိုရောဂါ https://doctortintswe.blogspot.com/2014/10/gonorrhea.html
6. HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://doctortintswe.blogspot.com/2014/12/hiv-sexual-transmission-hiv.html
7. Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ https://doctortintswe.blogspot.com/2015/04/honeymoon-cystitis.html
8. KTV-STD လိင်ကတဆင့်ကူးစက်ရောဂါတချို့  https://doctortintswe.blogspot.com/2017/01/ktv-std.html
9. Pelvic Inflammatory Disease PID အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း https://doctortintswe.blogspot.com/2015/07/pelvic-inflammatory-disease-pid.html
10. Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး https://doctortintswe.blogspot.com/2014/11/personal-hygiene-for-women_19.html
11. STD rates rise dramatically လိင်ကတဆင့်ကူးစက်ရောဂါ သိသိသာသာမြင့်တက်လာ https://doctortintswe.blogspot.com/2015/11/std-rates-rise-dramatically.html
12. STDs (2) Symptoms လိင်မှတဆင့် ကူးစက်သော ရောဂါများ၏ လက္ခဏာများ https://doctortintswe.blogspot.com/2014/12/stds-2-symptoms.html
13. STDs (3) Medicines လိင်မှတဆင့် ကူးစက်သောရောဂါများ လက္ခဏာများနှင့် ဆေးနည်းများ https://doctortintswe.blogspot.com/2014/12/stds-3-medicines.html
14. STDs and Condom ကွန်ဒွမ် သုံးပေမဲ့ ကူးနိုင်တဲ့ရောဂါတွေ http://doctortintswe.blogspot.com/2014/12/stds-and-condom_13.html
15. STDs Basic လိင်မှတဆင့် ကူးစက်သောရောဂါများအခြေခံ https://doctortintswe.blogspot.com/2014/11/stds-basic.html
16. STDs Treatment လိင်မှတဆင့် ကူးစက်သည့် ရောဂါဆေးများ https://doctortintswe.blogspot.com/2014/12/stds-4-treatment.html
17. STDs လိင်ကတဆင့်ကူးစက်ရောဂါတချို့ https://doctortintswe.blogspot.com/2014/12/stds.html
18. Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ http://doctortintswe.blogspot.com/2014/12/syphilis-tests.html
19. Syphilis Treatment ဆစ်ဖလစ် အတွက်ဆေးများ http://doctortintswe.blogspot.com/2014/12/syphilis-treatment.html
20. Syphilis ဆစ်ဖလစ် http://doctortintswe.blogspot.com/2014/12/syphilis.html
21. Vaginal Bleeding During Intercourse အတူနေစဉ် သွေးထွက်ခြင်း http://doctortintswe.blogspot.com/2014/11/vaginal-bleeding-during-intercourse.html
22. Vaginal discharge Q and A အဖြူဆင်းခြင်း အမေး-အဖြေ http://doctortintswe.blogspot.com/2014/11/vaginal-discharge-q-and.html
23. Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://doctortintswe.blogspot.com/2014/11/vaginal-itching.htm
24. Vaginal flora မွေးလမ်းကြောင်းမှာနေကြတဲ့ပိုးတွေ http://doctortintswe.blogspot.com/2016/04/vaginal-flora.html
25. Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း https://doctortintswe.blogspot.com/2014/11/vaginal-infections.html
26. Vaginal itching မိန်းမကိုယ် ယားခြင်း http://doctortintswe.blogspot.com/2014/11/vulvovaginitis.html
27. Vaginal odor ဗဂျိုင်းနား အနံ့ဆိုးနေခြင်း https://doctortintswe.blogspot.com/2014/11/vaginal-odor.html
28. VDRL ကာလသားရောဂါ စစ်ဆေးနည်းများ http://doctortintswe.blogspot.com/2014/12/vdrl-tpha.html
29. Vulvovaginitis အမျိုးသမီးအင်္ဂါ ရောင်ခြင်း http://doctortintswe.blogspot.com/2014/11/vaginal-itching.html
30. White discharge အဖြူဆင်းခြင်း http://doctortintswe.blogspot.com/2015/07/pelvic-inflammatory-disease-pid.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး