ဆူပါ အမှားများ

(ကန်တော့)

၁။ ဆူပါ စူပါ (ဆူပါက ပိုမှန်တယ်။)

၂။ သမီး သားအိမ်ဟာ အပေါ့သွားရင်လည်း ဘာမမဖြစ်ဘူး အလေးသွားရင်ဆူလာပါတယ်ဆရာ။ သမီး အပျိုပါ။ ချောင်းဆိုလည်း မဆူပါ။ (စူ)

၃။ ဆရာရှင့် သမီးရဲ့အမျိုးသားက လူကအရမ်းမဝပေမဲ့ ဗိုက်က သာမန်ထက်တော့ ဆူပါတယ်။ (စူ)

၎။ ကျွန်မသမီးလေးက ၄၈ရက်သားပါဆရာ။ သူ့ချက်ကလေးက အခုချိန်ထိ ဆူတက်နေပါတယ်ရှင့်။ (စူ)

၅။ ကျမသားလေးချက်က လက်တဆစ်လောက် ဆူထွက်လာပါတယ် (စူ)

၆။ ဂျပန် စူနာမီသတိပေးချက် (ဆူ)

၇။ စူပါမာကက်က ရောင်းတာတွေ ကင်ဆာဖြစ်နိုင်ပါသလား။ (ဆူ)

စ နဲ့ ဆ အသံ မကွဲတာတွေ အတော်တွေ့ရတယ်။ ဆူပါပါဝါလို့ အစဉ်အဆက် သုံးလာခဲ့ပါတယ်။ ဆူပါမားကက်၊ ဆူပါမင်း။ စူဆိုရင် နှုတ်ခမ်းစူတာမှာ သုံးတယ်။

စူ
စူကာသီး
စူလာနဖါပင်
စူဠာမဏိ (စူဠာမုဏိ)
စူဠာသမ္ဘဝ
နှုတ်ခမ်းစူသည်
စူစူအောင့်အောင့်
စူပုပ်

ဆူ
ဆူဆူပူပူမလုပ်ပါနှင့်
ဆူညံသံက နားအကြားကို ထိခိုက်စေနိုင်သည်
ဆူနာမီ၊
ဆူပါပါဝါ၊
ဆူပါမင်း၊
ဆူပါမွန်း
ဆူပါမာကက်၊
ဆူကြုံနိမ့်မြင့်မခွဲခြားသင့်
ဆူဖြိုးသည် (တကိုယ်လုံးပြည့်ဖြိုးသည်၊ စီးပွားရေးကောင်းသည်)
ဆူရှီးစားမလား
ဆူလွယ်နပ်လွယ်
ဘုရားတဆူ
ရေနွေးဆူနေပြီ

အင်္ဂလိပ်စာလုံးကနေ ယူရတာတိုင်းမှာ အတိအကျအသံထွက်မရတာက များတယ်။ အတတ်နိုင်ဆုံး နီးစပ်တာသာ ယူရတယ်။ အာထွာဆောင်းကို အာထွာစောင်းလို့ ရေးတာ ပြောတာ မှားတယ်။ အသံထွက်တဲ့ ဆောင်းဘောက်စ်ကို စောင်းဘောက်စ်လို့ မထွက်ကြဘူးထင်ပါတယ်။ မြန်မာစာလုံး စူနဲ့ ဆူတော့ မမှားသင့်ကြပါ။

ဆူနာမီ အသံထွက်နည်း How to Pronounce Tsunami https://www.youtube.com/watch?v=44t6As8ZjLQ
ဆူပါ အသံထွက်နည်း How to Pronounce Super https://www.youtube.com/watch?v=S_nWAklDFx4
ဆူပါစတား အသံထွက်နည်း How to Pronounce Superstar https://www.youtube.com/watch?v=VAvdEA-TXrc
ဆူပါမင်း အသံထွက်နည်း How to Pronounce Superman https://www.youtube.com/watch?v=mwiF2e1lhiU
ဆူပါမားကက် အသံထွက်နည်း How to Pronounce Supermarket https://www.youtube.com/watch?v=uuy1EYICD9w
အာထွာဆောင်း အသံထွက်နည်း How to Pronounce Ultrasounds https://www.youtube.com/watch?v=S7yxivwZGBA

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး