မြန်မာစာ အသံထွက် မေးခွန်း

မေးခွန်းမေးထာတာ ၃ ရက်လောက်တော့ရှိပြီ။ ဘယ်သူကမေးသလဲ လိုက်ရှာတာ အခုထိ မတွေ့သေးပါ။ အရင်ကလည်း မြန်မာစာအကြောင်း မေးဖူးတယ်။ နိုင်ငံခြားသားတွေကို မြန်မာစာသင်ပေးတဲ့ဆရာမတဦးဖြစ်တယ်။

မေးခွန်းအချို့မေးချင်လို့ပါဆရာ စည် နဲ့ ဆည် စာဖတ်တဲ့အခါအသံထွက်မတူပါဘူး ။ အသံထွက် တော်တော်များများ မတူရင်  ရေးတော့အမှန် ဖတ်တော့အသံလို့ပဲ ငယ်ငယ်ကသင်ခဲ့ဖူးတာပါ ယခုကြုံတွေ့နေတဲ့ ပြဿနာက နိုင်ငံခြားသားကို မြန်မာစာသင်ကြားပေးတဲ့ အခါမှာ အဲ့လို ရေးတော့အမှန် ဖတ်တော့အသံလို့ပဲပြောရင်အဆင်မပြေလှပါ ဒီလိုအခက်အခဲကြုံလာလျှင် ဘယ်လိုနည်းလမ်းနဲ့ဖြေရှင်းရပါသလဲ ဆရာ။

ဒုတိယမေးခွန်းက အည့် အည် အည်း ကို အိ အီ အီး လို့ ဖတ်လို့ရသလို၊ အည့် အည် အည်း ကို အေ့ အေ အေး ဟူ၍လည်း ဖတ်လို့ရတယ်လို့ စာအုပ်ထဲမှာရေးထားတာ တွေ့ရလို့ပါ ။ အည့် အည် အည်း ကို အေ့ အေ အေး လို့လည်း အသံထွက်လို့ရတယ်ဆိုတာနားမလည်လို့ပါဆရာ။

ကျွန်တော်လည်း မြန်မာစာကို နှိုက်နှိုက်ချွတ်ချွတ်မသင်ခဲ့ရပါ။ မလေ့လာလာရသေးပါ။ ဆောရီး။ စာလုံးပေါင်းနဲ့ အသံထွက်နည်းမှာ ပုံသေကားချ ပြောမရာတောတွေရှိတယ်။ ညသတ်ကို နမူနာပေးပါရစေ။

စည် ကို စီ သံထွက်တယ်။ စည်ကား။ စီ ကိုတော့ တယောက်စီ။ စီသံသာမာ ဇီသံလည်းထွက်တယ်။ ကိုယ်ဇီကိုယ်ငှ။
ဆည် ကို ဆယ်သံလည်းထွက်တယ်။ ဆည်မြောင်း။
တည် ကို တီ သံလည်းထွက်တယ်။ တည်ငြိမ်။ တယ် သံလည်းထွက်တယ်။ တည်ကြက်။ တည်သီး။
ထည် ကို ထယ်သံထွက်တယ်။ တည်ဝါ။
ဖည် ကို ဖယ်သံထွက်တယ်။ ဖည်ယမ်း။
မည် ကို မြည် (မြီ) သံထွက်တယ်။ သွားမည် လာမည်။ မယ်သံလည်းထွက်တယ်။ မည်မည်ရရ။
ရည် ကို ရီသံထွက်တယ်။ ရည်မှန်း။ ရည်ရွယ်။
လည် ကို လယ်သံထွက်တယ်။ လည်ပင်း။ လည်လည်ဝယ်ဝယ်။
သည် ကို ဿီသံထွက်တယ်။ သည်လူ။ သည်မိုး သည်လေ။

မေးခွန်းထဲပါ စာလုံးတွေက သင်ရိုးအရသာအသုံးကျပြီး လက်တွေ့မှာ စားလုံးတွေမရှိတာများနေတယ်။ အိ အီ အီး ရှိတယ်။
အည့် အည် အည်းလို့ မတွေ့ပါ။ အေ့ အေ အေး ရှိပြီး၊ အည့် အည် အည်း မတွေ့ဖူးပါ။ အေ့ အေ အေး ရှိပြီး၊ အည့် အည် အည်း မတွေ့ပါ။

ရေးတော့အမှန် ဖတ်တော့အသံထုံးကိုတော့ ထပ်ပြောပါရစေ။ ခေါင်းကိုက်လို့ရေးတာကို ဂေါင်းကိုက်လို့ဖတ်တာက ရေးတော့အမှန် ဖတ်တော့အသံနည်းနဲ့ ညီတယ်။ တစ်ခါတစ်ရံရေးထားတာကို တခါတရံအသံထွက်ခိုင်းတာက မညီပါ။

စာကောင်းကောင်းမတတ်ပါ ဆိုတာမှာ ပဌမကောင်းနဲ့ ဒုတိယကောင်း အသံထွက်မတူကြပါ။ အဲတာမျိုးကသာ ထုံးနည်းနဲ့အညီပြောတာ။

ဒေါက်တာတင့်ဆွေ
၅-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး