Dapoxetine

သုက်လွှတ်မြန်ခြင်းအတွက်ဆေး

Premature ejaculation ခေါ် သုက်လွှတ်မြန်တာအတွက် ပေးတဲ့ဆေးလို့ ဆိုပါတယ်။ SSRI စိတ်မကျဆေး အသစ်တမျိုးဖြစ်တယ်။

လူပေါင်း ၂၆၁၄ ယောက် ဆေးသုတေသနလုပ်တယ်။ တချို့က ၁ မိနစ်သာကြာလို့ သုက်လွှတ်အလွန်မြန်ကြပြီး တချို့က အသင့်အတင့်မြန်ကြတယ်။ ဆေးကို အတူမနေခင် ၁ နာရီကနေ ၃ နာရီစောတိုက်တယ်။ ၃ လနေတော့ ပြန်စစ်တယ်။ 30 mg ဆေးသောက်သူတွေက ပျမ်းမျှ ၂့၇၈ မိနစ်နေမှသာ သုက်လွှတ်ကြတယ်။ 60 mg ပေးသူတွေက ၃့၃၂ မိနစ် ကြာတယ်။ တခြားဆေးပေးသူတွေက ၁့၇၅ မိနစ်။

ဘေးထွက်သက်ရောက်မှုများ
ခေါင်းမူး၊ ခေါင်းကိုက်၊ ခေါင်းထဲပေါ့နေ၊ ဝမ်းပျက်၊ အိပ်မရ၊ ချွေးပြန်၊ စိတ်မငြိမ်၊ အတူနေချင်စိတ် နည်း၊ မျက်စိကြည့်မကောင်း။

ဆေးကို ပြီးခဲ့တဲ့နှစ်မှာ FDA က လက်မခံ ပယ်ချတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ