Presidents’ Day သမတများနေ့

လာမယ့်တနင်္လာနေ့မှာ ကျောင်းမသွားရပါ။ နှစ်စဉ် ဖေဖေါ်ဝါရီလ တတိယတနင်္လာနေ့ကို အမေရိကန်သမတများနေ့လို့ သတ်မှတ်ထားတယ်။ အမေရိကန်သမ ဂျော့ ဝါရှင်တန် မွေးနေ့ဖြစ်ပါတယ်။ သူ့မွေးနေ့က ၁၇၃၂ ခုနှစ် ဖေဖေါ်ဝါရီ (၂၂) ရက်ပါ။ လင်ကွန်းက ဖေဖေါ်ဝါရီ (၁၂) ရက်မှာမွေးပါတယ်။ ဗြိတိသျှနယ်ချဲ့ကနေ မြန်မာနိုင်ငံတပြည်လုံးကို ကိုလိုနီပြုခဲ့တဲ့ ၁၈၈၅ ခုနှစ်မှာပဲ အမေရိကန်ပြည်ထောင်စုမှာ သမတ ဂျော့ခ်ျ ဝါရှင်တန်ကို ဂုဏ်ပြုတဲ့အနေနဲ့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

သူတို့ဆီမှာ သမတပုံတွေကို ငွေစက္ကူတွေမှာ အသုံးပြုထားတယ်။ ဂျော့ဝါရှင်တန်ပုံကို ၁ ဒေါ်လာတန်၊ လင်ကွန်းပုံကို ၅ ဒေါ်လာတန်၊ အင်ဒရူးဂျက်ဆင်ပုံကို ၂ဝ တန်နဲ့ ဘင်ဂျမင်ဖရင့်ကလင်ပုံကို ၁ဝဝ တန်မှာ သုံးထားပါတယ်။ တခါမှ မပြောင်းလဲပါ။ ကျွန်တော်တို့ဆီမှာသာ ပုံတွေပြောင်းလိုက်၊ ဂဏန်းတွေပြောင်းလိုက်၊ သတ်ပုံတွေပြောင်းလိုက်။

မြန်မာနိုင်ငံ သမတများ
၁။ စဝ်ရွှေသိုက်၊ ၄-၁-၁၉၄၈  မှ ၁၆-၃-၁၉၅၂ (၄ နှစ် ၇၂ ရက်ကြာ)
၂။ ဦးဘဦး၊ ၁၆-၃-၁၉၅၂ မှ ၁၃-၃-၁၉၅၇ (၄ နှစ် ၃၆၂ ရက်ကြာ)
၃။ ဦးဝင်းမောင်၊ ၁၃-၃-၁၉၅၇ မှ ၂-၃-၁၉၆၂ (၄ နှစ် ၃၅၄ ရက်ကြာ)
၎။ ဗိုလ်ချုပ်ကြီးနေဝင်း၊ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ၊ ၂-၃-၁၉၆၂ မှ ၂-၃-၁၉၇၄  (၁၂ နှစ်ကြာ) + သမတ ၂-၃-၁၉၇၄ မှ ၉-၁၁-၁၉၈၁ (၇ နှစ် ၂၅၂ ရက်ကြာ)
၅။ ဦးစန်းယု၊ ၉-၁၁-၁၉၈၁ မှ ၂၇-၇-၁၉၈၈ (၆ နှစ် ၂၆၁ ရက်ကြာ)
၆။ ဦးစိန်လွင်၊ ၂၇-၇-၁၉၈၈ မှ ၁၂-၈-၁၉၈၈ (၁၆ ရက်ကြာ)
၇။ ဒေါက်တာမောင်မောင်၊ ၁၉-၈-၁၉၈၈ မှ ၁၈-၉-၁၉၈၈ (၃ဝ ရက်ကြာ)
၈။ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ နဝတ ဥက္ကဋ္ဌ၊ ၁၈-၉-၁၉၈၈ မှ ၂၃-၁-၁၉၉၄ ( ၃နှစ် ၂၁၈ ရက်ကြာ)
၉။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊  နအဖ ဥက္ကဋ္ဌ၊ ၂၃-၄-၁၉၉၂ မှ ၁၅-၁၁-၁၉၉၇  (၅ နှစ် ၂ဝ၆ ရက်ကြာ) + သမတ ၁၅-၁၁-၁၉၉၇ မှ ၃ဝ-၃-၂ဝ၁၁ (၁၃ နှစ်၊ ၁၃၅ ရက်ကြာ)
၁၀။ ဦးသိန်းစိန်၊ ၃ဝ-၃-၂ဝ၁၁ မှ ၃ဝ-၃-၂ဝ၁၆ (၅ နှစ်ကြာ)
၁၁။ ဦးထင်ကျော်၊ ၃ဝ-၃-၂ဝ၁၆ မှ ၂၁-၃-၂၀၁၈ နေ့အထိ။
၁၂။ ဦးဝင်းမြင့် ၃၀-၃-၂၀၁၈ မှ ယနေ့ထိ။

ယာယီသမတများ
၁။ ဦးအေးကို၊ ၁၂-၈-၁၉၈၈ မှ ၁၉-၈-၁၉၈၈။
၂။ ဦးမြင့်ဆွေ၊ ၂၁-၃-၂ဝ၁၈ မှ ၂၉-၃-၂ဝ၁၈။

သမတအမည်နဲ့မဟုတ်ပဲ တိုင်းပြည်ကိုအုပ်စိုးခဲ့သူများ
၁။ ဗိုလ်ချုပ်ကြီးနေဝင်း ၂-၃-၁၉၆၂ မှ ၁-၃-၁၉၇၄ (၁၂ နှစ်တိတိ) တော်လှန်ရေးကောင်စီဥက္ကဋ္ဌ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌ၊ သမတ၊ ရာထူးအမည်ပြောင်းပေမဲ့ ၂၃-၇-၁၉၈၈ နေ့အထိ ထိပ်ဆုံးနေရာမှာ နေခဲ့ပါတယ်။

၂။ ဗိုလ်ချုပ်မှူးကြီးစောမောင် ၁၈-၉-၁၉၈၈ မှ ၂၃-၄-၁၉၉၂ (၃ နှစ် ၂၁၈ ရက်) နဝတ ဥက္ကဋ္ဌ။

၃။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၂၃-၄-၁၉၉၂ မှ ၁၅-၁၁-၁၉၉၇ (၅ နှစ် ၂ဝ၆ ရက်) နဝတ ဥက္ကဋ္ဌ + ၁၅-၁၁-၁၉၉၂ မှ ၃ဝ-၃-၂ဝ၁၁ (၁၃ နှစ် ၁၃၅ ရက်) နအဖ ဥက္ကဋ္ဌ။

ကျွန်တော်တို့ငယ်ငယ်က သမတမန်းဝင်းမောင်နဲ့ ဦးဘဦးဓါတ်ပုံတွေ အိမ်မှာရှိခဲ့တယ်။ ဗိုလ်နေဝင်းအာဏာသိမ်းတော့ သိမ်းထားလိုက်ရတယ်။ ပြန်ကြည့်တိုင်း ပိုးဟပ်နံ့ရနေတာကိုပါ မှတ်မိသေးတယ်။

Historical rankings of presidents of the United States အမေရိကန်သမတများ၏ သမိုင်းအဆင့် https://doctortintswe.blogspot.com/2019/05/historical-rankings-of-presidents-of.html
U.S. Presidents Ranked By IQ အမေရိကန်သမတ (၂၄) ဦးတို့ရဲ့ IQ ဆန်းစစ်ချက် https://doctortintswe.blogspot.com/2019/12/us-presidents-ranked-by-iq-iq.html

ဒေါက်တာတင့်ဆွေ
၁၃-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး