အောင်ဆန်းဇာနည် ပဟေဠိ

၁။ ဆရာ ဒီထဲမှာ ဆဲ့လို့ သုံးထားလို့ပါ ဘယ်ဟာကအမှန်ပါလဲရှင့်

ဆဲ့ ရော ဆယ့် ပါ ရေးခဲ့ကြတယ်။

၂။ ညှိုး ဖြစ်ရမှာ မဟုတ်လားခင်ဗျ

မျက်ရည်ဖြိုင်လို့ ဘဝင်ညှိုး ဖြစ်ပါတယ်။

ညှိုးနွမ်း၊ ညှိုးငယ်၊ ညှိုးချုံး၊ ညှိုးချုံး၊ ညှိုးခြောက်၊ ညှိုးရော်၊ ညှိုးသမ်း။

ညိုးညံ၊ ညိုးညိုးညံညံ၊ ညိုးညိုးညီညီ၊ ညိုးတညိမ့်ညိမ့်၊ ညိုးညိုးညိမ့်ညိမ့်၊

အောင်ဆန်းဇာနည် ကဗျာဟာ အလွန် ထင်ပေါ်စွဲလမ်းစေတဲ့ကဗျာဖြစ်ပါတယ်။ ရဲအောင်မိုးရေးတယ်လို့ မှတ်သားရတယ်။ ဆိုရှယ်လစ်ရဲ့ လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား အဆုံးပိုဒ်ကို အငြင်းပွါးကြတယ်။ ပြန်ရှင်းတာတွေလည်း ဖတ်ရတယ်။

၁၉၆၄ စက်တင်ဘာလထုတ် ရှေ့ဆောင်လူငယ် ဂျာနယ်မှာပါတယ်။ မူကွဲ ၂ ခုဖြစ်နေတယ်။

တထောင် ကိုးရာ တဆယ့်ငါး၊ တထောင့်ကိုးရာ လေးဆယ့်ခွန် နဲ့ ဇူလိုင်တဆယ့်ကိုး သတ်ပုံတွေကို သတိပြုကြစေလိုပါတယ်။ တစ်တွေနဲ့ မဟုတ်ပါ။ ခွန်ဆိုတာ (၇) ခုနစ်ကို ကဗျာမှာပြင်သုံးထားတာသာဖြစ်ပါတယ်။ ဦးဖားလို့ ရေးထားတာ မှားတယ်။ ဦးဖာကအမှန်ဖြစ်တယ်။



ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၅-၈-၁၉၃၉ မှာစဖွဲ့တဲ့ မြန်မာပြည်ကွန်မြူနစ်ပါတီရဲ ပဌမဆုံး အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့တယ်။ တာဝန်ယူကာလ မကြာလှပါ။ ဆိုရှယ်လစ်ပါတီမှာ မပါဝင်ခဲ့ပါ။ ဗိုလ်ချုပ်နေဝင်းက မြန်မာ့ဆိုရှယ်လစ် လုပ်တော့ ဆိုရှယ်လစ်စာလုံး ဘုန်းတော်ဘွဲ့တွေ ရေးကြတယ်။

တစ်ဘုန်းတော်ဘွဲကိုတော့ နဝတ ခေတ်ကစတယ်။ အခုထိအောင်မြင်တယ်။ သတ်ပုံစာအုပ်သစ် ထုတ်မယ်တဲ့။ တစ်ကို ရွှေချမယ်ထင်ရတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂ဝ၁၈
၁၅-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး