တာတေစနေသား

ပုံပါစာအုပ်ရောင်းတာကျနော့်အသိပါ သူ့ကိုစာအုပ်တွေကိုအချိန်နဲ့ရောင်းလို့အပြစ်ပြောသူမနည်းဘူး။ ဈေးပေါလည်း ဝယ်ဖတ်သူနည်းတယ်။ ဆရာကဖတ်လို့ ကောင်းတယ်လို့ ရေးဖူးတဲ့ ဦးနုရဲ့တာတေစနေသားရယ် ဆရာရွှေဥဒေါင်းရဲ့ စာအုပ်တအုပ်ရယ်ဝယ်ဖတ်တယ်။ တာတေစနေသားမှာ စာမျက်နှာ ၁၀ မကျော်သေးဘူး တတွေကို တစ်ထားလို့ တစ်တွေ့တိုင်း ဆရာ့ကို သတိရလို့ ဆက်ဖက်မရဘဲ တစ် နေတယ်ဆရာ။

ဦးနုရေးတဲ့ အမှာလေးချိုး

ပျက်အစဉ် ပြင်ခဏပေမို့
နှစ်ဖက်ပြင် ဆင်ခြင်ကြစေလို့
အထင်ကရ ပြလိုက်မယ်။

လူတွေ မုန်းပါလို့
နှလုံးနာလာစေတဲ့
မောင်တာတေ နုစဉ် အမှားကိုလ
ရှောင်ကာသွေ ပြုပြင်သွားလေတော့
အများ ကြည်ညိုခံမဲ့
မှီခိုရန် လူတယောက်
ဖြစ်မြောက်နိုင်တယ်။

အပယ်ခံဘဝမျိုးမှာလ
အရွယ်မာန် နှစ်ဆတိုးကာပ
သင့်အဖို့ ရည်ရွယ်တဲ့ပြင်ဆင်နည်း။

အကောင်းကိုရှာ
အဆိုး သွေခွာလို့
တွေးယူကာ ပြုလိုကြရင်ဖြင့်
ရေးသူမှာ ကုသိုလ်ရပါလိမ့်
လူ့ဘဝခရီး။

တာတေစနေသားစာအုပ်ကို ဝန်ကြီးချုပ် ဦးနုကရေးတယ်။ သူ့လက်ရေးစာမူကို ဦးမောသီရီကရရှိပြီး ဦးနုမိသားစုဆီက ထုတ်ဝေခွင့်တောင်းပြီး ၁၉၉၈ ခု စက်တင်္ဘာလမှ ပဌအဆုံးအကြိမ် ထုတ်ဝေပါတယ်။ အဖုံးပြင်ဆင်သူ ဇော်ဝင်းထွဋ်နဲ့ ပန်းချီ စစ်ငြိမ်းအေး။ ကွန်ပြူတာစာရိုက်သူတွေက ဒီမိုကရေစီလှုပ်ရှားမှုထဲက ကျောင်းသားတွေဖြစ်ကြတဲ့ ကိုညီညီလွင်၊ ကိုငွေတိုး၊ ကိုနန္ဒတင့်ဆွေ၊ ကိုထင်ကျော်နဲ့ ကိုသက်နောင်တို့ ဖြစ်ပါတယ်။

မူရင်းသတ်ပုံကို တင်ပြပါတယ်။ အခု ပြည်တွင်းမှာပြန်ထုတ်တဲ့အခါ (တ) မှန်သမျှကို (တစ်) လုပ်ထားတယ်။ အဲလို မလုပ်ကောင်းပါ။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၈
၁၄-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး