မုံ့ဖက်ထုပ်

အမေရီးကာမှာလုပ်တယ်။ ပြည်ထောင်စုနေ့က ဝယ်လာလို့ ပြည်ထောင်စုမုံ့။ အလုံအခြုံထုပ်ထားရင် တိုင်းပြည်လုံခြုံတယ်။

မုံ့ကို နသတ်နဲ့မရေးတော့ မြန်မြန်စားလို့ရတယ်။ ခုခေတ်မှာ မလိုတာတွေ လုပ်ခိုင်းတာ များလှပြီ။ မလိုတာကို လုပ်သူတွေက လိုတာကို မေ့ကြတယ်။ မလုံခြုံဘူး။ ပုဝါပါးနဲ့ ကြက်သားထုပ်သလိုပဲ။ တရွာသားကို ရည်းစားလုပ်တော့ လွမ်းရတယ်။

မြန်မာစာအမှန်နဲ့ မြန်မာစားစရာအစစ်တွေကို လွမ်းပါသည်။ ခုခေတ်မှာ မတော်တာနဲ့ ထုပ်ကြတော့ စွန်းနေတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး