ဟိုရှေးရှေးတုန်းက

၁။ ဆရာခများ ဦးဂုဏ်ဘဏ်လို ပုဂ္ဂိုလ်ကတော့ အရှားသားနော်။

ဟုတ်။ ဦးဂုဏ်ဘဏ်၊ ကနီဦးလူညွန့်၊ မုံရွာဦးလေးခန့်တို့ ဟောပြောသီဆိုပြတာတွေ ငယ်ငယ်က ရေဒီယိုကနေ နားထောင်ခဲ့ရတယ်။ ၁၉၆၀-၇၀ လောက်ကပေါ့။

၂။ ဆရာက ရှေးသုံးမြန်မာစာသတ်ပုံအမှန်ပဲသုံးတယ်တဲ့။ မှားရေးတာမဟုတ်ပါ။ အမြဲတရုပ်လို့ပဲရေးတာပါ။

ကျေးဇူး။ မြန်မာ့စွယ်စုံကျမ်းကို ၁၉၅၄ ကနေစထုတ်တယ်။ ရှေးလို့ဆိုချင်လည်း ဆိုပေတော့။ ဆဋ္ဌသံဂါယနာကို ၁၉၅၆ ခုနှစ် ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏ လိုဏ်ဂူတော်ကြီးမှာ တင်တော်မူခဲ့ပါတယ်။ မြန်မာပြည်စာအုပ်တွေမှာ တတွေကို မလိုအပ်ပဲ တစ်မလုပ်ပါ။ ရှေးကျလို့ မှားတယ်လို့ ပြောလိုကြပါသလား။

ဝဏ္ဏဗောဓနသတ်အင်းကို ၁၉၆၁ မှာထုတ်တယ်။ ရှေးကျပြီလား။ မလိခ မြန်မာစာပေအဘိဓာန်တွေကို ၁၉၇၄ မှာ ထုတ်တယ်။ ရှေးကျတာပဲလား။ ၁၉၈၈ မတိုင်ခင်အထိ မြန်မာ့ဆိုရှယ်လစ်စာအုပ်တွေထုတ်တယ်။ ရှေးစာအုပ်တွေပဲလား။

လူထုဦးလှ ၁၉၈၂ မှာ ကွယ်လွန်တယ်။ ကွယ်လွန်ကြတဲ့အထိ မြန်မာစာ သတ်ပုံမှန်တွေနဲ့ ရေးပါတယ်။
ဇော်ဂျီ ၁၉၉၀ မှာ ကွယ်လွန်တယ်။ ကွယ်လွန်ကြတဲ့အထိ မြန်မာစာ သတ်ပုံမှန်တွေနဲ့ ရေးပါတယ်။
ကြေးမုံဦးသောင်း ၂၀၀၈ ကွယ်လွန်တယ်။ ကွယ်လွန်ကြတဲ့အထိ မြန်မာစာ သတ်ပုံမှန်တွေနဲ့ ရေးပါတယ်။
မင်းသုဝဏ် ၂၀၀၄ မှာ ကွယ်လွန်တယ်။ ကွယ်လွန်ကြတဲ့အထိ မြန်မာစာ သတ်ပုံမှန်တွေနဲ့ ရေးပါတယ်။
မောင်သာရ ၂၀၁၆ မှာ ကွယ်လွန်တယ်။ ကွယ်လွန်ကြတဲ့အထိ မြန်မာစာ သတ်ပုံမှန်တွေနဲ့ ရေးပါတယ်။

ရှေးကျတာ မှားသလော။ သစ်တာတိုင်းကော မှန်သလော။ ၂၀၁၂ မှာလည်း မှားအောင်ရေးရင် မှားတယ်။

ဒေါက်တာတင့်ဆွေ
၁၂-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး