က ကလေးငယ် ချစ်စဖွယ်

ဆရာရှင့် သမီးအသက်က ၃၄နှစ်ပါ လွန်ခဲ့တဲ့ ၂နှစ်ခွဲက သားအိမ်ပြင်ပမှာ ကလေးတည်ဖူးပါတယ် သားအိမ် လက်တံမှာလို့ပြောပါတယ် အဲ့ကြောင့် သားအိမ်လက်တံတဖက်ကိုလဲ ဖြတ်ထားရပါတယ် ခုထိ တားဆေးကဒ် စားနေပါတယ် ဟိုတလောက ဆေးစားနေတုံး ဖြူ နီတေလိုဆင်းနေလို့ OG နဲ့ သွားပြတာ ပိုးဝင်လို့ လို့ပြောပါတယ် ခု သမီး ကလေးထပ်ယူရင် အရင်လို ပြန်ဖြစ်နိုင်ပါသလား သားအိမ်ကို ဆေးဓါတ်မှန် ရိုက်ရန် လိုအပ်ပါသလား ကလေးကော ရနိုင်သေးပါသလားရှင် ကျေးဇူးပြု၍ ဖြေကြားပေးပါရှင်။

ရာသီမှန် + သားအိမ်ပြွန် အနည်းဆုံး တဖက်ရှိ + လစဉ်မျိုးဥထွက်နေသာ ကိုယ်ဝန်ရနိုင်။

တေလို့ မရေးရ။ တွေလို့ ရေးရ။ တေဆိုတာ လူပေလူတေ၊ ဗမာတေဆေး။ ခလေးကို ကလေးလို့ ပြင်လိုက်။ က ကလေးငယ် ချစ်စဖွယ်။

ဒေါက်တာတင့်ဆွေ
၁၆-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး