ထည့်စရာ

မုံရွာသူတယောက်က မေးတယ်။ ဆရာ့လက်ဖက်ပန်းကန်က အကန့်လေးတွေနဲ့မို့ အဆန်းဖြစ်နေတယ်ရှင့်။ ယွန်းအုပ် အသားအုပ်ပဲ အကန့်နဲ့တွေ့ဖူးလို့ ပါ။

လက်ဖက်ပန်းကန် အဆင်ပြေတာမှာ ထည့်ပါတယ်။ အပြောင်းအလဲ လုပ်တယ်။ ယွန်းအုပ်လည်း ရှိတယ်။ ဒုတိယသား အလည်ပြန်တော့ ဝယ်လာတာ။

ထန်းသီးမှုတ်လေးထဲတော့ မထည့်နိုင်။ ငယ်ငယ်က မင်းရွာမှာ အဖွားက ထန်းသီးမှုတ်လေးကို သန့်ရှင်းပြီး၊ မုံရွာကနေ ဝယ်လာတဲ့ လက်ဖက်အညွန့်အကောင်းစားကို သိပ်ပြီး၊ အပေါ်မှာ နှမ်းဆီစစ်စစ်ကို ဖုံးနေအောင် ထည့်ထားတော့ မှိုမတက်။ နှမ်းဆီကြိတ်တဲ့ ဆီဆုံမှာ ငယ်ငယ်က တက်စီးခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး