Coronavirus ကိုရိုနာဗိုင်းရပ် အပ်ဒိတ် အဆက်

၁။ ရောဂါကူးစက်ပျံ့နှံ့တာက ဘယ်လောက်ထိကြာနေနိုင်ပါလဲဆရာ မေမေကဗုဒ္ဓဂယာသွားဖို့ရှိလို့ပါ မတ်လ ၂၀ရက်မှာပါ။

၂။ ဘယ်အချိန်လောက် ကူးစက်မှုကို ထိန်းသိမ်းနိုင်မလဲ ခင်ဗျာ ခန့်မှန်းလို့ ရနိုင်မလား ခင်ဗျာ ဒါမှ မဟုတ် သူ့အလိုလို အချိန်ကာလတခု အနေနဲ့ လျော့သွားနိုင်ပါသလားခင်ဗျာ

ကြိုတင်ပြောမရသေး။ ပြီးခဲ့တဲ့အပတ်က တရုပ်ကျန်းမာရေးဌာနက ထိပ်ဆုံးထိရောက်ဘို့ နောက် ၁၀ ရက်လောက် ကြာနိုင်တယ်လို့ ပြောတာလည်း တင်ထားခဲ့တယ်။

၃။ တချို့ဆေးကုသမှုခံယူရင်း ပျောက်ကင်းသွားကြပြီဆိုတာ ဟုတ်ပါသလားရှင့်

မေးခွန်းသတ်ပုံ ၂ လုံးကို ပြင်လိုက်တယ်။ HIV ဆေးနဲ့ ကုသနည်းတခု စမ်းသပ်နေကြောင်း သတင်းထွက်တဲ့နေ့က တင်ထားပြီး။ ကူးစက်တိုင်း သေဆုံးတာ မဟုတ်။ ၃% ထက်မကျော်။ ဖြစ်သူအရေအတွက်နဲ့ သေဆုံးသူအရေအတွက် နေ့တိုင်း တွဲတင်ထားတယ်။ ဗိုင်းရပ်စ်ရောဂါမှန်သမျှ ကိုယ့်ခုခံစွမ်းကြောင့် ပျောက်ရတာဖြစ်တယ်။

၎။ ဒီမှာတော့ လွန်ခဲ့သော တနာရီ ကျော်ကတည်းက သေဆုံး စာရင်း ၇၁၉ ဦးနဲ့ တွေ့ရပါတယ်

ကျွန်တော်က BBC, CNN နဲ့ Al Jazeera သတင်းဌာနတွေကို ဖတ်ပါတယ်။ ရှိသမျှတော့ မဖတ်နိုင်။ ဖေ့စ်ဘွတ်သတင်း လုံးဝမဖတ်ပါ။ ဆောရီး။

တရုပ်ပြည် ဝူဟန်မြို့မှာ
လူဦးရေ ၁၁့၀၈ သန်းရှိတယ်။ ကူးစက်သူစုစုပေါင်း ၃၁၁၆၁ ယောက်သာရှိတယ်။ ၀့၂၈% သာ ကူးစက်သေးတယ်။
၂့၀၁% သာ သေဆုံးသေးတယ်။
နိုင်ငံပေါင်း ၁၉၅ နိုင်ငံထဲက ၂၅ နိုင်ငံမှာသာကူးစက်သေးတယ်။

ဒေါက်တာတင့်ဆွေ
၇-၂-၂၀၂၀
ည ၁၀ နာရီ ၅၉ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး