COVID-19 ကိုဗစ်-၁၉ ဗိုင်းရပ်စ် အပ်ဒိတ်

မနေ့ကတင်ထားတာကို အပ်ဒိတ်လုပ်တာဖြစ်ပါတယ်။

တရုပ်ပြည်မှာ ကူးစက်ခံရတာ သေချာသူပေါင်း 63,866 ယောက်ရှိနေပြီ။ အနည်းဆုံး 1,381 ယောက် သေဆုံးပြီး။ တရုပ်ပြည်ပြင်ပမှာ အနည်းဆုံး 522 ယောက် ကူးစက်ခံထားရတယ်။

အီဂျစ်မှာ ပဌမဆုံး သေဆုံးသူရှိလာတယ်။ အရင်က ဖိလစ်ပိုင်၊ ဟောင်ကောင်နဲ့ ဂျပန်မှာ တယောက်စီ သေဆုံးခဲ့ပြီးပြီ။

လူဦးရေ သန်း ၂၀ နေထိုင်တဲ့ ဘေဂျင်းမြို့ကိုပြန်လာသူတိုင်း ၂ ပတ်ကြာ သီးခြားနေဖို့ ညွှန်ကြားချက် ထုတ်လိုက်တယ်။

တရုပ်ပြည်မှာ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၇၀၀ ကျော်မှာ ကူးစက်ခံထားရတယ်။ ဝူဟန်မှာ ၁၁၀၂ ယောက်နဲ့ ကျန်သူတွေက ဟူဘိုင်းပြည်နယ်ထဲက။

ယူအက်စ်မှာ ဖြစ်တဲ့ ၁၅ ယောက်ထဲက ၁၃ ယောက်ဟာ တရုပ်ပြည်ကပြန်လာကြသူတွေ။ ကယ်လီဖိုးနီးယားမှာ ၈ ယောက်၊ အီလီနွိုင်မှာ ၂ ယောက်၊ တက်ဆပ်စ်မှာ ၁ ယောက်၊ ဝါရှင်တန်မှာ ၁ ယောက်၊ အရီဇိုနာမှာ ၁ ယောက်၊ မက်ဆာချူးဆက်မှာ ၁ ယောက်နဲ့ ဝစ်ကောင်ဆန်မှာ ၁ ယောက်။ ယူအက်စ်မှာ COVID-19 ပိုးဟုတ်မဟုတ် ပိုသိလာနိုင်အောင် ရာသီတုပ်ကွေးဖြစ်နေသူကိုပါ ဆန်းစစ်ပါမယ်။

ကယ်လီဖိုးနီးယားမှာ အေရှန်-အမေရိကန်စားသောက်ဆိုင်တွေမှာ ကိုရိုဗိုင်းရပ်စ်ကြောင့် မစားကြဖို့ သတိပေးစာအတု ကပ်ထားပါသတဲ့။

တရုပ်ဆရာဝန်တွေက ရေတွက်နည်းစနစ်အသစ်ပြောင်းလိုက်လို့ ကူးစက်ခံရသူစာရင်း တိုးလာတာလည်းပါတယ်။ စမ်းသပ်မှုအတည်ပြုချက်ကိုသာ ရေတွက်ရာကနေ ရောဂါလက္ခဏာရှိသူတွေပါ ထည့်တွက်လာခြင်း ဖြစ်ပါတယ်။

တရုပ်ပြည် ဝူဟန်မြို့က နိုင်ငံရေးတာဝန်အရှိဆုံးပုဂ္ဂိုလ်ကို လဲလိုက်တယ်။ ဟောင်ကောင်နဲ့ မကာအိုအတွက် တာဝန်ပေးထားသူတွေလည်း လဲလိုက်တယ်။

အမေရိကန် CDC ရောဂါထိန်းချုပ်ရေးဌာနက ဒီကူးစက်ရောဂါဟာ နောက်နှစ်အထိ ကူးနိုင်တယ်လို့ ပြောလိုက်တယ်။ ယူအက်စ်အေမှာ သီးခြားခွဲထားရသူ 600 နီးပါးရှိတယ်။

ဂျပန်မှာ ပဌမဆုံးလူနာတယောက် သေဆုံးသွားတယ် ဂျပန်အစိုးရက ဒီရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၁၄၀ သန်း ချမှတ်လိုက်တယ်။

စင်္ကာပူမှာ လူနာသစ် ၈ ယောက်တိုးလို့ စုစုပေါင်း ၅၈ ယောက်ရှိသွားပြီ။

မလေးရှားမှာ ၁၉ ယောက်။

ဗီယက်နမ်မှာ ၁၆ ယောက်။ တချို့နေရာတွေကို ပိတ်ထားလိုက်တယ်။

မြောက်ကိုရီးယားမှာ သီးခြားခွဲထားမဲ့ရက်က ၂၄ ရက်ကနေ ရက် ၃၀ တဲ့။

ဝူဟနန်မြို့က စီတီဇင်ဂျာနယ်လစ် နောက်တယောက် ပျောက်နေသတဲ့။ ၂ ယောက်ရှိပြီ။

ကိုရိုနာဗိုင်းရပ်ရှိ မရှိစမ်းသပ်မှုမှာ အားနည်းချက်တွေ့လာရတယ်။ အစက မကူးစက်လို့ အဖြေ ထွက်ထားသူ ၆ ယောက်မှာ ကူးစက်တာ တွေ့လာရတယ်။

WHO ကတော့ တရုပ်ပြည် ဟူဘေးပြည်နယ်မှာ အရေအတွက်တိုးနေပေမဲ့ တခြားတိုင်းပြည်တွေမှာဖြစ်တာ တိုးမလာပါလို့ ပြောလိုက်တယ်။

တရုပ်ပြည် ဘေဂျင်းမြို့တော်က ပန်းအရောင်းဆိုင်တခုမှာ ဗယ်လင်တိုင်းဒေး ပန်းဝယ်လာသူတွေကို Hand sanitiser လက်ဆေးရည်ပါ ဝေငှနေပါသတဲ့။ သူတို့ဆီမှာ ဒီကူးစက်ရောဂါကြောင့် အရောင်း ၉၀% ကျသွားခဲ့တယ်။ ဆောရီး။

ကူးစက်ခံရရင် ဖျားမယ်။ နှာရည်ယိုမယ်။ လည်ချောင်းနာမယ်။ အသက်ရှူလမ်းမှာ သာမန်ပိုးဝင်ခြင်း အဆင့်ကနေ ဆိုးတဲ့ နူမိုးနီးယားအထိ ဖြစ်နိုင်တယ်။ သေဆုံးနိုင်တယ်။ လူကနေ လူကို ကူးစက်တယ်။

1. အခုထိ ကာကွယ်ဆေးမရှိသေးပါ။ ကုသဆေးလည်း တိတိကျကျမရှိသေးပါ။
2. အစားအသာာက်ကနေ မကူး။ အစားအသောက်နဲ့ မကာကွယ်နိုင်။ အစားအသောက်နဲ့ မကုသနိုင်။
3. ပိုးရှိသူကနေ ချောင်းဆိုးနှာချေရာကထွက်လာတဲ့ ပိုးပါနေတဲ့ အမှုန်အမွှားလေးတွေကို ရှူမိရာကနေ ကူးစက်တယ်။
4. ကာကွယ်နည်းမှာ လက်ကိုမကြာခဏ ဆေးခြင်းက အရေးအကြီးဆုံး။ ဆပ်ပြာနဲ့ ရေသုံးပါ။ ဖြစ်နိုင်ရင် အယ်လ်ကိုဟော ၆၀% ပါ Hand sanitizer လက်ဆေးရည်သုံးပါ။
5. လူထူထူရှိရာကို ရှောင်ပါ။ နေမကောင်းရင် အိမ်ပြင်မထွက်ပါနဲ့။ အပြင်ထွက်ရရင်သာ နှာခေါင်းစည်းသုံးပါ။
6. အိမ်ထဲ ရုံးထဲက မျက်နှာပြင်တွေ လက်နဲ့ထိကိုင်တဲ့ရောတွေကို ပိုးသေဆေးပါအဝတ်နဲ့ ပွတ်တိုက်သန့်ရှင်းပါ။ Lyzol disinfecting wipes လိုက်ဇောပါတာ ကောင်းတယ်။
7. လက်အိတ်သုံးစရာလိုတဲ့နေရာတွေမှာ သုံးပါ။

ဒေါက်တာတင့်ဆွေ
၁၄-၂-၂၀၂၀
ည ၇ နာရီ ၁၉ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး