Majority Rules အများနဲ့ တယောက်

ကွန်မင့်တခုက ခုခေတ်မှာ မဲအနည်းအများခွဲရင် မုန့်အဖွဲ့ကနိုင်မှာပါတဲ့။

မြန်မာ့ရာဇဝင်မှာ မင်းဖြစ်သူက ဖမ်းချင်တဲ့သူဖမ်းလို့ရတယ်။ သတ်ချင်သူကို သတ်လို့ရတယ်။ မြန်မာ့သမိုင်းမှာ အာဏာသိမ်းထားသူက ဖမ်းချင်တဲ့သူဖမ်းလို့ရတယ်။ သတ်ချင်သူကို သတ်လို့ရတယ်။

မြန်မာစာနဲ့ ပညာမှာ မဲပေးနည်းတော့ သုံးလေ့မရှိပါ။ ပညာရှင်တွေက တိုင်ပင်ညှိနှိုင်း စိစစ်သန့်စင်ကြတယ်။ အဲဒီခေတ်က ပညာရှင်တွေကို အခုထိလည်း ပညာရှင်တွေအဖြစ် လေးစားအားထားကြဆဲဖြစ်တယ်။

အခုတော့ ကုလားထိုင်ရသူပြောတာ အမှန်လို့ ဆုံးဖြတ်တယ်။ အရင်က တသက်လုံး ဘယ်လောက်မှန်ခဲ့မှန်ခဲ့ သူတို့ပြောတာကသာ မှန်သတဲ့။

ကျွန်တော်ကတော့ မှန်တာကို မှားအောင်၊ လွယ်တာကို မခက်ခက်အောင်လုပ်ကြသူတွေကို ကျေးဇူးမတင်နိုင်ပါ။ ကွန်မင့်မှာရေးသလို သူတို့က အဆမတန် များတယ်။

ဒေါက်တာသန်းထွန်းစကားအတိုင်း အများနဲ့တယောက်၊ အများလွန်တယ်ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး