Mirage တံလျှပ်

သံလျက်ဆိုတာ နားမလည်လို့ပါ ရေတံလျောက်လို အဓိပ္ပါယ်လားဗျ သီချင်းစာရေးတဲ့သူပဲမှားတာလားဗျ

သီချင်းစာ မှားနေတယ်။ တံလျှပ် ခေါ် တံလှပ် ဖြစ်ပါတယ်။ နေပူရှိန်များတဲ့နေရာမှာ အဝေးကနေကြည့်ရင် ရေလို့ ထင်ရတာကို ခေါ်တယ်။ အင်္ဂလိပ်လို Mirage ဖြစ်တယ်။

သန်လျှက်ဓါး (ကဝိဓဇသတ်ပုံကျမ်း)၊ သန်လျက်ခုံ (နောက်ထုတ်သတ်ပုံကျမ်း)၊

သန်လျှက်ဆိုတာ ရှေးခေတ်က ဘုရင်တွေကိုင်တဲ့ ဓါး။

ရေတံလျှောက်ဆိုတာ မိုးရေခံတဲ့ တံစက်မြိတ်မှာ မြောင်းလိုလုပ်ထားတာကို ခေါ်တယ်။

သီချင်းနောက်ခံစာသားရေးတင်သူတွေ အလွန့်အလွန် မှားကြတယ်။ ရုပ်ရှင်တွေ ဇာတ်လမ်းတွေမှာလည်း အဆမတန် အမှားတယ်။ မြန်မာစာ အလိုက်မှားကြလို့။

ဒေါက်တာတင့်ဆွေ
၁၅-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး