Weight loss ပိန်ချင်သလား

၁။ ဆရာ ဒီထဲမှာပါတဲ့ ingredients တွေက side effect ရှိလားရှင့်

ဟာဘယ်ဆေး၊ ကြော်ငြာဆေးဖြစ်တယ်။ ဆေးသုတေသန မရှိ။ ဘေးထွက်ဆိုးကျိုး မသိ။ ထိရောက်မှု မသိ။ ဆေးသောက်လိုသူ ကလေး လူကြီး မသိ။ အသက် မသိ။ ဘာဖြစ်နေလို့ သောက်လို မသိ။ ကျား မ မသိ။ မေးတဲ့သူက ရှင့်လိုရေးတာ အမျိုးသမီးဖြစ်ပေမဲ့ တချို့က မေးသူတယောက် ဖြစ်သူတယောက်။

ဝနေလို့ပါဆရာ ပေါင် 148 အရပ် 5 ပေ 3 ပါ ဘယ်လိုနည်းနဲ့ side effect နည်းနည်းချလို့ရမလဲရှင့် ဆီးချိုမရှိဘဲ အင်ဆူလင်ပါတဲ့ပိန်ဆေးသောက်ရင် အန္တရာယ်ဖြစ်နိုင်ပါလားဆရာ

အင်စူလင်ဆိုတာ ထိုးဆေး။ ပိန်ချင်သူ အသက် မသိ။ ဆီးချိုဆေး အခုသောက် ခဏနေတာနဲ့ သွေးထဲက သကြားဓါတ် နည်းမယ်။ အတိုင်းအတာတခုထိနည်းရင် သကြားဓါတ်နည်းခြင်းရောဂါလက္ဓဏာတွေ ခံစားရမယ်။ မူးမယ်။ ချွေးပြန်မယ်။ သတိမကောင်းဖြစ်မယ်။ လဲကျသွားမယ်။

၂။ ဆရာရေ သမီးအသက်က ၃၅ထဲမှာပါ။ ရာသီမပေါ်တာလေးလရှိပါပြီ။ အိမ်ထောင်သည်ပါ။ သမီးပေါင်ချိန်က ၁၈၆၊ အရပ်က ၅ပေ။ ပိန်ချင်တယ်ဆရာရယ်။

၃။ မင်္ဂလာပါဆရာ။ သိချင်တာလေးရှိလို့ပါဆရာ။ မနက်အိပ်ရာထရင် ရေတဖန်ခွက်ထဲ ဆော်ဒါလက်ဖက်ရည်ဇွန်းတဇွန်း၊ သံပုယိုသီးညှပ်ပြီး နေ့စဉ်သောက်ပေးရင် ဗိုက်ထဲကအဆီတွေကိုလောင်ကျွမ်းစေတယ်လို့ page တချို့မှာဖတ်ရပါတယ်။ ရက် ၂၀ သောက်ရင် ဗိုက်အဆီကျသွားတယ်လို့ဆိုပါတယ်ဆရာ။ အဲလိုသောက်တာ ကျန်းမာရေးနဲ့ညီမညီ၊ ဆိုးကျိုး ဘယ်လိုရှိနိုင်လဲသိချင်လို့ပါဆရာ။ ဆရာကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေ။ အသက်၂၇၊ မိန်းကလေး၊ ကိုယ်အလေးချိန် ၁၈၀ ပေါင်၊ အဆီကျလို၍သောက်တာပါဆရာ။

ပိန်ချင်လို့မေးကြသူ မရေမတွက်နိုင်အောင် များပါတယ်။ နည်းတွေသိပေမဲ့ မလိုက်နိုင်လို့၊ အချိန်ယူတာကြာလို့ လူမပိန်သေးလဲ စိတ်မပိန်ပါနဲ့။ ငယ်ကတည်းက ဝတဲ့မိန်းကလေးတွေ အပျိုဖြစ်စောတယ်၊ ရာသီထိန်တာ ဖြစ်တတ်တယ်။ ဝတယ်လို့ ဘယ်လို ဆုံးဖြတ်မလဲ။ အရပ်နဲ့အလေးချိန်ဇယားနဲ့ တွက်တာအပြင် BMI ဆိုတာနဲ့လဲ တိကျအောင် တွက်သေးတယ်။ သူ့အလေးချိန်ရဲ့ ၃ဝ% က အဆီဖြစ်နေရင် အဝလွန်တယ်လို့ သတ်မှတ်တယ်။ ၅ ပေ ၁ လက္မ အမျိုးသမီးဆိုရင် ၁ဝ၅ ပေါင်နဲတယ်၊ ၁၂၂ သင့်တယ်၊ ၁၄ဝ ပေါင်များတယ်။

ဝလွန်းသူများ နှလုံးသွေးကြောရောဂါ၊ ဆီးချိုနဲ့ သွေးတိုး။ ဒီ ၃ မျိုးအပြင် အဝလွန်တာနဲ့ ကလေးမရနိုင်တာဆက်စပ်မှု ရှိနိုင်တယ်။ ပိန်ဆေးထဲမှာ လူသုံးများတာကတော့ Sibutramine ဖြစ်တယ်။ အိန္ဒိယမှာ ကုဋေ ၂ဝဝ တန်တဲ့ဆေး ဈေးကွက်ထဲမှာ Meridia နာမည်နဲ့ ရောင်းနေပါတယ်။ အမေရိကားနဲ့ ဥရောပမှာတော့ ဒီဆေးကို ရောင်းခွင့်ပိတ်လိုက်ပါပြီ။ နှလုံးရောဂါ ဖြစ်စေနိုင်လို့ပါ။

ကိုယ်အလေးချိန်ချ ဥပဒေသ
၁။ BMR တွက်ပါ။ လူတယောက် အသက်ရှူတာ။ အစာချေတာစတဲ့ မလုပ်မဖြစ်အလုပ်တွေအတွက် လိုအပ်တဲ့ အနည်းဆုံး ကလိုရီကိုပြောတာပါ။ နေ့တိုင်း ဒါထက်ပိုမစားပါနဲ့။

၂။ ကိုယ်လုပ်နေရတဲ့ အလုပ်မျိုးရဲ့ သဘောသဘာဝကို တပါတ်စာအတွက် ချိန်ဆပါ။ အိပ်နေ၊ ထိုင်နေ၊ လမ်းသွားနေ၊ လေ့ကျင့်ခန်းလုပ်နေ၊ ထမင်းချက်နေ၊ စတာတွေအတွက် သုံးရတဲ့ ကလိုရီတွေချရေး။ ပေါင်းထည့်ပါ။

၃။ ကိုယ်စားနေသမျှ ကလိုရီတွက်ချပါ။ တပတ်စာစစ်ဆေးကြည့်ပါ။

၎။ BMR ဂဏန်းထဲကို ၂ နဲ့ပေါင်းပြီး၊ ၃ ကို နုတ်လိုက်ပါ။ စားနေတာက ပိုရင် ဝလိမ့်မယ်။ ပြင်ပေတော့။

၅။ Coke သောက်မဲ့အစား ရေတခွက်သာသောက်လိုက်ပါ။ ၉၇ ကလိုရီသက်သာစေတယ်။ ထောပတ်သုတ်မစားဘဲ တဇွန်းကနေ ၁၈၅ ကလိုရီသသက်သာစေမယ်။ လှေကားအတက်အဆင်း ၁ဝ ခါလုပ်ရင် ကယ်လိုရီ၁ဝဝ ကုန်စေမယ်။ ၁ဝ မိနစ် အိပ်ရစောထပြီး လမ်းခဏလမ်းလျှောက်တာ ကယ်လိုရီ ၁ဝဝ ကုန်စေအုံးမယ်။ ၁ဝ မိနစ် ယောဂလုပ်ရင် ကယ်လိုရီ ၅ဝ ကုန်မယ်။

၆။ လေ့ကျင့်ခန်းက ကိုယ်အလေးချိန်ချဘို့ ဒုတိယအရေးပါတယ်။ အကြမ်းအားဖြင့် တပတ်ကို မိနစ် ၂၅ဝ လုပ်ရမယ်။ မိနစ် ၅ဝ စီ ၅ ရက်။ စလုပ်တဲ့သူ တပါတ် ၃ ရက်ကနေစနိုင်တယ်။

အဝလွန်ခြင်းအတွက် ဆေးများ
RCT ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှုပြုလို့ ထွက်လာတဲ့ ရလဒ်တွေအရ -
1. Diethlyproprion = Trade off မသုံးတော့၊
2. Fluoxetine = Trade off မသုံးတော့၊
3. Maxindol = Trade off မသုံးတော့၊
4. Orlistat = Trade off မသုံးတော့၊
5. Phentermine = Trade off မသုံးတော့၊
6. Sibutramine = Trade off မသုံးတော့၊
7. Sibutramine + Orlistat = Trade off မသုံးတော့၊
8. Dexfenfluramine = Likely to be ineffective or harmful ထိရောက်မှု မသေချာ သို့မဟုတ် စိတ်မချရ၊
9. Fenfluramine = Likely to be ineffective or harmful ထိရောက်မှု မသေချာ သို့မဟုတ် စိတ်မချရ၊
10. Fenfluramine + Phentermine = Likely to be ineffective or harmful ထိရောက်မှု မသေချာ သို့မဟုတ် စိတ်မချရ၊
11. Phenylpropanolamine = Likely to be ineffective or harmful ထိရောက်မှု မသေချာ သို့မဟုတ် ဒုက္ခပေးနိုင်သည်။

ဆေးတွေမှာ သတိထားစရာတွေရှိတယ်။ တချို့ဆေးတွေမှာ ပြန်ပြင်လို့မရတဲ့ အမှားတွေဖြစ်စေနိုင်တယ်။ ပိန်ဆေးအများစုဟာ ပိုက်ဆံအတွက် ကြော်ငြာရောင်းတာဖြစ်တယ်။ မျိုးဗီဇအရဝသူတွေ ပြင်မရနိုင်။ အရပ်နည်းတွေ ပေါတယ်။ ဆေးသုတေသနမရှိကြပါ။ ဟော်မုန်းကြောင့် (ကိုယ်ဝန်၊ ကလေးမွေး၊ အသက်အရွယ်အပြောင်းအလဲ) အရ ဝသူတွေ ပြင်လို့မရသလောက်ခက်တယ်။ ပိုမတက်အောင်ထိန်းဘို့နဲ့ ကိုယ်အလေးချိန်များလို့ဖြစ်စေနိုင်တဲ့ သွေးတိုး၊ ဆီးချို၊ ကိုလက်စထောများတာတွေကို နေ့စဉ် ဆင်ခြင်နေဘို့လိုပါတယ်။

ကလိုရီများတာတွေ ငါးရက်လောက် လျော့စား၊ တနေ့ကို ငါးမိနစ်လောက် ချွေးထွက်အောင် လေ့ကျင်မှု တခုခုလုပ်ပြီး၊ ငါပိန်ရမယ်၊ ငါပိန်ရမယ်၊ဆိုပြီး တနေ့ ငါးခါ ရွတ်ပါ။ ငါးကျပ်သား မဟုတ်၊ ငါးပေါင် ကျရမယ်လို့ သန္နိဋ္ဌာန်ချပါလေ။

ဝလွန်းသူတွေ နှလုံးသွေးကြောရောဂါ၊ ဆီးချိုနဲ့ သွေးတိုး၊ ဒီ ၃ မျိုးမရှိရင် ဝတာအတွက်တော့ မပူပါနဲ့။

1. Baschi Pink Quick Slimming ပိန်ဆေးကြော်ငြာ https://doctortintswe.blogspot.com/2015/03/baschi-pink-quick-slimming.html
2. Baschi ပိန်ဆေး ဆက်ရေးခြင်း https://doctortintswe.blogspot.com/2017/05/baschi.html
3. Common ပိန်ဆေးတဲ့ နောက်တမျိုး https://doctortintswe.blogspot.com/2017/12/common.html
4. Crash diets ပိန်စာ http://doctortintswe.blogspot.com/2014/11/crash-diets.html
5. Fat and Thin ဝချင်သူ ပိန်ချင်သူ အတူတူ https://doctortintswe.blogspot.com/2017/08/fat-and-thin.html
6. Low-fat diets for weight loss အဆီနည်းအစာနဲ့ ဝိတ်လျှော့ခြင်း https://doctortintswe.blogspot.com/2017/08/low-fat-diets-for-weight-loss.html
7. Orlistat ပိန်ဆေး https://doctortintswe.blogspot.com/2015/10/orlistat.html
8. Weight gain လှယုံမက ဝချင်သေးပါလျှင် http://doctortintswe.blogspot.com/2014/11/weight-gain.html
9. Weight loss pills are dangerous ပိန်ဆေးတွေအန္တရာယ် http://doctortintswe.blogspot.com/2015/04/weight-loss-pills-are-dangerous.html
10. Weight loss ပိန်ချင်သလား https://doctortintswe.blogspot.com/2014/11/weight-loss.html
11. Xenical ဇန်နီကယ် http://doctortintswe.blogspot.com/2015/06/xenical.html

ဒေါက်တာတင့်ဆွေ
၈-၁-၂ဝ၁၈
၆-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး