Deadly diabetes in unrelenting march ဆီးချိုကို ပိုပြီးသတိထားကြပါ

Deadly diabetes in unrelenting march ဆီးချိုကို ပိုပြီးသတိထားကြပါ

ဒီကနေထွက်တဲ့သတင်းပါ။ လူ ၁၁ ယောက်မှာ ၁ ယောက် ဆီးချိုရှိနေကြတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်လိုက်ပါတယ်။ ၁၉၈ဝ တုန်းက လူပေါင်း ၁ဝ၈ သန်းမှာဆီးချိုရှိခဲ့ရာကနေ ၂ဝ၁၄ ခုနှစ်မှာ လူပေါင်း ၄၂၂ သန်းမှာ ဆီးချိုရှိနေကြတယ်။ နှစ်စဉ်လူပေါင်း ၃့၇ သန်းတို့ဟာ ဆီးချိုနဲ့ ဆက်စပ်ပြီး သေဆုံးနေရပါတယ်။ လူနာ ၄၃% (၃့၇ သန်း) တို့ဟာ အသက် ၇ဝ မတိုင်မီ သေဆုံးနေကြတာ ဖြစ်တယ်။

ကာတာနဲ့ ကူဝိတ်နိုင်ငံတွေမှာ လူဦးရေ ၂ဝ% မှာဆီးချိုရှိကြတယ်။ အသက် ၄၅ နဲ့ ၆ဝ ကြားဆိုရင် ၃ဝ-၄ဝ% ဆီးချို ရှိတယ်။ ဥရောပမှာ တာကီ (တူရကီ) မှာ အများဆုံးဖြစ်တယ်။ ၂ဝဝ တုံးက ၇့၅% သာရှိခဲ့ရာကနေ အခု ၁၅% မှာ ဆီးချိုရှိနေပြီ။

လူနေမှုပုံစံ ကျန်းမာရေးနဲ့အညီ မနေတတ်လို့ ဖြစ်နေကြတာများတယ်။ လူတွေပိုဝလာကြတာနဲ့ဆီးချိုကလည်း အဆက်အစပ်ရှိသေးတယ်။ ကမ္ဘာ့ လူကြီးလူဦးရေ ၈့၅% မှာ ဆီးချိုရှိတယ်။ ၂ဝ၁၂ ခုနှစ်တုန်းက လူပေါင်း ၁့၅ သန်း သေဆုံးရတာ ဆီးချိုကြောင့်ဖြစ်တယ်။ နောက်ထပ် ၂့၂ သန်းမှာ သကြားဓါတ်ကရှိသင့်တာထက် များနေကြသေးတယ်။

ဆီးချိုရှိနေသူတွေမှာ နှလုံးအတက်ရဘို့ သူများတွေထက် ၃ ဆပိုတယ်။ ခြေထောက်ဖြတ်ရတာ၊ လေဖြတ်တာ (ဆထုပ်ခ်ရတာ)၊ ကျောက်ကပ်အလုပ်မလုပ်နိုင်တော့တာ၊ မျက်စိကွယ်တာ၊ ကိုယ်ဝန်မှာ မဖြစ်သင့်တာတွေ ဖြစ်တာကလည်း သူများတွေထက် အဆ ၂ဝ ပိုတယ်။

ကာကွယ်ဘို့ကတော့ အစားအသောက်ပုံစံပြင်တာနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်တာဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချရမယ်။ အဆီဓါတ်နဲ့ သကြားဓါတ်နည်းနည်းသာစားသင့်တယ်။ ဆီးချိုရှိနေသူဟာ နေ့တိုင်း (မနက် + နေ့လည် + ည) အစားအသောက်နဲ့ ဆီးချိုဆေး အထူးသတိထားရမယ်။ ဆီးချိုပျောက်တယ်ဆိုတာ မရှိပါ (မရှိပါ)။

A1C test ဆီးချိုအတွက် http://doctortintswe.blogspot.com/2014/12/a1c-test.html
Blood sugar levels ဆီးချိုစစ်ခြင်း http://doctortintswe.blogspot.com/2015/01/blood-sugar-levels.html
Blood Glucose သွေးချို စစ်ဆေးခြင်း http://doctortintswe.blogspot.com/2016/04/blood-glucose.html
Diabetes diet http://doctortintswe.blogspot.com/2014/12/diabetes-diet.html
Diabetes and Tobacco ဆီးချိုနဲ့ ဆေးလိပ် http://doctortintswe.blogspot.com/2016/03/diabetes-and-tobacco.html
Gestational Diabetes ကိုယ်ဝန်နဲ့ဆီးချို http://doctortintswe.blogspot.com/2015/12/gestational-diabetes.html
Liver disease and Diabetes အသည်းနဲ့ဆီးချို http://doctortintswe.blogspot.com/2015/05/liver-disease-and-diabetes.html
Nutrition အာဟာရ http://dts-medicaleducation.blogspot.com/2009/12/nutrition.html
Diabetes type 1 cure ဆီးချိုအမျိုးအစား (၁) ကို ပျောက်နိုင်ဘို့ နီးစပ်လာပြီ http://doctortintswe.blogspot.com/2014/10/diabetes-type-1-cure.html
Diabetes ဆီးချို http://doctortintswe.blogspot.com/2015/02/diabetes.html
Diabetic food ဆီးချိုနဲ့ အစားအသောက် http://doctortintswe.blogspot.com/2014/11/diabetic-food.html
Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ http://doctortintswe.blogspot.com/2015/01/diabetic-neuropathy.html
Metformin ဆီးချိုစားဆေး ဘယ်လိုပေး http://doctortintswe.blogspot.com/2015/05/metformin.html
Yogurt reduces diabetes risk (ရောဂတ်) စားခြင်းဖြင့် ဆီးချိုကို သက်သာစေနိုင် http://doctortintswe.blogspot.com/2015/01/yogurt-reduces-diabetes-risk.html

ဒေါက်တာတင့်ဆွေ
၆-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး