Coffee and Pregnancy ကော်ဖီနဲ့ ကိုယ်ဝန်

၁။ ဆရာရှင့် ကျွန်မကိုယ်ဝန်က ၈ပတ်ရှိပါပြီ။ အရင်က တနေ့ကို ကော်ဖီ ၃ခွက်လောက်သောက်ပါတယ်။ ကိုယ်ဝန်စရှိတည်းက ကော်ဖီမသောက်မိအောင်နေပါတယ်။ ဒီရက်ပိုင်းအရမ်းသောက်ချင်နေလို့ ကော်ဖီသောက်လို့ရမလား သိချင်လို့ပါရှင့်။

ကိုယ်ဝန်ရှိနေလည်း ကော်ဖီသောက်နိုင်ပါတယ်။ အမေရိကန် သားဖွါးမီးယပ်အသင်းအဆိုအရ တနေ့မှာ Caffeine ကေဖင်းဓါတ်ပါတာမှန်သမျှ 200 mg per day ထက်မများစေပါနဲ့တဲ့။ အဲတာဟာ သူတို့ဆီမှာ ပေါ်ပြူလာအဖြစ်ဆုံး Starbucks coffee စတားဘဂ်ကော်ဖီ 10-ounce cup ခွက်နဲ့ညီမျှတယ်။

ဒိထက်များသွားရင်တော့ အလေးချိန်မပြည့်တဲ့ကလေးနဲ့ ကိုယ်ဝန်အလိုလိုပျက်တာ သူများတွေထက် ပိုအဖြစ်များပါမယ်။ တနေ့ (၈) ခွက်သောက်တာနဲ့ ကလေးအသေမွေးတာ ဆက်စပ်မှုရှိတယ်။ လေ့လာမှုတွေ ပိုလုပ်သင့်တာမှန်ပေမဲ့ သတိနဲ့ နည်းနည်းသာ သောက်သင့်တယ်။ မသောက်ပါနဲ့လို့ မတားပါ။

သောက်တဲ့ကော်ဖီအမျိုးအစားနဲ့ အရည်အသွေးလည်းကြည့်ရတယ်။ ဆိုင်တွေကရောင်းတာတွေမှာ ကေဖင်းနည်းတာ များတာ မတူကြပါ။ 100 mg ပါတဲ့ 8-ounce ခွက်နဲ့ 400 mg ပါ 16-ounce ခွက်ရှိတယ်။ 16-ounce ခွက်ထဲမှာ caffeine ကေဖင်း 12 to 25 mg ပါတယ်။

Coffee and Health ကော်ဖီ နဲ့ ကျန်းမာရေး https://doctortintswe.blogspot.com/2015/04/coffee-and-health.html
Coffee mix ကော်ဖီမစ် နဲ့ ကျန်းမာရေး https://doctortintswe.blogspot.com/2014/10/coffee-mix.html
Morning Coffee မောနင်း ကော်ဖီ https://doctortintswe.blogspot.com/2016/10/morning-coffee.html
Zhulian Instant Coffee Plus ဇူလီယန်ကော်ဖီ https://doctortintswe.blogspot.com/2016/03/zhulian-instant-coffee-plus.html

၂။ ဆရာရှင့် ကိုယ်ဝန် ၁၇ပါတ်ပါ။ ကိုယ်ဝန်မရှိခင်က ကော်ဖီကြိုက်သူဖြစ်တော့ ကိုယ်ဝန်နဲ့ တခါတရံ သောက်မိပါတယ်။ ကိုယ်ဝန်ဆောင် ကော်ဖီသောက်လို့ရလားရှင့်။ ရေနွေးကြမ်းကော သောက်လို့ရလားရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်ဆရာ။

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တသက်လုံး စားသောက်လာတာတွေ အရက်ကလွဲရင် သင့်။ ဘယ်အရာမဆို များတာတော့ မကောင်း။

သုတေသနတွေဟာ ယူအက်စ်အေမှာလုပ်တာ သူတို့က ကော်ဖီစစ်တာ ကောင်းတာကို အသောက် များကြတယ်။ မြန်မာပြည်မှာ အဲလိုစိုးရိမ်စရာ မရှိလောက်လို့ ထင်ပါတယ်။ မြန်မာပြည်က ဆေးသုတေသနတော့ မတွေ့သေးပါ။

ရေနွေးကြမ်းကြောင့် ဘာမှ မဖြစ်စေနိုင်။ မေးခွန်း သတ်ပုံမှန်တယ်။ ကျွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၇

၇-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး