Flaxseed နှမ်းနက်

၁။ ဆရာရေးထားတဲ့အထဲမှာ flaxseed oil ကို ပန်းနှမ်းဆီလို့ ရေးထားတာတွေ့ပါတယ် Google က ပုံပြထားတဲ့ အပင်နဲ့ ကျွန်တော်တို့နိုင်ငံက ပန်းနှမ်းပင်က မတူတာတွေ့ရပါတယ်ဆရာ ဆီက အရည်အသွေးတူသလားဆရာ Google က flaxseed oil က ဈေးကြီးနေပြီး ဒီဘက်က ပန်းနှမ်းဆီကတော့ အဲ့လောက်ဈေးမကြီးပါဘူး

၂။ ဆရာ ဒီဆေးကို နို့တိုက်မိခင်သောက်ရင် ကလေးကို ဆိုးကျိုးထိနိုင်လား။ ကျွန်မအရမ်းဝနေလို့သောက်မလို့ပါ။ ကလေးက ၇ လကျော်ပါပြီ။

အဲဒီဆေးကို နှမ်းလို့သာသဘောထားပါ။ Flaxseed ကို နှမ်းနက်လို့ဘာသာပြန်တယ်။ နှမ်းကြတ်လို့လည်း ပြန်တယ်။ ဗီသွာလျှော်လို့လည်း အဘိဓါန်မှာတွေ့တယ်။

Seasme နှမ်းဆိုတာ လူတိုင်းနဲ့သင့်တယ်။ နှမ်းမှန်သမျှ သိပ်မကွာကြပါ။ ဆီထုတ်ယူလို့ရတာတွေဖြစ်တယ်။ အာဟာရဓါတ်ပါတယ်။ အဆီဓါတ်အမျိုးမျိုးမှာ မကောင်းတဲ့ ကိုလက်စထောနည်းတာကို ကျန်းမာရေးအတွက် ကောင်းတယ်လို့ ယူဆတယ်။ သူများတိုင်းပြည်တွေမှာ အလွန်ကြော်ငြာပြီးရောင်းတယ်။

အစားအသောက်တွေကို ဆေးထုတ်ကြတယ်။ အစားအသောက် သန့်ရှင်း လတ်ဆတ်တာထက်တော့ ဆေးစက်ရုံက ထုတ်တာတွေက ပိုမကောင်းနိုင်ပါ။

ကိုလက်စထောနည်းစေတာက ကောင်းတာမှန်ပေမယ့် လူဝနေတာကို ကျစေအာင်တော့ မရနိုင်ပါ။ ပိုမဝတာတော့ ဖြစ်နိုင်တယ်။ ဒါတောင် တခြားအစားအသောက်နဲ့ ဟော်မုန်းတွေက မှန်မှသာဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၂-၈-၂ဝ၁၇
၈-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး