Calendar 2019 ပက္ခဒိန်
မြန်မာပြည်ပြန်လည်နေတဲ့ သူငယ်ချင်းတယောက် ရေးတာတခုတွေ့တယ်။ မြန်မာစံတော်ချိန်နှင့်အညီ နေပြည်တော်မှ ၂၀၁၉ ပြက္ခဒိန် ယနေ့ရောက်လာပါပြီ။
ကိုယ့်အိမ်မှာတော့ မနေ့ကပဲ ဇန္နဝါရီတလစာ ပရင့်ထုတ်လိုက်တယ်။ ဒီနှစ်တော့ ဗမာပြည် ကိုယ့်ဆီမလာသေးပါ။ သားသမီးတွေအိမ်မှာလည်း ရှိကြသေးပုံမရ။ ဒီမှာထုတ်တဲ့ ကလင်ဒါတွေကတော့ ဘယ်နားသွားယူယူ။ ဒီမှာရှိတဲ့ စတိုးဆိုင်တွေမှာ ရှိမယ်တော့ထင်တယ်။ မရောက်ဖြစ်ကြသေးပါ။ ကိုယ်လိုချင်တာမျိုး ရှိ မရှိတော့ မသိ။
မြန်မာပြက္ခဒိန်ရချင်တာက မျက်နှာဖုံးပုံလှတာ မဟုတ်။ ရက်ရာဇာ ပြဿဒါး နဂါးခေါင်းလှည့် မဟုတ်။ ဥပုသ်နေ့သာ သိချင်တာ။ အခါကြီးရက်ကြီးတွေကို သိချင်တာ။ တရုပ်နေ့တွေကို သိချင်တာ မဟုတ်။
ပြက္ခဒိန်တခုတည်းကြည့်တာနဲ့ အကြိုက် အသုံး အတော်ကို မတူကြတာ ကျွန်တော်တို့တိုင်းပြည်ဖြစ်တယ်။ တချို့က အဖုံးတဲ့။ တချို့က ဗေဒင်ကိန်းခန်းတဲ့။ တချို့က အီကွေးတဲ့။
ဒေါ်မြမြအေးအတွက် နေ့အကွက်ကျယ်ကျယ်ရှင်းရှင်းလေးတွေပါတာမျိုးက အဆင်ပြေတယ်။ ဆေးခန်းအပွိုင့်င့်မင့်၊ ဆွမ်းပို့ စတာတွေ ရေးစရာနေရာလိုတယ်။
အပိုအဆာ မလိုတာတွေမပါတဲ့ ကျွန်တော်လိုချင်တဲ့ ဗမာပြည် ဘယ်တော့လာမည် မသိ။ ပျက်ကဒိန် မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ
၎-၁-၂၀၁၉

Comments
Post a Comment