Baby Colic ကလေးဗိုက်နာရင်

ဆရာရှင့် ကလေးကအသက်တနှစ်ပါ။ မိန်းကလေးပါ။ ညညဆိုတအားငိုပါတယ်။ နေ့ဆိုမငိုဘူး။ အနည်းငယ်အီပါတယ်။ အဖျားအနည်းငယ်ရှိပါတယ်။ မှောက်မှောက်ပြီးနေပါတယ်။ ဆေးခန်းတွေပြတော့လည်း ဘာမှမဖြစ်ဘူးလို့ပြောပါတယ်။ အစားလည်းသိပ်မစားပါဘူး။ ပြောပြပေးပါရှင့်။

ကလေးငယ်လေးတွေ ငိုတာဟာ ဗိုက်နာလို့သာမဟုတ်ဘဲ မိဘတွေ၊ လူကြီးတွေကနေ ဂရုစိုက်စေချင်လို့ ငိုတာလဲ ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေကထင်ကြတယ်။ ကလေးတွေဟာ မိခင်နို့စို့ရင်းဖြစ်ဖြစ် နို့ဗူးစို့ရင်းဖြစ်ဖြစ် လေကိုပါ မျိုချလို့ လေအပိုတွေကြောင့် ဗိုက်နာတတ်တယ်။ ဗူးသုံးရင် Anti Colic Baby Bottles သုံးပါလို့ ညွှန်တယ်။

ကလေး ဗိုက်နာတာကို ကုစားနည်းတမျိုးထဲရှိတာတော့ မဟုတ်ပါ။ တမျိုးနဲ့မရရင် နောက်တမျိုးလုပ်ရလိမ့်မယ်။ အဓိကကတော့ ကလေးကို ချော့ပေးဘို့ဘဲ။ သူစိတ်ရှုတ်တာကို လျော့စေဘို့ဖြစ်တယ်။ ဘာလို့အော်ငိုသလဲ သိအောင် လုပ်ရမယ်။ ပြုစုသူရဲ့ စိတ်ပူပန်မှုကိုလဲ လိုတာထက်မပိုစေရပါ။ ကလေးတွေဟာ လုံးဝဆိတ်ငြိမ်နေတာ သိပ်မကြိုက်ပါ။ သီချင်းသံ ဖွင့်ထားတာမျိုး လုပ်သင့်တယ်။ ကလေးဆာတဲ့အထိ မစောင့်ပါနဲ့။ နို့တိုက်နေရင် နို့မဝခင်ခဏနားပေးပါ။

အသုံးပြုနိုင်တဲ့ နည်းတွေ -
• Swaddling ကလေးအနှီး ထပ်ပတ်ခြင်း၊
• Side/stomach soothing ကလေးကို ဘေးတိုက် ဒါမှမဟုတ် မှောက်သိပ်ပါ၊
• Shushing sounds ကလေးကို ဗိုက်ထဲမှာနေတုံးက ကြားနေရတဲ့အသံမျိုး ကြားစေအောင်လုပ်ပါ။ ဥပမာ မောင်းနေတဲ့ ကားပေါ်တင်တာ၊ ဆံပင်ခြောက်ကိရိယာကို အသံမြည်စေတာလုပ်ပါ၊
• Swinging ပုခက်လွှဲပေးတာ၊
• Sucking ကလေးပါးစပ်ထဲမှာ စုပ်စရာတခု ထည့်ထားပေးတာ လုပ်နိုင်တယ်။

ကလေးတွေဗိုက်နာတာ အလိုလိုပျောက်ပါမယ်။ Gripe water, Gripe mixture, Air X  စတဲ့ ကလေးလေဆေးက လေဗူဘောင်းသေးသေးလေးတွေကို ကြီးလာပြီး လေအထက်ကဖြစ်ဖြစ် အောက်ဖြစ်ဖြစ် ထွက်စေတာသာ ဖြစ်ပါတယ်။ Colief drops နဲ့ Dentinox Infant colic drops စတဲ့ဆေးဆွေက ဗိုက်ရစ်နာတာကိုသက်သာစေတယ်။

သုံးနိုင်တဲ့ လေဆေးတွေ -
• Aden + Anais 100% Cotton Muslin Swaddle Wrap, Jungle Jam, 4 Pack
• Baby SleepSack Wearable Cotton Blankets Halo Innovations
• Colic Calm All Natural Gripe Water
• Colic Gas Relief
• Dentinox Infant Colic Drops 100ml
• Enfamil Nutramigen LIPIL with Enflora Powder for Infants with Iron, 12.6-Ounce Cans (Case of 6)
• Equate – Infants’ Gas Relief Drops, Simethicone 20 mg
• Gripe Water, Gripe Mixture
• Happi Tummi Removable Waistband – Blue
• Hyosyne drops for colic
• Infacol Wind Drops
• Kids Baby Sleep Bag
• Little Tummys Gas Relief Drops for Newborns, Infants & Children, Berry, 1 Ounce (Pack of 3)
• Little Tummys Gripe Water – 4 oz
• Miracle Blanket -Baby Swaddling Blanket -Pink
• Mommy’s Bliss Gripe Water, Liquid, 4-Ounce Bottles (Pack of 2)
• Newborn Rock ‘n Play Sleeper, Yellow
• Similac Alimentum Advance Protein Hypoallergenic Formula with Iron, Ready to Feed, 8-Fluid Ounces
• Ultimate Baby Music – Baby Got Colic (White Noise for Babies)

တကယ့်ကို ဗိုက်ရစ်နာရင်တော့ Renal colic ကျောက်ကပ်ကျောက်ကိုစစ်ဆေးရမယ်။ Biliary colic ဆိုတာက သည်းခြေကျောက်ရှိလို့ ရစ်နာတာ။ ကလေးဟာ အဆက်မပြတ်ငိုနေမယ်။ ချော့မရဖြစ်မယ်။ မျက်နှာနီပြီး ညိုပြာပြာ ဖြစ်လာမယ်။ နေ့တိုင်း ငိုနေကျအချိန်မျိုးမှာငိုမယ်။ မိနစ်နည်းနည်းကြမယ်။ တိတ်သွားမယ်။ ငိုတာကလည်း အကြောင်းမဲ့လို့ ထင်ရတယ်။ အနေအထားကလည်း ဗိုက်ကြောတွေတင်းတောင့်ပြီး ခါးကော့်နေမယ်။ အိပ်ရေးပျက်မယ်။ နို့ကောင်းကောင်းမစို့ဘူး။

ကလေးငယ်လေးတွေ အကြာကြီးငိုရင် လေကိုအရင်စဉ်းစားရတယ်။ ကလေးတွေငိုတိုင်းရောဂါရှိလို့မဟုတ်ပါ။ ၅% မှာသာ အကြောင်းတခုခုရှာတွေ့တယ်။ ကလေးမှာ အဲလိုလေကြောင့်ရစ်နာတာ ရက်သတ္တပါတ်ကြာတတ်တယ်။ ငယ်တုံးက အဲလိုဖြစ်လို့ ကလေးကြီးတော့ လေနာဆိုတာ ဆက်မဖြစ်ပါ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး