Body odor ကိုယ်နံ့

၁။ ဆရာရှင့် သမီးမှာဖြစ်နေတဲ့ပြဿနာကို လူသိရှင်ကြားမမေးရဲလို့ပါရှင့်။ သမီးမှာ အရမ်းပြင်းတဲ့ ကိုယ်နံ့ရှိပါတယ်ရှင်။ ဘေးကလူတွေ အနှောက်အယှက်ဖြစ်ရလောက်အောင်ပါ။ သမီး ၁၅ နှစ်လောက်ကစပြီး အခု ၂၄ နှစ်ရှိပါပြီရှင်။ တခါတရံ သက်သာသလိုရှိပေမယ့် တခါတခါအရမ်းဆိုးပါတယ်ရှင်။ ချွေးနံပျောက်ဆေး roll on များသုံးလို့မရပါ။ ပိုဆိုးစေပါတယ်ရှင်။ ဒါနဲ့ ကျောက်ချဉ် ထုံးရည်ကြည် စတဲ့သဘာဝပစ္စည်းများ အသုံးပြုသော်လည်း ခဏသာထိမ်းနိုင်ပြီး ချွေးထွက်လာရင် ပြန်ဆိုးသွားပါတယ်ရှင်။ ရေလည်းပုံမှန်ချိုးပါရဲ့ဘာလို့မှန်းမသိပါရှင်။ အစားအသောက်ကြောင့် ဖြစ်မှာဆိုးလို့ အနံပြင်းတဲ့ ကြက်သွန်နီဖြူမျိုးတွေ မစားပါရှင်။ မိန်းကလေးတယောက်အတွက် အရမ်းကိုအနှောက်အယှက် ဖြစ်ရပါတယ်ရှင်။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုမရှိတော့ပါရှင်။ သောက်ရမည့်ဆေးနဲ့ သင့်တော်တဲ့ ဆရာဝန်ရှိရင် ညွှန်ကြားပေးပါရှင်။

၂။ ကျနော် နာမည်က (့) ပါ။ ကျနော့် ကောင်မလေးနာမည်က (့) ပါ။ အသက်က ၂၆ နှစ်ရှိပါပြီ အပျိုပါဆရာ။ ခန္ဓာကိုယ်အနံ့နဲ့ပက်သတ်ပြီး သိချင်လို့ပါ။ သူ့မှာ ဘာမှန်းမသိတဲ့ အနံတစ်ခုရနေလို့ပါ။ သူနဲ့ ရည်းစားမဖြစ်ခင် အချိန်တွေတုန်းကတော့ သိပ်ပြီးအနံ့မရမိဘူး။ ရည်းစားဖြစ်ပြီးတော့ ပူးပူးကပ်ကပ်လဲ ရှိလာတော့ သူ့ဆီက အနံ့တစ်ခုကို သတိထားမိလားတယ်။ ကျနော်ထင်တာ သူခံတွင်းနံ့ ဆိုးတယ်လို့ပဲ ထင်ခဲ့မိပါတယ်။ သူ့ကို Listerine နဲ့လဲ ပလုပ်ကျင်းခိုင်းပါတယ်။ အနံ့ကပျောက်မသွားပါဘူး။ နောက်တော့မှ သူအိပ်နေတဲ့အချိန် ပါးစပ်ပိတ်နေတုန်း နှာခေါင်းကလေကို အထုတ်အသွင်းလုပ်တိုင်း အဲဒီအနံဆိုး ထွက်နေတာပါ။ သူ့ခံတွင်းအနံ့က လုံးဝမဆိုးပါဘူး။ အသက်ရှူတဲ့အချိန် ခန္ဓာကိုယ်တွင်းက ထုတ်တဲ့လေက အနံ့ဆိုးပါလားတယ်လို့ ထင်ပါတယ်။ အနံစပြီး ရခါစက မြင်းရဲ့ မစင်အနံနဲ့ တူပါတယ်။ နောက် တစ်ဖြေးဖြေးနဲ့တော့ မျှစ်ချဉ်နံ့လိုလို ဘာလိုလိုနဲ့ ချဉ်စူးစူး အနံရပါတယ်။ ကျနော်ပဲ အနံ့ ယဉ်လာတာလား သူအနံ့ကပဲ ပြောင်းတာလားတော့ မသိပါခင်ဗျာ။ ဘယ်လိုကုသရင် ပျောက်ကင်းနိုင်မယ်ဆိုတာကို လမ်းညွန်ပေးပါခင်ဗျာ။

လူ့ကိုယ်နံ့အဆိုးကို ဗက်တီးရီးယားနံ့လို့ ပြောနိုင်တယ်။ ချွေးထွက်ရင် ဒီအကောင်တွေက ပေါက်ပွါးတယ်။ ချွေးနံ့ သက်သက်မှာ အနံ့မရှိပါ။ ကိုယ်နံ့တွေကို Bromhidrosis, Apocrine Bromhidrosis, Bromidrosis, Osmidrosis, Ozochrotia, Fetid sweat လို့ ဆေးပညာအရ အမျိုးမျိုး ခွဲထားတယ်။

- Diet စားတဲ့အစားအသောက်၊
- Lifestyle လူနေမှုပုံစံ၊
- Gender ကျား-မ၊
- Genetics မျိုးဗီဇ၊
- Health ကျန်းမာရေးအခြေအနေ၊
- ဆေးဝါးတွေကနေ သက်ရောက်စေတယ်။

• ကိုယ်ကနေ ချင်စူးစူး၊ Vinegar-like smell (ဗနီဂါ) နံ့လိုရတာဟာ Propionic acid ဖြစ်လာ-ရှိလာလို့ပါ။ ဗက်တီးရီးယားကနေလာတယ်။
• Staphylococcus ဗက်တီးရီးယားကနေဖြစ်ရင် Isovaleric acid ဆိုတာမျိုး ရှိနေမယ်။ cheese types ဒိန်ခဲနံ့လို ဖြစ်နေမယ်။
• Skin flora အရေပြားမှာနေကြတဲ့ ပိုးတွေထဲမှာ Corynebacterium တွေပါတယ်။ Lipases enzymes (အင်ဇိုင်းမ်) တွေထွက်စေတယ်။ ဒါတွေကနေ ချွေးထဲကအဆီနဲ့ ဓါတ်ပြုမယ်။ ထွက်လာတာတွေကနေ Body odor ကိုယ်နံ့ရဲ့ Characteristic aroma အနံ့ထူးခြားမှုကို ရစေတယ်။
• Genetics မျိုးဗီဇ ကနေလဲ သက်ရောက်တယ်။ Major histocompatibility complex (MHC) (မော်လီကျူး) တွေကနေ ဖြစ်စေတယ်။ ရောဂါပြီးစနစ်နဲ့ဆိုင်တယ်။ စမ်းသပ်တဲ့အခါ လူတွေမှာရော အကောင်တွေမှာပါ MHC composition ကွဲပြားမှု များရင် ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်နိုင်စွမ်းရှိတာ တွေ့ရတယ်။ သုတေသနတခု အလိုအရ မျိုးဗီဇတခုဟာ Earwax နားဖါလိုဘဲ အနံ့ကို ဖြစ်စေတဲ့ Codes မျိုးရှိတယ်။

ကိုယ်နံ့ရှိရင် (၁) Propionic acid (ပရိုပိုင်ယောနစ်အက်စစ်) နဲ့ (၂) Isovaleric acid (အိုင်ဆိုဗယ်လဲနစ်အက်စစ်) ၂ မျိုးကြောင့်ဖစ်ြတယ်။ ဗနီဂါနံ့ရရင် ပဌမအက်စစ်ဖြစ်မယ်။ ဒိန်ခဲနံ့ဆိုရင် ဒုတိယအက်စစ်ဖြစ်မယ်။ လူတိုင်းမှာ ချွေထွက် (ဂလင်း) ပေါင်း ၃-၄ သန်းရှိတယ်။ အမျိုးအစား (၂) ခုရှိတယ်။ (၁) Eccrine glands အမျိုးအစားကအများဆုံး။ ကိုယ်အပူချိန်ကိုထိန်းပေးနေတယ်။ (၂) Apocrine glands ကတော့ ချိုင်းနဲ့ ပေါင်ခြံလိုနေရာတွေမှာရှိတယ်။ ရင်သား၊ မျက်ခွံ၊ နားရွက်တွေမှာလည်းရှိတယ်။ အနံ့တမျိုးရှိတယ်။ လိင်စိတ်နဲ့ဆက်စပ်မှုရှိတယ်။ Pheromones ပါနေရင် တဖက်သားကို ဆွဲဆောင်မှုဖြစ်စေတယ်။
ခြေဆီနံ့ဆိုးတာလည်း ဗက်တီးရီးယားတွေကြောင့်ဖြစ်တယ်။ မှိုပိုးလည်းပါနိုင်တယ်။

၁။ နေ့စဉ် ရေခပ်နွေးနွေးနဲ့ရေချိုးပါ။
၂။ အဝတ်အစားကို သဘာဝထုတ်လုပ်တာကိုကောင်းတယ်။ ချည်ထည်၊ ပိုး၊ သားမွှေး။
၃။ အစားအသောက်ရွေးပါ။
၎။ Aluminum chloride ကနေ ချွေးထွက်သက်သာစေတယ်။
၅။ ချိုင်းသန့်အောင်ဂရုစိုက်ပါ။ ဗက်တီးရီးယားသေစေတဲ့ဆပ်ပြာသုံးနိုင်တယ်။ (မှတ်ချက် အဲလိုဆပ်ပြာနဲ့ မိန်မကိုယ်ကို အမြဲဆေးသန့်ဘို့မသင့်ပါ။)
၆။ ကိုယ်မွှေးရိတ်သင့်တဲ့နေရာကို အချိန်ကျရင်ရိတ်ပေးပါ။
၇။ Botulinum toxin ထိုးဆေးကို တချို့နေရာတွေမှာသုံးတယ်။
၈။ ခြေအိတ်ကို ချည်ထည်သုံးပါ။ လဲလဲပေးပါ။ ခရီးကြာသွားရရင် နားလို့ရချိန်မှာ လေသလပ်ပေးပါ။ ခြောက်သွေ့စေပါ။ အသစ်လဲပါ။ ခြေထောက်ကိုမကြာမကြာဆေးပါ။ လက်ဖက်ပင်ဆီသုံးနိုင်တယ်။ တမာသုံးနိုင်တယ်။ ခြေထောက်ကို Pumice stone ကျောက်နဲ့ပွတ်တိုက်ဆေးကြောပါ။
၉။ Deodorants အနံ့ပျောက်ဆေး၊ Antiperspirants ချွေးထွက်သက်သာဆေး၊ Disinfectants (Triclosan) ပိုးသတ်ဆေး၊ ပိုးသေဆေးတွေပါတဲ့ သဘာဝထွက်ကနေလုပ်ထားတဲ့ အထူးဆပ်ပြာ (Ribwort and Liquorice)၊ Chlorophyllin ointments လိမ်းဆေး၊ ဖျန်းဆေး။ Chlorophyllin supplements စားဆေးတွေကို သုံးနိုင်တယ်။
၁ဝ။ တကိုယ်ရေသန့်ရှင်းရေး ပိုလုပ်ရမယ်။

Hyperhidrosis ချွေးထွက်များလွန်းလို့ http://dts-medicaleducation.blogspot.com/2010/11/hyperhidrosis.html
Bad breath ခံတွင်းနံ့ မကောင်းရင် http://doctortintswe.blogspot.com/2014/11/bad-breath.html
Body odor ကိုယ်နံ့ http://doctortintswe.blogspot.com/2014/11/body-odor.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး