Pregnancy and vomiting ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း

၁။ ကျွန်မနာမည့့် ဖြစ်ပါတယ်။ အရင်ကလည်း ဆရာ့ကို စာ 2, 3 စာရေးပြီး ကျန်းမာရေး ပြဿနာလေးတွေ မေးဖူးပါတယ်။ အရင်ကတော့ မှာနေတယ်ဆရာရှင့်။ အခုတော့ မှာရောက်တာ ခုနစ်လထဲ ဝင်နေပြီဆရာရှင့်။ စာတွေတော့ အမြဲဖတ်ပြီး ကျန်းမာရေး ဗဟုသုတတွေ တိုးပွားလာပါတယ်။ အခု ကျွန်မ ဒုတိယကိုယ်ဝန်က လေးလထဲဝင်နေပြီဆရာ။ အခုထိ မူးတာ အန်တာ မပျောက်ဘူးဆရာ။ OG က အားဆေးနဲ့ အအန်ပျောက်ဆေးလည်း ပေးတယ်။ သိပ်မသက်သာဘူးဆရာရှင့်။ ပြီးတော့ PRENATAL VIRAMINE လည်း သောက်ဖို့ တပတ်မှာ နှစ်ရက်လောက် မေ့မေ့နေတယ်။ ဆရာဝန်ပြောတာ အားဆေးလည်း ပုံမှန်မသောက်ရင် မူးအန်တာပိုဆိုးတယ် ပြောတယ်ဆရာ။ အခုတလော ရာသီဥတုကလည်း အအေးလွန်တော့ အအေးမိဖြစ်နေတယ်။ လူက တရက်မှ မလန်းဘူး။ တချိန်လုံး အိမ်မှာဘဲ လှဲနေရတယ်ဆရာ။ ဘယ်လို လုပ်ရမလဲမသိလို့ ဆရာ့ကို အကူညီတောင်းရတာပါ။ ကူညီပြီး ဖြေပေးပါဦး ဆရာရှင့်။ သွေးလည်းစစ်တယ် Vitamin D လိုတယ်ဆိုလို့ Vitamin D တော့ တပတ်တခါ သောက်ခိုင်းတယ် ဆရာရှင့်။

၂။ မင်္ဂလာပါဆရာ ကျွန်မ အသက် ၂၆နှစ်ပါ။ ကိုယ်ဝန် ၇ ပတ်ကျော်ပါပြီ။ ပထမဆုံးကိုယ်ဝန်ပါ။ စားသမျှအနပ်တိုင်းလိုလို အန်ပါတယ်။ အစာမရှိရင်လေအန်ပါတယ်ဆရာ။ တနေကုန် ရင်ထဲပြည့်ပြီး မအီမသာဖြစ်နေတာ အတော်ဆိုးပါတယ်ဆရာ။ OG နဲ့အားဆေးသွင်းနေတာ၂ခါရှိပါပြီ။ အအန်ပျောက်ဆေးလည်း အကြိမ်ရေ တိုးသောက်တာမသက်သာဘူးဆရာ။ လိုအပ်ရင် ပုလင်းကြီးချိတ်တာတို့ ဆေးရုံတက်တာတို့လုပ်ရမယ်ဟြေပါတယ်။ ကျေးဇူးပြုပြီး သက်သာမယ့်နည်းများရှိရင် အကြံပေးပါနော် လေးစားစွာဖြင့်။

၃။ မင်္ဂလာပါ ဆရာရှင့် ကျွန်မက အသက် ၃၀ သားဦး ကိုယ်ဝန်ဆောင် ထားတာ ၁၈ ပတ် ရှိပါပြီရှင့်။ ဆရာဝန်နဲ့လဲ တလတကြိမ် ပုံမှန်ပြဖြစ်ပါတယ်ရှင့်။ သုံးလအထိက စားပြီးတိုင်းအန်လိုက် ခေါင်းမထူနိုင်အောင် မူးလိုက်နဲ့ အိပ်ယာထဲမှာပဲ နေခဲ့ရပါတယ်။ အချဉ်ဓါတ်နည်းတဲ့ သစ်သီးလောက်နဲ့ ဆန်ပြုတ်လောက်ပဲ သောက်ပြီးနေခဲ့ပါတယ်ရှင့်။ နို့မှုန်တွေလဲ နံလို့ ပုံမှန်မသောက်ဖြစ်ပါဘူးရှင့် ဆေးတွေတော့ပုံမှန်သောက်ဖြစ်ပါတယ်ရှင့်။ အခုလေးလထဲမှာ ထမင်းစားနိုင်လာပါတယ်ရှင့် ဒါပေမယ့် သစ်သီးနဲ့ အရွက်စိမ်းကြော်လောက်နဲ့ပဲ နေ့တိုင်းစားဖြစ်ပါတယ်။ အသား၊ နို့၊ ကြက်ဥတို့ကို အခုချိန်ထိ မမြင်ချင်အောင် စားမရပါဘူးရှင့်။ သဘာဝမှည့်သရက်သီးကို တနေ့သုံးလုံးလောက် စားဖြစ်နေတာက သန္ဓေသားကို အန္တရာယ်ရှိနိုင်မလားရှင့်။ ဒူးရင်းသီးကိုလည်း ထမင်းနဲ့ တနေ့နည်းနည်း တလုံးလောက် ကုန်အောင်စားခဲ့ပါတယ်ရှင့်။ အသားနဲ့ ဥတွေမစားနိုင်တာကလဲ သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါသလားရှင့်။ ကျွန်မခန္ဓာကိုယ်က အရင်ထဲက ၁၀၂ ပေါင်လောက်ပဲရှိခဲ့ပြီး အစားအသောက်နည်းတဲ့အတွက် သန္ဓေသားဖွံဖြိုးမှုအတွက် စိုးရိမ်ပါသဖြင့် အကြံပြုစကားများကို စောင့်မျှော်မိပါတယ်ရှင့်။ လေးစားစွာဖြင့်။

၎။ ယခုဒုတိယကိုယ်ဝန် ၁၀ ပါတ်ရှိပါပြီရှင့်။ အရင် OG တုန်းက Nosic အအန်ပျောက်ဆေးပေးပါတယ်ရှင့်။ အခု OG ဆရာမကြီးက Nosic ကအန္တရာယ်များတယ်ပြောပြီး မသောက်ခိုင်းပါဘူးရှင့်။ အအန်ပျောက်ဆေး မသောက်ရင် ဘာမှ မစားနိုင်တော့ပါ။ အရမ်းလဲအန်ပါတယ်ဆရာ။ အစာအိမ်ရောင်ရောဂါလဲရှိတော့ ရေသောက်ရင်ကို ရင်ခေါင်းက တင်းပြီး တနေကုန်လေတက် မအီမသာခေါင်းတွေလဲမူး ခံရခက်လို့ပါဆရာ။ OG ဆရာမကြီးက Antacid မနက် ၁ ည ၁ သောက်ခိုင်းပါတယ်ရှင့်။ အအန်ပျောက်ဆေး တနေ့တလုံးသောက်ရင် ကလေးထိခိုက်နိုင်ပါသလား သိချင်ပါသည်။ ဆေးရဲ့ side effect ကျွန်မအနေဖြင့် ကျန်းမာအောင် ဘယ်လိုနေထိုင်စားသောက်ရမည်ကို လမ်းညွှန်ပေးပါဆရာရှင့်။

၅။ ဆရာရှင့် သမီးအသက် ၃၄ ထဲမှာ၊ ခုဒုတိယ ကိုယ်ဝန် ၄ လကျော်ပါပြီ။ ပြဿနာက တနေကုန်လိုလိုမူးပါတယ်။ ပြီးစားသမျှအန်ပါတယ်။ စားထားတာ ဘာမှမရှိရင် လေနဲ့ ရေတွေအန်ပါတယ်။ ရန်ကုန်အလည်ပြန်တုန်းက အဲ့ဒီက အိုဂျီက Nosic ဆိုတဲ့ဆေးကိုပေးပါတယ်။ ၂ လထဲက အဲ့ဆေးသောက်ပါတယ်။ ဆေးသောက်တဲ့နေ့ဆို နေလို့ ကောင်းပါတယ်။ မသောက်မိတဲ့နေ့ တွေဆို ချာချာလည်အောင်မူးပါတယ်။ ဒီက ဆရာဝန်က အဲ့ဆေးကို ရပ်ခိုင်းပါတယ်။ ဘာဖြစ်လို့ ပါလဲဆရာ။ ဆေးရပ်လိုက်ရင် ကျွန်မ ခံနိုင်မှာမဟုတ်ပါဘူး။ တနေ့ ၂ လုံး သောက်ရမှာကို တခါတလေ ၁ လုံးဘဲသောက်မိတဲ့ နေ့တွေတောင် ခေါင်းမထောင်နိုင်လို့ အိပ်ယာထဲလှဲနေရတာပါ။ အဲ့ဆေးက အထဲကကလေးကို effects ဖြစ်စေလို များ ဒီက ဆရာဝန်ကရပ်ခိုင်းတာလားရှင့်။ တကယ်လို့ အဲ့ဆေး မသောက်ရဘူးဆို တခြားစိတ်ချရတဲ့ ဆေးလေးများရှိရင်သိပါရစေရှင့်။

၆။ ဆရာရှင့် သမီးအသက် ၃၂ပါ။ ပထမကိုယ်ဝန်တုန်းက သားစိတ်တက်ပြီး သွေးပေါင်ပါတက်လို့ မွေးဖို့ပေးထားတဲ့ ရက်ထက် ၁၉ ရက်စောပြီး ခွဲမွေးခဲ့ရပါတယ်။ ဒုတိယကိုယ်ဝန် ပျက်သွားပါတယ်။ အခုတတိယကိုယ်ဝန် လွယ်ထားရပါတယ်။ စရှိတည်းက ပျို့ပဲပျို့နေပါတယ်။ အခု ၇ပတ်ရှိပါပြီ။ ဆရာမပေးတဲ့ဆေးနဲ့လည်း မသက်သာပါဘူး။ အချဉ်လေးစားရင် နည်းနည်းသက်သာလို့ အချဉ်ကိုပိုစားဖြစ်ပါတယ်။ အခု အန်လာပါတယ်။ တပတ်ရှိပါပြီ။ အန်လိုက်ရင် ပျို့တာက ခဏပဲ သက်သာပါတယ်။ အန်လိုက်ရင် အထဲကကလေးကို ထိခိုက်မလား သိချင်ပါတယ်ရှင်။ ကလေးတခုခုဖြစ်မလား စိုးရိမ်မိလို့ပါရှင်။ မေးတဲ့မေးခွန်းမှာအမှားပါမိရင် ခွင့်လွှတ်ပါဆရာ။

မေးခွန်းတွေထဲက တစ်တွေကိုပြင်ပါတယ်။ ယရစ်မပါတာတွေကိုထည့်လိုက်တယ်။ ဆောရီး။ မေးခွန်းတခုမှာ သွေးဆိပ်တက်လို့ ရေးရတယ်။ အဆိပ်ကိုဆိုလိုတယ်။ စိတ်ဆိုတာ စဉ်းစားတာ။ စိတ်ခံစားမှု။ ကိုယ်နဲ့ စိတ်။ သားစိတ်ဆိုရင် သားအပေါ်ထားရှိတဲ့စိတ် ဖြစ်သွားမယ်။

ကိုယ်ဝန်ဆောင်သူ ၇ဝ-၈၅% မှာဖြစ်တတ်တဲ့ ကိုယ်ဝန်ရှိစအန်ခြင်း Morning sickness အတွက် တခါတရံ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မဖြစ်မနေပေးရတဲ့ ဆေးတချို့မှာ လူနာ စိတ်သက်သာရစေတဲ့ဆေးလို့ခေါ်တယ်။ B-Natal TheraPops နှင့် B-Natal Lozenges တို့သည် ဗီတာမင် ဘီ-၆ ပါတဲ့ဆေးများဖြစ်ပြီး၊ Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်တယ်။ Bands Organic Morning Wellness Tea နှင့် Organic Heartburn Relieving Tea QueaseEASE နှင့် Essential Oil Therapy တို့ကလည်း ခေတ်သုံးဆေးတွေ ဖြစ်တယ်။

ဘယ်လိုကုသမလဲ
ဖြစ်စေတာ မသေခြာလို့ ကုသနည်းဟာလဲ မရေရာလှပါ။ ခံစားရတာကို သက်သာအောင်သာ လုပ်ရတာများတယ်။
အစာချေရည်ဆန်တာနဲ့ တွဲနေတာဆိုရင် ညမအိပ်ခင် Antacid လေဆေး သောက်အိပ်ပါ။ အစားအသောက်မှာ (ဖိုင်ဘာ) များတာ စားပေးပါ။ အဆီလဲ စားဘို့ လိုတယ်။ ပေါင်မုံ့ဖြူက အညိုထက် ဒီနေရာမှာ သင့်တယ်။ အသီးအနှံ၊ အသီးအရွက်တွေလဲ အစိမ်းမစားသင့်ပါ။ အဆီများတဲ့အသား ရှောင်ထားပါ။ စားပြီးရင် လဲလျောင်းမနေပါနဲ့၊ အစာစားပြီး လမ်းလျှောက်ပေးပါ။ သကြားဓါတ်နည်းတာဖြစ်ရင် သွားရည်စာ ခဏခဏစားပေးပါ။ သံပရာ၊ ရှောက်သီး၊ လိမ္မော်သီးတွေက အကျိုးများစေတယ်။ ချင်း (ဂျင်း) ဆေးတောင့်၊ ချင်းလဖက်ရည် ကောင်းတယ်။ အန်ရင် ရေခဲငုံပါ။ တခါစားရင် နဲနဲချင်းစားပါ။ ထမင်းမစားပြီးပြီးချင်း ရေမသောက်သေးဘဲ နာရီဝက်နေမှ သောက်ပါ။ မစားခင် ရေကို နာရီဝက်ကြို သောက်ထားပါ။ မနက်မထခင် Soda crackers စားနိုင်တယ်။ အိပ်ရာထရင် Crackers စားပါ။ အနံ့၊ အရသာ မကြိုက်တာမစားပါနဲ့၊ အစာစားချိန်မှာ မစားဘဲမနေပါနဲ့၊ ကောင်းကောင်း အနားယူပါ၊ ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးပါ။ Acupressure wristbands လက်မှာပတ်ထားပါ။ Sea Bands နဲ့ Relief Band Device တွေလဲသုံးနိုင်တယ်။ Salty potato chips အာလူးချစ်ပ် စားနိုင်တယ်။ Preggie Pops lollipops ငုံထားပါ။ သံဓါတ်အားဆေးကြောင့်ထင်ရင် Slower-release ဖြစ်ဖြစ် Lower-dose iron pills သံဓါတ်နည်းနည်းသာပါတာ ပြောင်းသောက်ပါ။ Vitamin B6 50 mg (ဗီတာမင် ဘီ ၆) သောက်ပါ။ ဆားဓါတ်ခန်းခြောက်တာဖြစ်ရင် ORS ဓါတ်ဆားထုပ် သောက်ပါ။ သောက်တာလဲ အန်ရင် Ringer Lactate drip သွင်းပါ။

Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကျွံအန်ခြင်း
ဆိုးတယ်။ ကြာရင် ကိုယ်အလေးချိန် လျော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆပြောင်းလဲခြင်းတွေဖြစ်လာနိုင်တယ်။ ကိုယ်ဝန် ၈-၁၂ ပတ်ရှိချိန် အဖြစ်များတယ်။ ၂ဝ ပတ်ဆိုရင် ၁ဝ% ကလွဲပြီး ပျောက်နိုင်သွားတယ်။ ဘာ့ကြောင့်ဖြစ်ရသလဲ တိတိပပမသိပါ။ ကိုယ်ဝန် ၂ဝဝ ရင် ၁ ယောက်ကနေ ၄ ယောက်ထိ ဖြစ်တတ်တယ်။ promethazine, prochlorperazine and metoclopramide တို့ကို ပေးနိုင်တယ်။ အနားယူပါ။ အစာကို နည်းနည်းတဲ့ အကြိမ်ခွဲစားပါ။ ပရိုတင်းများများ စားသင့်ပြီး အဆီနှင့်အစပ်လျော့သင့်တယ်။

Normal saline or Lactated Ringer solution သွင်းပေးဘို့လိုနိုင်တယ်။ ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမည်။ ဗီတာမင် ဘီ ၆၊ doxylamine 10 mg + pyridoxine (B6) 10 mg ရောပေးပါ။ Promethazine 12.5-25 mg ကို ၄ နာရီခြား။ Prochlorperazine 25 mg စအိုမှ ၁၂ နာရီခြား။ Meclizine, dimenhydrinate, Metoclopramide ကိုလည်းပေးနိုင်တယ်။ Methylprednisolone 16 mg စားဆေး သို့မဟုတ် ထိုးဆေး၊ တနေ့ (၃) ကြိမ်ကို နောက်ဆုံး အဖြစ်ပေးနိုင်တယ်။ ၃ ရက်နဲ့သက်သာရင် ၂ ပတ်အထိ ဆက်ပေးပါ။ မသက်ရင် ရပ်ပါ။ ဂျင်း (ချင်း) Ginger capsules of 250 mg တနေ့ (၄) ကြိမ်သောက်နိုင်တယ်။

ပဌမမေးခွန်းမေးသူကို Ondansetron ODT ဆေးပေးထာတာတွေ့တယ်။ ဘာကြောင့်အန်တာဖြစ်ဖြစ် ယူအက်စ်အေမှာ ပေးတာများတယ်။ ပြီးခဲ့တဲ့လထဲ ဆီးကျောက်ကြောင့် အန်ချင်သူကိုလည်း အဲဒီဆေးပေးတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး