Twins Fetal membranes and placenta အမြွာကိုယ်ဝန် အချင်းနဲ့ ရေမြွာအိတ်

မင်္ဂလာပါဆရာ ကျွန်မအသက် ၃၃ နှစ်။ သားဦးအမြွာကိုယ်ဝန် ၂၃ ပတ်ပါဆရာ။ အာထွာဆောင်းအဖြေလေး ပြောပြပေးပါဆရာ။ OG နဲ့ရက်ချိန်းလိုနေသေးလို့ပါ။ အချင်းကတခုထဲလို့လဲပြောပါတယ်ဆရာ။ အချင်းတခုထဲဆိုရင် ဘာတွေဖြစ်တတ်ပါသလဲဆရာ။ တခုခုဖြစ်မှာအရမ်းစိုးရိမ်ပါတယ်။ ဘယ်လိုပြင်ဆင်ထားသင့်သလဲဆိုတာ ပြောပြပေးပါဆရာရှင့်။ အဖြေစာရွက်ပုံပါပို့ပေးလိုက်ပါတယ်။ အဆင်ပြေရင်ပြောပြပေးပါဆရာ။ ကျေးဇူးတင်စွာဖြင့်။ ပုံမှားနေလို့ အသစ်ပြန်ပို့ပေးတာပါဆရာ။

အမြွာကိုယ်ဝန်မှာ အချင်းနဲ့ ရေမြွာအိတ် ပုံစံအမျိုးမျိုးရှိတယ်။

၁။ Dizygotic twins (ဇိုင်ဂိုမက်တစ်) အမြွာ
အမြွာတွေထဲမှာ အများဆုံးအမျိုးအစားဖြစ်တယ် မွေးဖွါးမှုပေါင်း ၁ဝဝဝ တိုင်းမှာ ဒီလိုအမြွာက ၇ ယောက်ကနေ ၁၁ ယောက်အထိရှိတယ်။ Sibling twins မွေးချင်းအမြွာလဲခေါ်တယ်၊ False twins အမြွာမှားလို့လဲခေါ်တယ်။ မိခင်လောင်းဟာ နောက်ဆုံးရာသီလာစဉ်က Oocytes ခေါ်တဲ့ မျိုးဥ ၂ ခုထွက်ခဲ့ပြီး ဖခင်လောင်းဆီက သုက်ပိုး ၂ ခုနဲ့ သီးခြားစီ တွေ့ဆုံ ပေါင်းစပ်လို့ ဖြစ်တယ်။ ဒါကြောင့် အမြွာကလေးတွေက လိင်ကအစ မတူကြပါ။ သားအိမ်အတွင်းလွှာမှာ လာတွယ်တာက သီးခြား၊ ရေမြွာလည်း တခြားစီ၊ အချင်းလည်း သီးသန့်ရှိတယ်။ တကယ်လို့ အချင်း ၂ ခုဟာနီးကပ်နေလို့ တခုနဲ့တခု ပူးကပ်သွားခဲ့ရင် ခုခံအားဖြစ်စဉ်မှာ မတည့်တာဖြစ်နိုင်တယ်။

၂။ Monozygotic twins (မိုနိုဇိုင်ဂေါတစ်) အမြွာ
မွေးဖွါးမှုပေါင်း ၁ဝဝဝ တိုင်းမှာ ဒီလိုအမြွာက ၃ ယောက်ကနေ ၄ ယောက်အထိရှိတယ်။ မိခင်လောင်းဟာ နောက်ဆုံး ရာသီလာစဉ်က Oocytes ခေါ်တဲ့ မျိုးဥ ၁ ခုထဲထွက်တယ်။ Cleavage ကွဲထွက်ဖြစ်စဉ် အဆင့်ဆင့်အရ မတူတာ (၃) မျိုးရှိတယ်။ Real twins အမြွာစစ်လို့ခေါ်တယ်။

(က) Cleavage ကွဲထွက်ဖြစ်စဉ် အဆင့် ၂ မှာဖြစ်တယ်။ သားအိမ်အတွင်းလွှာမှာ လာတွယ်တာ သီးခြားဖြစ်မယ်။ ဒါပေမဲ့ အချင်းသီးခြား၊ ရေမြွာအိတ်သီးခြားစီရှိကြမယ်။

(ခ) Cleavage ကွဲထွက်ဖြစ်စဉ် အဆင့် ၃-၄ မှာဖြစ်တယ်။ embryonic bud ခေါ်တဲ့ သန္ဓေအဖူးလေးဟာ blastocyst cavity (ဘလတ်စတိုဆစ်) အခေါင်းထဲမှာ တခြားစီဖြစ်လာမယ်။ Chorion (ခိုရီယွန်) ခေါ်တဲ့ ရေမြွာအိတ်တထပ်ရော အချင်းပါ အတူတူဖြစ်ပြီး၊ ရေမြွာအိတ်ကတော့ တခြားစီရှိမယ်။ မနေ့က ယမုန်နာဆေးခန်းလေးမှာမွေးတဲ့ အမြွာက ဒီအမျိုးအစား ဖြစ်ပါတယ်။

(ဂ) ရှားတဲ့အမျိုးအစားကတော့ Double-layer embryo သန္ဓေသားလွှာနှစ်ထပ်အဆင့်မှာဖြစ်တယ်။ အချင်းတူမယ်၊ Chorion (ခိုရီယွန်) ခေါ်တဲ့ ရေမြွာအိတ်တထပ်ရောတူမယ်။ Amniotic cavity ရေမြွာအိတ်လဲတူမယ်။

စိုးရိမ်စရာမရှိပါ။

ဒေါက်တာတင့်ဆွေ
၇-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး