Liver Tonics အသည်းအားဆေး

အသည်းရောဂါတွေက များလာ၊ များတာတွေထဲမှာ ဆိုးတာတွေလဲပါ၊ အရက်သေစာကလဲ မလျှော့တဲ့ပြင် မိန်းကလေးတွေပါ သောက်လာနေကြတယ်။ အရက်မသောက်လည်းဖြစ်တဲ့ အသည်းရောဂါတွေပါရှိတယ်။ လိင်လမ်းနဲ့ သွေးကနေကူးစက်တဲ့ အသည်းရောင်ပိုးတွေက အင်မတန်ဆိုးလှတယ်။ ဒါကြောင့် ဘယ်ကနေဖြစ်ဖြစ် ဖြစ်လာသမျှဟာ အသည်းမှာ နောက်ဆုံးဘူတာ ဆိုက်ပါတယ်။ အသည်းရောင်တာတွေ၊ အသည်းအဆီဖုံးတာ၊ အသည်းခြောက်တာ၊ အသည်းအလုပ်ကောင်းကောင်းမလုပ်နိုင်တာ၊ အသည်းနာတာရှည်ရောင်တာနဲ့ နောက်ဆုံးအသည်းကင်ဆာအထိ ဖြစ်တယ်။

အသည်းအားဆေးဆိုတာကို အားထားချင်လာကြတယ်။ အသည်းကို ကောင်းစေတဲ့ ဆေးတွေ၊ နည်းတွေဆိုရာ ရေးကြပါတယ်။ တချို့ဆိုရင် စနစ်တကျ ရေးထားကြတယ်။ ရောင်းအားလဲ ကောင်းလှပါတယ်။  အသည်းအားဆေးတွေက ဟာဘယ်နဲ့ အာယုဗေဒဆေးတွေ အများကြီးရှိပါတယ်။ ဆက်ဖဆ်စေချင်ပါတယ်။
• Amaladi as Ayurvedic Liver Tonic
• Ayuliv Liver Tonic
• Gayaliv Herbal Liver Tonic
• Hepamits Syrup
• Herbal Capsules for Liver Disorders
• Jaundice Syrup
• Livatone Plus
• Liv.52
• Liver Care Ayurvedic Medicine
• Liver Syrups
• Liver Tonic
• Liver Tonic - Liv 333
• Liver Tonic - V-Liv Syrup
• Milk Thistle 150mg - 40 Softgels
• Multi Vitamin Liver Tonic
• Pharmaceutical Syrup
• Sylimarin Liver Tonic
• Unani Syrup for Liver
• Veliv Syrup
• V-Liv Syrup For Liver Care

အသည်းအလုပ်တွေကို အားပေးတဲ့ ဆေးမဟုတ်တဲ့နည်းလမ်းတွေထဲမှာ အစားအသောက်က အရင်လာပါတယ်။ သကြားဓါတ် မသင့်ပါ။ အလွယ်ဝယ်ရတဲ့ ခေတ်ပေါ်သွားရည်စာတွေ မသင့်ပါ။ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေ သင့်ပါတယ်။
• Amino acids အမိုင်နိုအက်စစ်တွေလိုတယ်။
• Antioxidants အင်တီအောက်ဆီဒင့်ဆေးသင့်တယ်။
• Vitamin C ဗီတာမင် (စီ) ကောင်းပါတယ်။
• Vitamin E ဗီတာမင် (အီး) လဲ ညွှန်းကြတယ်။
• Carotenoids ကာရိုတင်နွိုက်လဲ ညွှန်းကြတယ်။
• ဗီတာမင် (ဘီ) အုပ်စုကတော့ ကောင်းပါတယ်။ (Vitamin B1), (Vitamin B2), (Vitamin B3), (Vitamin B5), (Vitamin B6), (Vitamin B 12), (Vitamin B 9), Biotin နဲ့ Inositol တွေပါတယ်။
• Lecithin နဲ့ Zinc သွပ်ဓါတ်တွေလဲ လိုမယ်။
• Green tea ရေနွေးကြမ်းကိုလဲ ဆေးအဖြစ်ညွှန်းတာရှိသေးတယ်။

တကယ်တန်းပြောရရင် အသည်းအားဆေးတွေကို အားကိုးထိုက်တယ်လို့ မပြောနိုင်ပါ။ ဆောရီး။ အသည်းမှာ တခုခု ဖြစ်လာရင် အရက်ကတော့ လုံးဝဖြတ်ရပါမယ်။ အသည်းရောဂါမဖြစ်အောင်ရှောင်ပါ။ ဖြစ်လာရင်လဲ စနစ်တကျ ဆေးစစ်၊ ဆေးကုသပါ။ မဟုတ်ရင် အိတ်ပေါက်နဲ့ ဖါးကောက်သလိုနေမယ်။ ကိုယ့်အိတ်ကို မဖေါက်ကြပါနဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး