ရင်း နှင့် ယင်း
တော်သလင်းလရေးတုန်းက ရင်းမာပန်းလို့ထည့်ရေးတာကို ယင်းမာလို့ပြင်ပေးသူ အနည်းဆုံး နှစ်ယောက်ရှိတယ်။ ရင်းမာပန်းလို့ရော ယင်းမာပန်းလို့ပါ ရေးပါတယ်။
ဆောင်ရွက်ယင်း၊ ဆောင်ရွက်ရင်း၊ ဘယ်ဟာ မှန်ပါသလဲ ဆရာခင်ဗျ။
ဆောင်ရွက်ရင်းလို့ရေးတာမှန်ပါတယ်။
ရင်း
ကလေးနို့တိုက်နေရင်း
ငရုန်းငရင်း
စကားပြောနေရင်း
စားရင်းသောက်ရင်း
စာရင်းကိုင်ပညာ
ဆွမ်းခံရင်း ငှက်သင့်
ထမင်းစားနေရင်း
ဒီပရင်း (ဒီပဲရင်း) မြို့
မုရင်းစပါး
မူလရင်းမြစ်
ရုံးရင်းဆန်ခတ်
ရင်းကျည် = ရင်ကျည် = ညစ်နွမ်းသည်၊ ချို့တဲ့ပျက်စီးသည်
ရင်းချာ
ရင်းစပ်ပင်
ရင်းစားပြန်
ရင်းဆွဲရင်းထောင်
ရင်းတိုက်ပင်
ရင်းတူမြစ်ဖျား
ရင်းမာပန်း
ရင်းပြားပင်
ရင်းရဲပင်
ရင်းရွှေပင်
ရင်းနှောင်းနွယ်ပင်
ရင်းနှီးသည်
ရိုးရင်းကြီးပေါင်း
လိုရင်းအချက်
သွားရင်းလာရင်း
အင်္ကျီသိုရင်း
အနာရင်းသည်
အရင်းရှင်စနစ်
အရင်းအနှီး
အိပ်နေရင်း
ငွေရင်းကြေးရင်း
ဆွေမျိုးရင်းချာ
မောင်ရင်းနှမ
ရောင်းရင်းငယ်ပေါင်း
ရောင်းရင်းဝယ်ရင်း
ယင်း
ပယင်းကျောက်
ယင်း (ငါးဖမ်းသုံး)
ယင်း (သုံးပုံဖဲ)
ယင်းကပ် (လှေ)
ယင်းကာသည်
ယင်းကျစ်သည်
ယင်းစကားအတိုင်း
ယင်းတိုက်ကွင်းရွာ
ယင်းတိုက်ပင်
ယင်းမာပင်မြို့
ယင်းမာပန်း
ယင်းပြား
ယင်းရည်းလိုက်ခါ
ယင်းရဲကျောက်ဆောင်တိပ်
ယင်းလိပ်
ယင်းတော်မြို့
ယင်းသောအခါ
ယင်းနှောင်းသိမ်ပင်
ရွှေယင်းမာမြို့
ယင်း၊ အနှီ၊ ထို၊ ဤ၊ ၎င်းလို့ စာနဲ့ရေးပါတယ်။ အဲတာလို့ စကားပြောတယ်။ အခု အဲ့လို့ရေးနေကြတာကို နားမလည်လှပါ။ ကလေးတွေ အညစ်အကြေးတွေကို မထိကိုင်စေချင်ရင် အဲ့အဲ့တွေ မကိုင်ရဘူးလို့ ပြောကြတယ်။ ဆောရီး။ အဲဒီဟာ၊ အဲတာ၊ အဲသည်ဟာလို့ရေးသင့်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၃-၉-၂ဝ၁၅
၁၄-၉-၂ဝ၁၇
ဆောင်ရွက်ယင်း၊ ဆောင်ရွက်ရင်း၊ ဘယ်ဟာ မှန်ပါသလဲ ဆရာခင်ဗျ။
ဆောင်ရွက်ရင်းလို့ရေးတာမှန်ပါတယ်။
ရင်း
ကလေးနို့တိုက်နေရင်း
ငရုန်းငရင်း
စကားပြောနေရင်း
စားရင်းသောက်ရင်း
စာရင်းကိုင်ပညာ
ဆွမ်းခံရင်း ငှက်သင့်
ထမင်းစားနေရင်း
ဒီပရင်း (ဒီပဲရင်း) မြို့
မုရင်းစပါး
မူလရင်းမြစ်
ရုံးရင်းဆန်ခတ်
ရင်းကျည် = ရင်ကျည် = ညစ်နွမ်းသည်၊ ချို့တဲ့ပျက်စီးသည်
ရင်းချာ
ရင်းစပ်ပင်
ရင်းစားပြန်
ရင်းဆွဲရင်းထောင်
ရင်းတိုက်ပင်
ရင်းတူမြစ်ဖျား
ရင်းမာပန်း
ရင်းပြားပင်
ရင်းရဲပင်
ရင်းရွှေပင်
ရင်းနှောင်းနွယ်ပင်
ရင်းနှီးသည်
ရိုးရင်းကြီးပေါင်း
လိုရင်းအချက်
သွားရင်းလာရင်း
အင်္ကျီသိုရင်း
အနာရင်းသည်
အရင်းရှင်စနစ်
အရင်းအနှီး
အိပ်နေရင်း
ငွေရင်းကြေးရင်း
ဆွေမျိုးရင်းချာ
မောင်ရင်းနှမ
ရောင်းရင်းငယ်ပေါင်း
ရောင်းရင်းဝယ်ရင်း
ယင်း
ပယင်းကျောက်
ယင်း (ငါးဖမ်းသုံး)
ယင်း (သုံးပုံဖဲ)
ယင်းကပ် (လှေ)
ယင်းကာသည်
ယင်းကျစ်သည်
ယင်းစကားအတိုင်း
ယင်းတိုက်ကွင်းရွာ
ယင်းတိုက်ပင်
ယင်းမာပင်မြို့
ယင်းမာပန်း
ယင်းပြား
ယင်းရည်းလိုက်ခါ
ယင်းရဲကျောက်ဆောင်တိပ်
ယင်းလိပ်
ယင်းတော်မြို့
ယင်းသောအခါ
ယင်းနှောင်းသိမ်ပင်
ရွှေယင်းမာမြို့
ယင်း၊ အနှီ၊ ထို၊ ဤ၊ ၎င်းလို့ စာနဲ့ရေးပါတယ်။ အဲတာလို့ စကားပြောတယ်။ အခု အဲ့လို့ရေးနေကြတာကို နားမလည်လှပါ။ ကလေးတွေ အညစ်အကြေးတွေကို မထိကိုင်စေချင်ရင် အဲ့အဲ့တွေ မကိုင်ရဘူးလို့ ပြောကြတယ်။ ဆောရီး။ အဲဒီဟာ၊ အဲတာ၊ အဲသည်ဟာလို့ရေးသင့်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၃-၉-၂ဝ၁၅
၁၄-၉-၂ဝ၁၇

Comments
Post a Comment