Marvelon 28 တားဆေး

(ကန်တော့)

ဆရာ မင်္ဂလာပါရှင့်  ကျွန်မ အသက် ၃၅ နှစ်ပါရှင့် ကလေးက ၉လပါရှင့်  တားဆေး ထိုးဆေးထိုးပြီးတာ ရက်ပြည့်လို့ အခု စားဆေးစသောက်နေပါပြီရှင့် နို့တိုက်မိခင်သောက်ရတယ်ပြောလို့ သောက်ကြည့်တာ  ကန်တော့ပါဆရာရှင့် ရင်သား တင်းပြီနာနေပါတယ်ရှင့် ရာသီလချင်သလို ခါးလဲနဲနဲ ကိုက်ပါတယ်ရှင့်  ထိုးဆေးစထိုးထဲက အခုချိန်ထိရာသီမလာသေးပါရှင့် ကျွန်မမှာ အသဲရောင် အသားဝါ B လဲရှိတယ်ရှင့် သောက်ဆေးသောက်တာ ဒီနေ့မှ ၃လုံးပဲရှိသေးတယ်ရှင့်ကျေးဇူးတင်ပါတယ်ရှင့် ဒီဆေးပါ ဆရာရှင့် ဘာဆက်လုပ်သင့်ပါလဲရှင့်

အဲတာက ဟော်မုန်း ၂ မျိုးပါ ရိုးရိုးတားဆေးဖြစ်တယ်။ နို့တိုက်မိခင်တွေက တမျိုးသာပါတဲ့ဆေး သောက်သင့်တယ်။ ဥပမာ Exluton တားဆေး။ ၃ လခံထိုးဆေးက ရာသီမမှန်ဖြစ်သူ များတယ်။ နာတာအတွက် Ibuprofen လိုတဲ့အချိန် သောက်နိုင်။ တားဆေးစားဆေးက ရာသီလမှန်စေမယ်။ Marvelon ဆေးက နို့ထွက်နည်းစေနိုင်တယ်။

Exluton ကိုယ်ဝန်တား အသေးစား ဆေးပြား http://doctortintswe.blogspot.com/2014/11/birth-control-minipill.html
Marvelon (မာဗယ်လွန်) တားဆေး http://doctortintswe.blogspot.com/2014/11/marvelon_24.html

ဒေါက်တာတင့်ဆွေ
၁၃-၅-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး