Breast-feeding cuts moms’ risk of breast cancer ကလေးနို့တိုက်လျှင် ရင်သားကင်ဆာ အဖြစ်နည်းစေနိုင်

ဆရာရှင့် သမီးအသက်က ၂၃ ပါ ကလေးမွေထားတာ ၃ လရှိပါပြီ မိခင်နို့တစ်မျိုးတည်းသာ တိုက်ပါသည်။ သမီးရင်သားမှာ အကျိတ်အဖု စမ်းမိတာ ၁၅ ရက်လောက်ရှိပါပြီ။ မျိုးရိုးထဲမှာ ကင်ဆာဖြစ်ဖူးသူလည်း မရှိပါဘူးရှင့်။ သမီးအကျိတ်က ကင်ဆာကျိတ်ဖြစ်နိုင်ပါသလားဆရာ။

ကလေးနို့တိုက်ချိန်မှာဖြစ်တာဆိုရင် နို့လမ်းပိတ်နေလို့ အခဲဖြစ်တာလား စစ်ရမယ်။ အကျိတ်သပ်သပ်မရှိပဲ ခဲနေမယ်။ နာမယ်။ နို့နာဖြစ်ဘို့ဦးတည်နေမယ်။ ကင်ဆာက အကျိတ်သပ်သပ်စမ်းလို့ရမယ်။ မနာပါ။ နို့တိုက်ပေးပါ။ လိုရင်ညှစ်ပေးပါ။ အပူကပ်ပေးပါ။ လိုသေးရင်မေးပါ။

ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။ ဆရာက ယခုမြန်မာပြည်ထဲရှိပါသလားရှင်။ သမီး ဆရာနဲ့ပြချင်လို့ပါ။ နို့ထွက်အား အရမ်းကောင်းတယ်ဆရာ။ ခဲနေတဲ့နေရာရှိတာ နို့တိုက်လို့ လျော့သွားရင် မစမ်းမိတော့ဘူး။ အဲဒီအကျိတ်ကတော့ ညာဘက်ရင်သားအပေါ်ဘက်မှာ ရှိနေတာပါရှင့်။ ကင်ဆာကျိတ်ဖြစ်နိုင်ချေများလားဆရာ။ သမီးရဲ့ အချက်အလက်တွေနဲ့ဆိုရင်။

ဖြေတာထဲမှာ ပါတာကိုသာ ဖြစ်စေပါမယ်။ မဖြစ်လောက်ပါ။ ဆရာက တခြားတိုင်းပြည်မှာသာ နေရပါတယ်။

ဆရာ ရန်ကုန်ထဲမှာဆို ဘယ်ဆရာဝန်နဲ့စစ်ဆေးသင့်ပါသလဲ သမီးက အနာတခြား ဆေးတစ်ခြားဖြစ်မှာလည်း ကြောက်မိတယ်။ ဆရာလမ်းညွှန်ပေးပါရှင့်။

မြန်မာပြည်ထဲက ဆရာဝန်-ဆေးရုံ-ဆေးခန်း-ဆေးဆိုင်တွေကို မသိပါ။ ဆောရီး။

၂၈-၄-၂ဝ၁၅ နေ့ထုတ် San Francisco Chronicle သတင်းစာမှာ ဆေးပညာဆောင်းပါးတပုဒ်ပါတယ်။ နို့တိုက်မိခင်တွေမှာ ရင်သားကင်ဆာအဖြစ်နည်းတယ်။ ကာလီဖိုးနီးယားမှာနေကြတဲ့ ကလေးအမေတွေကို လေ့လာမှုအသစ်လုပ်ပြီး အဲလို ရေးလိုက်တာပါ။

ရင်သားကင်ဆာလို့ ရောဂါနာမယ်တပ်ထားသူ အမျိုးသမီး ၁၆ဝဝ ရဲ့ဆေးမှတ်တမ်းတွေကို လေ့လာပါတယ်။ ကလေးကို နို့တိုက်ခဲ့သူတွေမှာ ၃၇% ပြန်ဖြစ်တဲ့နှုန်းနည်းတယ်လို့ တွေ့ရပါတယ်။ ကလေးကို အနည်းဆုံး ၆ လ နို့တိုက်ခဲ့သူတွေမှာ ဆေးကုသရာမှာလည်း ရလဒ်ပိုကောင်းကြတယ်။ သေဆုံးမှုမှာလည်း ၂၈% နည်းတယ်။ ဆရာဝန်တွေ ကောက်ချက်က (အီစထိုဂျင်) ဟော်မုန်းနည်းစေလို့ဖြစ်တယ်။

၈ဝ% မှာ ရင်သားကင်ဆာမျိုးခွဲ luminal A ဖြစ်ကြတယ်။ သက်သာမှုပိုရနိုင်တယ်။ ဟော်မုန်းပေးလို့ရတဲ့အမျိုးအစားလည်း ဖြစ်တယ်။ ဒီလေ့လာမှုမှာ တခြားကင်ဆာမျိုးခွဲတွေနဲ့တော့ ကလေးနို့တိုက်လို့ ပိုကောင်းတယ်၊ ဆိုးတယ်ဆိုတာ မတွေ့ပါ။ အမေရိကားမှာ ကလေးအမေ ၇၇% ကနို့တိုက်ကြတယ်။ ၁၉၇ဝ ကျော်နဲ့စာရင် နည်းလာနေတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၅
Photo: Amy Osborne, The Chronicle

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး