Wednesday, April 29, 2015

Breast-feeding cuts moms’ risk of breast cancer

• ဆရာရှင့် သမီးအသက်က ၂၃ ပါ ကလေးမွေထားတာ ၃ လရှိပါပြီ မိခင်နို့တစ်မျိုးတည်းသာ တိုက်ပါသည်။ သမီးရင်သားမှာ အကျိတ်အဖု စမ်းမိတာ ၁၅ ရက်လောက်ရှိပါပြီ။ မျိုးရိုးထဲမှာ ကင်ဆာဖြစ်ဖူးသူလည်း မရှိပါဘူးရှင့်။ သမီးအကျိတ်က ကင်ဆာကျိတ်ဖြစ်နိုင်ပါသလားဆရာ။
• ကလေးနို့တိုက်ချိန်မှာဖြစ်တာဆိုရင် နို့လမ်းပိတ်နေလို့ အခဲဖြစ်တာလား စစ်ရမယ်။ အကျိတ်သပ်သပ်မရှိပဲ ခဲနေမယ်။ နာမယ်။ နို့နာဖြစ်ဘို့ဦးတည်နေမယ်။ ကင်ဆာက အကျိတ်သပ်သပ်စမ်းလို့ရမယ်။ မနာပါ။ နို့တိုက်ပေးပါ။ လိုရင်ညှစ်ပေးပါ။ အပူကပ်ပေးပါ။ လိုသေးရင်မေးပါ။
• ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။ ဆရာက ယခုမြန်မာပြည်ထဲရှိပါသလားရှင်။ သမီး ဆရာနဲ့ပြချင်လို့ပါ။ နို့ထွက်အား အရမ်းကောင်းတယ်ဆရာ။ ခဲနေတဲ့နေရာရှိတာ နို့တိုက်လို့ လျော့သွားရင် မစမ်းမိတော့ဘူး။ အဲဒီအကျိတ်ကတော့ ညာဘက်ရင်သားအပေါ်ဘက်မှာ ရှိနေတာပါရှင့်။ ကင်ဆာကျိတ်ဖြစ်နိုင်ချေများလားဆရာ။ သမီးရဲ့ အချက်အလက်တွေနဲ့ဆိုရင်။
• ဖြေတာထဲမှာ ပါတာကိုသာ ဖြစ်စေပါမယ်။ မဖြစ်လောက်ပါ။ ဆရာက တခြားတိုင်းပြည်မှာသာ နေရပါတယ်။
• ဆရာ ရန်ကုန်ထဲမှာဆို ဘယ်ဆရာဝန်နဲ့စစ်ဆေးသင့်ပါသလဲ သမီးက အနာတခြား ဆေးတစ်ခြားဖြစ်မှာလည်း ကြောက်မိတယ်။ ဆရာလမ်းညွှန်ပေးပါရှင့်။
• ဆရာက မြန်မာပြည်ထဲက ဆရာဝန်-ဆေးရုံ-ဆေးခန်း-ဆေးဆိုင်တွေကို မသိပါ။ ဆောရီး။

၂၈-၄-၂ဝ၁၅ နေ့ထုတ် San Francisco Chronicle သတင်းစာမှာ ဆေးပညာဆောင်းပါးတပုဒ်ပါတယ်။ နို့တိုက်မိခင်တွေမှာ ရင်သားကင်ဆာအဖြစ်နည်းတယ်။ ကာလီဖိုးနီးယားမှာနေကြတဲ့ ကလေးအမေတွေကို လေ့လာမှုအသစ်လုပ်ပြီး အဲလို ရေးလိုက်တာပါ။

ရင်သားကင်ဆာလို့ ရောဂါနာမယ်တပ်ထားသူ အမျိုးသမီး ၁၆ဝဝ ရဲ့ဆေးမှတ်တမ်းတွေကို လေ့လာပါတယ်။ ကလေးကို နို့တိုက်ခဲ့သူတွေမှာ ၃၇% ပြန်ဖြစ်တဲ့နှုန်းနည်းတယ်လို့ တွေ့ရပါတယ်။ ကလေးကို အနည်းဆုံး ၆ လ နို့တိုက်ခဲ့သူတွေမှာ ဆေးကုသရာမှာလည်း ရလဒ်ပိုကောင်းကြတယ်။ သေဆုံးမှုမှာလည်း ၂၈% နည်းတယ်။ ဆရာဝန်တွေ ကောက်ချက်က (အီစထိုဂျင်) ဟော်မုန်းနည်းစေလို့ဖြစ်တယ်။

၈ဝ% မှာ ရင်သားကင်ဆာမျိုးခွဲ luminal A ဖြစ်ကြတယ်။ သက်သာမှုပိုရနိုင်တယ်။ ဟော်မုန်းပေးလို့ရတဲ့အမျိုးအစားလည်း ဖြစ်တယ်။ ဒီလေ့လာမှုမှာ တခြားကင်ဆာမျိုးခွဲတွေနဲ့တော့ ကလေးနို့တိုက်လို့ ပိုကောင်းတယ်၊ ဆိုးတယ်ဆိုတာ မတွေ့ပါ။
အမေရိကားမှာ ကလေးအမေ ၇၇% ကနို့တိုက်ကြတယ်။ ၁၉၇ဝ ကျော်နဲ့စာရင် နည်းလာနေတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၅
Photo: Amy Osborne, The Chronicle

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Taxila တက္ကသိုလ်

Taxila တက္ကသိုလ် ခေါ် တက္ခသိုလ် ခေါ် တက္ကသိလာ ၁။ ဆရာခင်ဗျာ တက္ကသိုလ်လား တက္ကသိုလား ခင်ဗျာ ၁၉၆၂ ခု ဇူလိုင်လထုတ် သတင်းစာပါ တက္ကသို စာလုံးကို မေး...