Blog Rules ဂန္တဝင် မတွင်မယ့်စာ

ဆရာ့ ဆရာ့စာတွေ Mediamyanmar မှာ ၁၇ ကနေဒီနေ့ထိ ဆက်တိုက်တင်တာတွေ့တယ်။ ဆရာသိလား။

လင့်ပေးလို့ ကျေးဇူး။ ပေးတဲ့လင့်ကိုသွားပြီး အခုပဲဖတ်လိုက်တယ်။ အဲတာက ဆရာ အရင်ကသီးသန့်လုပ်ထားတဲ့ ဘလော့ထဲကစာ။ အဲဒီဘလော့ကပျက်သွားပြီ။ ဆရာတောင် စာကိုမေ့နေပြီ။

အဲဒီပျက်တဲ့ဘလော့ကို အသက် (၁၈) နှစ်ပြည့်မှဖတ်ပါလို့ ကန့်သတ်ထားတယ်။ ဘလော့သဘောတူညီချက်မှာလည်း စည်းကမ်းချက်လိုက်နာပါမယ်နဲ့လုပ်ရတာ။ ဒါပေမယ့် စည်းကမ်းနဲ့မညီလိုဆိုပြီး Blogspot.com ကပဲ ဘလော့ကို ဖျက်လိုက်တာခံရတယ်။ အခုပေးတဲ့လင့်ကလည်း Blogspot.com အတူတူပဲ။

အဲလိုစာမျိုးတွေ မေးကြလွန်းလို့ရေးခဲ့ရတယ်။ ဖေ့စ်ဘွတ်မှာ မတင်ပါ။ ဖေ့စ်ဘွတ်မှာတော့ အဲလိုစည်းကမ်းက မရှိသလောက်ပဲ။ ဘလော့အသစ်မှာလည်းမတင်ပါ။ တင်ရင်တော့ ရမယ့်သဘောရှိတယ်။ နည်းနည်း (ဖေါင်း) ဖြစ်တဲ့စာတွေတင်ထားတာကို အဖျက်မခံရဘူး။ စည်းကမ်းလုပ်တဲ့သူတချို့ကလည်း ခုတမျိုး တော်ကြာတမျိုး။

ကျွန်တော်က ဆေးပညာစာတွေကို အချိန်ရတိုင်းနဲ့ ဆေးသုတေသနသစ်ပေါ်တိုင်းလိုလို ပြန်စစ်ပြီးပြင်ပါတယ်။ စာအဟောင်းတွေမှာ မပြင်ရသေးပါ။ ဖျက်ထားတာမို့ ပြင်လို့လည်းမရပါ။ အဟောင်းကစာတွေကို ကူးတင်ကြတာတွေ မနည်းမနောတွေ့ရတယ်။ စာသားမှာယဉ်ကျေးမှုနည်းတဲ့တွေလည်းပါနေတယ်။ ကန်တော့ပါခင်ဗျား။ ဆေးစာတွေဟာ တခြားရသစာတွေလို ဟောင်းလေကောင်းလေ၊ ဂန္တဝင်တွင်မယ့်စာမျိုးမဟုတ်ပါ။ ဟောင်းသွားရင် တန်ဖိုးကျတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂ဝ၁၆

Comments

  1. ဂန္တဝင်လို့ ပြင်ရပါမယ်။ ဆောရီး။

    ReplyDelete
  2. ဂန္ထဝင်

    ReplyDelete

Post a Comment

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး