M.B.B.S. (Mand) ဆမ စာအုပ်
၁။ M.B.B.S MAND ယနေ့ခေတ်ကျ Mdy ဗဟုသုတရပါတယ်ဆရာ
၂။ ဆရာ့ မန္တလေးဆေးဆို Mdy လို့ရေးတာများတယ်နော်
ဒေါက်တာတင့်ဆွေ M.B.B.S. (Mandalay) ဖြစ်နေတာက (Mdy) နဲ့ မတူလို့ မေးကြတယ်။ တံဆိပ်တုံးမှာလည်း M.B.B.S. (Mand.) လို့သာ ရေးပါတယ်။ ပုလဲကဆေးခန်းမှာ ချိတ်ဆွဲခဲ့တဲ့ သစ်သားဆိုင်းဘုတ်ကို ကျွန်တော်ကိုယ်တိုင် ရေးတာ။
ကျွန်တော့် (ဆမ) နံပါတ်က ၄၂၇၂ ဖြစ်ပါတယ်။ ဆေးပညာဘွဲ့ကို ဆေးတက္ကသိုလ်၊ မန္တလေးကနေ ၁၉၇၂ သြဂုတ်လမှာ ရခဲ့ပါတယ်။ ဆမ စာအုပ်မှာ M.B.B.S. (MAND) (AUG; 1972) လို့ရေးသားထားတာ တွေ့မှာပါ။ အဲတာက ဆေးပညာဘွဲ့ရတဲ့ လ နဲ့ နှစ်ဖြစ်ပါတယ်။
၁၁-၁၂-၁၉၇၃ မှာ မှတ်ပုံတင်ရတော့ ကျွန်တော့်အသက်က ၂၅ နှစ်။ တသက်နဲ့တကိုယ် ဦးတပ်ခေါ်ခံရတာ ပဌမဆုံးအကြိမ်။ နားထဲမှာ တမျိုးကြီး။
ဆမ သက်တမ်းရပ်ဆိုင်းခြင်းစာကို ၂၄-၁-၁၉၉၁ နေ့စွဲနဲ့ ထုတ်ပါတယ်။ အမတ်ဖြစ်နေပြီ။ အိန္ဒိယကိုထွက်ပြေးရပြီ။ ဇနီး၊ ညီ နဲ့ အမျိုးတွေကို ဖမ်းဆီးထားပြီ။ ဆမ သက်တမ်းကိုပါ ဖမ်းလိုက်တယ်။ ဗျူရိုကရေစီ အဆင့်ပေါင်းများစွာကို တလအတွင်းမှာ ကျော်ဖြတ် ပြီးစီးခဲ့တာတယ်။ ၁၉၈၈ ခု နိုင်ငံရေးလုပ်ရန် အကြောင်းပြချက်နဲ့ ထွက်စာတင်တော့လည်း တပတ်တည်းနဲ့ ကျလာတယ်။ သူတို့မြန်လိုတာဆို မြန်တယ်။
ဆမ ရပ်ဆိုင်းခံခဲ့ရစဉ်က ဘယ်မီဒီယာကမှ အင်တာမဗျူးခဲ့ပါ။ စစ်အစိုးရလက်အောက်က ဆေးကောင်စီကိုလည်း ဘယ်သူကမှ အပြစ်တင်ခဲ့ကြပါ။ နိုင်ငံရေးလုပ်ခြင်းသည် တခြားအရေးတွေလောက် အရေးပါခြင်းမရှိပါတကား။
သက်တမ်းတိုးမထားတဲ့ ဆမ စာအုပ်စုတ်လေးကို မြတ်နိုးပါတယ်။
ဒေါက်တာတင့်ဆွေ
M.B.B.S. (Mand)
၂ဝ-၉-၂ဝ၁၆
၁၇-၄-၂၀၂၀

Comments
Post a Comment