Belching လေတက်ခြင်း

အသက်၃၂၊ AB သွေး၊ အိမ်ထောင်ရှိ။လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက အစာမျိုတာခက်ပါတယ်။ အသက်ရှုမဝ ဖြစ်ပါတယ်။ နှလုံးခုန်မြန်နေပါတယ်ဆရာ။ တခါတခါ လေပူထပြီး လေတွေက ဝမ်းဗိုက်တပြင်လုံး အသံတွေမြည်ပြီး အေးတိအေးစက်နဲ့နာနေပါတယ်။ ဆေးခန်းပြတယ်ဆရာ။ ဆေးပေးတယ်မသက်သာပြန်တော့ ဗမာဆေးစားဖြစ်တယ်။ အရှင်းမပျောက်ဘူးဆရာ။ နောက်တခေါက် ဆေးခန်းပြတယ်။ အစာအိမ်ရော အူမကြီးရော မှန်ပြောင်းကြည့်ပါတယ်ဆရာ။ အူမကြီးနံရံရောင်နေပါတယ်။ အစာအိမ်ဝင်ပေါက်ရောင်နေပါတယ်။ အစာရေမျိုပြွန်အဆုံးမှာ အက်ဆစ်တွေ ဆန်တက်နေပြီး ရောင်နေပါတယ်ဆရာ။ အစာအိမ်ကတော့ ကောင်းတယ်လို့ ဆေးစာဓာတ်ပုံမှာရေးထားတယ်ဆရာ။ ဆရာဝန်ကလည်းရှင်းပြတယ်ဆရာ။ ကျွန်မ ဆေးရုံတက်ပြီး ၄၈ နာရီအရည် နဲ့ ရေ ပဲ သောက်ပြီး ပိုးသတ်ဆေးချိတ်ပြီး ကုပါတယ်ဆရာ။ ဆေးလည်းသောက်ရပါတယ်။ ကုနေရင်းကို လေနာတာတွေက သူနဲ့မဆိုင်သလိုကို ထနေပါတယ်။ ခု သမီးဆေးရုံကဆင်းလို့ ဆေးတပါတ်စာပေးပါတယ်။ ခုလည်း လေတွေပွပြီး လေမလည်ရ လေတွေနာနေပါတယ်။ လေလည်ချင်တာကိုလည်း လူတွေရှေ့မို့ ခဏတိုင်းအောင့်ထားရင်းကနေ စပြီးဖြစ်လာတယ်လို့လည်း ထင်မိပါတယ်။ အရမ်းနေရခက်နေပါတယ်ဆရာရှင့်။ ဘာဆက်လုပ်ရပါ့မလည်းရှင်။

သတ်ပုံတချို့ကိုပြင်ပါတယ်။ မလိုတဲ့ စသတ်တွေနဲ့ လိုတဲ့ရရစ်တွေ။ ပို့စ်မှာသုံးဖို့ဖြစ်ပါတယ်။ ကိုယ့်စာမှာတော့ ကိုယ်ကြိုက်သလိုရေးပေါ့။ ဆောရီး။

Belching လေတက်တာကို Burping, Ructus, Eructation စသဖြင့် ခေါ်တယ်။ အစာလမ်းကြောင်းထဲက လေတွေ အထက်တက်ပြီး ပါးစပ်ကနေ ထွက်လာတာဖြစ်တယ်။ အများအားဖြင့် အစာမျိုပြွန် နဲ့ အစာအိမ်ထဲက လေတွေ တက်-ထွက်လာတာပါ။ လေတက်ရင်း အသံပါထွက်တယ်။ တခါတလေ အနံ့အသက်လဲပါမယ်။ လူတိုင်းအဲလိုဖြစ်ကြပေမဲ့ လူ့ရှေ့သူ့ရှေ့ လေတက်တာကို မယဉ်ကျေးဘူးလို့ ယူဆကြတယ်။

လေတက်ခြင်းရဲ့ ဇီဝကမ္မဗေဒ
လူတိုင်း အစာဖြစ်ဖြစ် ရောဖြစ်ဖြစ် သောက်စရာတခုခုဖြစ်ဖြစ် မျိုချချိန်မှာ လေပိုပါ မျိုချတယ်။ မကြာမတင် လေကို ထုတ်ပြစ်တယ်။ ပုံမှန်ဆိုရင် နိုက်ထရိုဂျင် နဲ့ အောက်စီဂျင် တွေပါနေတယ်။ Carbonated drinks ကာဗွန်ပါနေတဲ့ သောက်စရာမျိုးသောက်ရင် ချက်ချင်းလေတက်မယ်။ ဥပမာ ဘီယာ၊ ရှိန်ပိန်၊ အချိုရည်။ ဒါမျိုးထဲမှာတော့ Carbon dioxide ကာဗွန်ဒိုင်အောက်ဆိုက် ပါနေတယ်။ Metformin နဲ့ Byetta လို ဆီးချိုဆေးတွေကလဲ လေပိုတက်စေတယ်။

လေတက်တာနဲ့အတူ အစာမကျေတာ၊ ပျို့ချင်တာ၊ ရင်ခေါင်းနေရာ နာတာတွေပါ တွဲဖြစ်နေရင် အနာ၊ ဒါမှမဟုတ် Hiatal hernia အစာမျိုပြွန် အထက်ကျွံတာ ဖြစ်မလား ဆေးစစ်ရမယ်။

လေတက်ရင် အသံထွက်တာဟာ အစာမျိုပြွန် အထက်ဖျားက အထိန်းဝိုင်း တုန်ခါလို့ ဖြစ်တယ်။ ကလေးငယ်လေးတွေ လေတက်တာ မဆန်းပါ။ နို့စို့ရင်း လေပါမျိုးလို့၊ လေတက်မယ်။ မတက်နိုင်ရင် အနေရခက်ပြီး ငိုမယ်။ အန်မယ်။ နို့တိုက်ပြီးတိုင်း လေထုတ်ရမယ်။ ကလေးကို ပခုံးပေါ်မှာ အသာတင်၊ သူ့ဗိုက်ကို ပွေ့တဲ့ရဲ့ ရင်ပတ်နဲ့ ကပ်ထား၊ ကျောကလေးကို အသာပွတ်-ပုတ်ပေးရတယ်။ လေထွက်ရင် အမေကပြုံးလိမ့်မယ်။ အမေလေတက်လို့ Excuse me! မပြောရင် ရိုင်းရာကျတယ်။ ခွေးတွေ၊ ကြောင်တွေလဲ လေတက်တာဘဲ။

အစာစားတာ မြန်ရင်လဲ လေတက်တယ်။ စားရင်း စကားများများ ပြောရင်လဲ တက်မယ်။ Chew gum ဝါးလို့လဲ တက်မယ်။ ဖျော်ရည်ကို ပိုက်နဲ့ စုပ်သောက်တာလဲ လေပိုဝင်စေနိုင်တယ်။

Acid reflux အက်စစ်ဓါတ် အထက်ဆန်တာကတော့ အစာမျိုပြွန် အောက်ဖျားက အထိန်းဝိုင်း သိပ်မကောင်းလို့ ဖြစ်တယ်။ သူကောင်းနေမှ အစာအိမ်ထဲရောက်သွားပြီဖြစ်တဲ့ အစားအစာနဲ့ ရေ-အရည်တွေကိုရော၊ အစာကျေချက်ဘို့ ထွက်လာတဲ့ အက်စစ်ဓါတ်တွေကို အစာအိမ်ကနေ အထက်တက်မလာစေအောင် ထိန်းပေးနိုင်တယ်။ ဒီလိုဖြစ်သူတွေမှာ ရင်ပတ်ရိုး အောက်မှာ ပူလောင်နေတာမျိုးထံစားရမယ်။ ဗိုက်လဲ အောင့်မယ်။ ပျို့ချင်မယ်။ လေတက်တာ သိပ်များလိမ့်မယ်။

အလွန်အကျွံ လေတက်ရင် Acid Reflux (GERD), Barretts Esophagus, Colitis, Colon/Bowel Disorders, Crohn's Disease နဲ့ Diverticulitis/Diverticulosis ရောဂါတွေကို စစ်ဆေးရမယ်။

GERD ဆိုတဲ့ အစာချေအရည် အထက်ဆန်တဲ့ရောဂါဖြစ်သူတွေကို အိပ်ရင် ဘယ်ဘက်ကို စောင်းအိပ်စေတယ်။ ခေါင်းရင်းပိုင်း မြှင့်ထားရတယ်။ အစာကို နဲနဲချင်း အကြိမ်များများခွဲစားစေရတယ်။ ကိုယ်အလေးချိန်ဝနေရင် ချစေရတယ်။
အက်စစ်ဓါတ်များတဲ့အစာတွေ ရှောင်စေတယ်။ အဆီများတာ၊ ကြက်သွန်နီ၊ ချောကလက်၊ ကော်ဖီ၊ လဘက်ရည်တွေကိုလဲ ရှောင်စေတယ်။

GERD အတွက် ဆေးအဖြစ် Antacids ဆေးကိုတော့ လူတိုင်းလိုလိုက သုံးကြတယ်။ နောက်ပြီး Omeprazole, Esomeprazole, Pantoprazole, Lansoprazole နဲ့ Rabeprazole တွေပေးတယ်။ နောက်အမျိုးအစားဆေးကတော့ Ranitidine, Famotidine နဲ့ Cimetidine တွေဖြစ်တယ်။

- မုံလာထုပ်၊ ပဲတောင့်ရှည်၊ ပဲသီး၊ မုန်လာ အမျိုးမျိုး၊ နို့တွေကို ရှောင်ထားသင့်တယ်။ လက်ဖက်ရည်၊ ကော်ဖီသောက်တာလဲ မများသင့်ဘူး။
- ရောဂတ် ခေါ် ဒိန်ချဉ်ကိုလဲ ထမင်းစားပြီးစားသုံးသင့်တယ်။
- ချင်း (ဂျင်း) ကလဲ သက်သောစေတယ်။
- တချို့က ချင်းပြုတ်ရည် တဇွန်း နဲ့ သံပရာ-ရှောက်ရည် တဇွန်းကို ထမင်းစားပြီးတိုင်း သောက်ဘို့ ဆေးနည်းပေးတယ်။
- နောက်တနည်းက (သံပုရာရည် တဇွန်း + ဆိုဒါ ဇွန်းတဝက် + ရေအေး တဖန်ခွက်) သောက်ခိုင်းတယ်။
- အစာစားတာကို တနေ့ ၄-၆ ခါ နဲနဲချင်း ခွဲစားပါ။
- စားရင်း-ဝါးရင်း ပါးစပ်ပိတ်ထားပါ။ အစာစားတာ ဖြေးဖြေးစားပါ။
- စိတ်ပူစရာ၊ စိတ်ရှုတ်စရာတွေ ပြေအောင်ကြိုးစားပါ။
- အသက် ဖြေးဖြေးရှူပါ။
- စားပြီးပြီးချင်း လှဲမအိပ်ပါနဲ့။

1. Colorectal cancer အူမကြီး ကင်ဆာ http://doctortintswe.blogspot.com/2014/12/colorectal-cancer.html
2. Bleeding Peptic Ulcer အစာအိမ်နာ သွေးယိုခြင်း http://doctortintswe.blogspot.com/2014/11/bleeding-peptic-ulcer_25.html
3. Crohn’s Disease ခရုန်းရောဂါ http://doctortintswe.blogspot.com/2015/07/crohns-disease.html
4. Digestive Myths အစားအစာမှာ အထင်မှားနေတာတွေ http://doctortintswe.blogspot.com/2014/11/digestive-myths.html
5. Gastric cancer အစာအိမ်ကင်ဆာ http://doctortintswe.blogspot.com/2014/11/normal-0-false-false-false-en-us-x-none.html
6. Gastric Juice အစာခြေအရည် http://doctortintswe.blogspot.com/2017/08/gastric-juice.html
7. Gastritis အစာအိမ်ရောင်ခြင်း http://doctortintswe.blogspot.com/2016/05/gastritis.html
8. GERD (1) အချဉ်ရည် အထက်ဆန်ခြင်း (၁) https://doctortintswe.blogspot.com/2015/03/heartburn.html
9. Heartburn ရင်ပူခြင်း http://doctortintswe.blogspot.com/2015/03/heartburn.html
10. Medicine for Diseases of Digestive Tract အစာလမ်း လေနာရောဂါဆေးများ http://doctortintswe.blogspot.com/2015/02/gastric-cancer.html
11. Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://doctortintswe.blogspot.com/2014/11/peptic-ulcer-diagnosis_25.html
12. Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်းဖြစ်သည် https://doctortintswe.blogspot.com/2014/11/peptic-ulcer.html
13. Ulcerative colitis အူမကြီးရောင်ခြင်း http://doctortintswe.blogspot.com/2015/07/ulcerative-colitis.html
3. Heartburn ရင်ပူခြင်း http://doctortintswe.blogspot.com/2015/03/heartburn.html
4. Heartburn ရင်ပူခြင်း https://doctortintswe.blogspot.com/2014/12/gerd.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး