ရှင်မဟာသီလဝံသ အတ္ထုပ္ပတ်

ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း၍၊ ကိန်းအောင်းစံရန်၊ ဓမ္မခန်သည်၊ သံတောင်ဖြိုးမြင့် စွင့်လိမ့်လေး။ အကိုက်လေးဘော်၊ မြေမှပေါ်သော်၊ ရှင်ကျော်လေးဦး ခူးလိမ့်လေး။ ခူးလည်းခူးလတ္တံ့၊ ကူးလည်းကူး လတ္တံ့၊ စူးလည်းစူး လတ္တံ့၊ မြူးလည်းမြူး လတ္တံ့၊

ဟူ၍ မိုးညှင်းမင်းတရားကြီး ဖြိုတော်မူသည့် နှစ်သက္ကရာဇ် ၈၀၀ ပြည့်နှစ်အတွင်းတွင် တောင်တွင်းကြီးမြို့၌ ထူးကဲစွာ တဘောင်ပေါ်ခဲ့ပေသည်။ ထိုတဘောင်ပေါ်လာချိန်မှစ၍ ပေလေးပင် ရှင်လေးပါး ပေါ်ချိမ့်မည်ဟု တောင်တွင်းကြီး တမြို့လုံး အုတ်အုတ်ကျက်ကျက်သာ ဖြစ်ဘိသည်။

ထိုတဘောင်အရလည်း သက္ကရာဇ် ၈၁၅ ခုနှစ်သို့ရောက်လတ်သော် တောင်တွင်းကြီးမြို့မြောက်ဘက်ရှိ မြို့လုင်ရွာတွင် နှစ်စို့၊ သတိုးထမ်းရွာတွင် တစို့၊ မန်ကျည်းယောင်ရွာတွင် တစို့၊ ဤသို့လျှင် ပေစို့ကြီးလေးစို့တို့သည် ပုဗ္ဗနိမိတ်အဖြစ်ဖြင့် အံဘွယ်ရာ ပေါ်ထွက်လာရကား မြို့သူမြို့သာအပေါင်းမှာ ပေလေးပင်တော့ ပေါ်ပေပြီဟု နှစ်ထောင်းအားရဝမ်းမြောက်ခြင်း ဖြစ်ကြလေကုန်၏။

ရှင်မဟာသီလဝံသရေးတဲ့ ရာဇဝင်ကျော်စာအုပ်ထဲက ဖြစ်ပါတယ်။ ဟံသာဝတီတိုက်က ၁၉၆၅ ခုနှစ်မှာ ထုတ်တယ်။

တမြို့လုံးကို တမြို့လုံး၊ တစို့ကို တစို့လို့ ရေးပါတယ်။ မကြမီမှာ တဘောင်ကို စသတ်နဲ့ရေးလာကြပါလိမ့်မည်။

ဒေါက်တာတင့်ဆွေ
၇-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး