Rubella (ရူဘဲလား)

၁။ ဆရာ အခု ကလေးတွေ ဂျို က်သိုးပေါက်နေကြပါတယ်။ လူကြီးတွေကိုကူးတတ်ပါသလားဆရာ။ လက္ခဏာတွေသိချင်ပါတယ်။ ကာကွယ်လို့ရရင်ကာကွယ်နည်းလဲသိချင်ပါတယ်။
၂။ ဆရာရှင့် ဂျိုက်သိုး(ဂျာမန်ဝက်သက်)အကြောင်းသိချင်ပါတယ်ရှင့်။
၃။ ဂျိုက်သိုးအကြောင်းပြည့်ပြည့်စုံစုံသိချင်လို့ ကူညီပေးပါဆရာရှင့်။ သမီးလေးကအခု တနှစ်နဲ့ တစ်လကျော်။ ၃ ရက် လောက် ကိုယ်ပူကြီးပြီး၊ ဒီနေ့မနက်မျက်နှာမှာ အနီစက်ပြင်လေးတွေဖြစ်နေရာက ဗမာဆေးခန်းသွားပြတော့ နေမကောင်းတုန်းက တိုက်ခဲ့တဲ့ English ဆေးကြောင့် Alagic ဖြစ်တာ English ဆေးဆရာနဲ့ပြပြီး ဖြေဆေးပေးမှရမှာလို့ ပြောပါတယ်။ အဲဒါနဲ့ ကလေးအထူးကု ဆရာမကြီးဆီရောက်တော့ ဒါဟာ ဂျိုက်သိုးလို့ဆိုတာကြောင့် ဂျိုက်သိုးနဲ့ ပတ်သက်ပြီး ဘာကြောင့်ဖြစ်တတ်တာရယ်။ ဘယ်လိုနေထိုင်ပြုစုသင့်တယ်ဆိုတာပါ စုံစုံလင်လင်လေး အကြောင်းပြန်ပေးပါဆရာ။

• Rubella ကို (ဂျိုက်သိုး) ဆိုတာ (ခပ်နီနီ) ဆိုတဲ့ (လက်တင်) စကားကနေလာတာပါ။ ၁၈ ရာစုမှာ ဂျာမန်ဆရာဝန်ကနေ တွေ့လို့ German measles ဂျာမန် ဝက်သက် ရောဂါလို့ခေါ်တယ်။ Three-day measles သုံးရက်ဝက်သက်လို့လဲ ခေါ်သေးပါတယ်။
• Rubella virus (ရူဘဲလား) ဗိုင်းရပ်စ်ကနေဖြစ်စေတယ်။ သိပ်မဆိုးဘဲ တချို့ဆို မသိလိုက်ဘဲ ပျောက်သွားတယ်။ ၃ ရက်မကြာတတ်ပါ။
• ခံစားရတာတွေက တုပ်ကွေးနဲ့တူတယ်။ သိသာတာက အနီစက်တွေထွက်တာပါ။ Rash (Exanthema) ခေါ်တယ်။ မျက်နှာမှာများတယ်။ ကိုယ်လက်တွေဆီပြန့်မယ်။ ၃ ရက်နေရင် ညှိုးသွားတော့မယ်။ ကိုယ်နဲနဲပူမယ်။ တက်စေ့လေးတွေရောင်မယ်။ အဆစ်တွေနာမယ်။ ခေါင်းကိုက်မယ်။ မျက်စိနာမယ်။ နီတဲ့နေရာတွေ ကွာကျလာမယ်။
• အာခေါင်အပျော့နေရာမှာ ပြည်ဖုလေးတွေထွက်တာကို Forchheimer's sign လို့ခေါ်တယ်။ ၂ဝ% လောက်မှာ ဖြစ်တယ်။
• အရွယ်မရွေးဖြစ်နိုင်တယ်။ ကလေး သိပ်ငယ်ရင် (၁ နှစ်အောက်) အဖြစ်နည်းတယ်။ ၄ဝ ကျော်လဲနည်းတယ်။
• မွေးကာစကလေးတွေဖြစ်တာကို Congenital rubella syndrome (CRS) ခေါ်တယ်။ မိခင်ဆီကနေ ကူးလာတာပါ။ နှလုံး၊ ဦးနှောက်နဲ့ နာကိုထိခိုက်မယ်။ စောမွေးတတ်တယ်။ ကိုယ်အလေးချိန်နည်းမယ်။ သွေးမှုံနည်းမယ်။ သွေးအားနည်းမယ်။ အသဲရောင်မယ်။
• နှလုံးကိုထိခိုက်ရင် မွေးရာပါ Patent ductus arteriosus နှလုံးသွေးကြောချင်းဆက်နေတာဖြစ်နိုင်တယ်။ မျက်စိကွယ်နိုင်တယ်။ နားမကြားဖြစ်နိုင်တယ်။ အရေပြားမှာဖြစ်တာကို blueberry muffin lesions လို့ခေါ်တယ်။
• လူကြီးဖြစ်ရင်ဆိုးတတ်လို့ ‘ကြီးမှ ဝက်သက်ပေါက်တယ်’ ဆိုတာ ဒီရောဂါကို ပြောတာပါ။
• Acquired rubella မိခင်ကနေမဟုတ်ဘဲ ကူးစက်လာတာဆိုရင် အသက်ရှူလမ်းအပေါ်ပိုင်းမှာ ရောဂါရမယ်။ ဆီးထဲ၊ ဝမ်းထဲနဲ့ အရေပြားမှာ  ပိုးပါနေနိုင်တယ်။ ပိုးဝင်ပြီးနောက် ၂-၃ ပါတ်နေမှ ရောဂါလက္ခဏာတွေပေးတယ်။
• အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်ဖြစ်ရင် ကိုက်ဝန်ကိုထိခိုက်နိုင်တယ်။ ၂ဝ% ကိုယ်ဝန်ပျက်မယ်။
• ကိုယ်ဝန် ပဌမ ၅ လအတွင်းဖြစ်ရင် အထဲကကလေးကိုလဲ မွေးရာပါ ချို့ယွင်းချက်ဖြစ်စေနိုင်တယ်။ Congenital rubella syndrome (CRS) လို့ခေါ်တယ်။
• CRS ဖြစ်ထားတဲကလေးဆိုရင် သူ့ဆီကနေ ရက်အတော်ကြာအထိ သူများကို ကူးစေနိုင်တယ်။ ကိုယ်ဝန်ဆောင်တွေ ရှောင်ရမဲ့ကလေးမျိုးဖြစ်တယ်။
• MMR vaccine ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တယ်။ ၁၂-၁၈ လမှာထိုးတယ်။ ဒုတိယအကြိမ်ကို ၃၆ လမှာ ထပ်ထိုးတယ်။
• MMR ကာကွယ်ဆေးကို အမေရိကန်ဆရာဝန် Maurice Hilleman ကနေတီထွင်ခဲ့တယ်။ အခုနောက်ပိုင်းမှာ chickenpox ကိုပါကာကွယ်နိုင်တဲ့ MMRV ကာကွယ်ဆေးပေါ်လာတယ်။
• MMR ကာကွယ်ဆေးဆိုတာ Measles ဝက်သက်၊ Mumps ပသိရောင်နဲ့ Rubella (German measles) ဂျာမန် ဝက်သက် (ဂျိုက်သိုး) ရောဂါတွေကို ကာကွယ်ပေးမယ်။
• MMR vaccine ကာကွယ်ဆေးကနေ ၈ဝ% ကာကွယ်နိုင်တယ်။ ကလေးတိုင်း ၁၂-၁၅ လအတွင်း ၂ ခါ ထိုးပေးတယ်။ ၄-၆ နှစ်မှာ တခါထပ်ထိုးသေးတယ်။
• ယူကေမှာ ကလေးတိုင်းကို ၁၃ လမှာထိုးပေးတယ်။ ကျောင်းမသွားမီအရွယ် ၃-၅ နှစ်မှာ တခါထပ်ထိုးပေးတယ်။
• အမေရိကားမှာ ၁၂-၁၅ လအရွယ်မှာထိုးပေးပြီး၊ ၄-၆ နှစ်မှာထပ်ထိုးတယ်။
• HIV/AIDS ဖြစ်နေသူတွေ၊ ကင်ဆာရှိနေသူတွေ၊ စတီရွိုက်ဆေး လောလောဆယ် (၂ ပါတ်) ရနေသူတွေ၊ ဆေးကို မတည့်သူတွေကိုတော့ ကာကွယ်ဆေးမထိုးပါ။
• ကိုယ်ဝန်ဆောင်တွေက စမ်းသပ်သင့်တယ်။ ရောဂါခံနိုင်ရည်မရှိသေးတာသိရရင် ကာကွယ်ဆေး မထိုးသင့်ပါ။ ဆေးကို သက်ရှိဗိုင်းရပ်စ်ကိုသုံးထားလို့ဖြစ်တယ်။
• ဖြစ်နေတဲ့သူကို ဘယ်လိုကုမလဲ၊ ဗိုင်းရပ်စ်ကနေဖြစ်တာတိုင်းလိုဘဲ၊ တိတိကျကျဆေးမရှိပါ။ ခံစားနေတာ၊ ဖြစ်လာတာကိုကြည့်ပြီး ကုသပေးရတယ်။ အနာသက်သာဆေးကိုတော့ မလွဲမသွေပေးပါမယ်။ Acetaminophen/Paracetamol/Ibuprofen ဆေးတွေ ပေးမယ်။ ရေဝတ်တိုက်ပေးနိုင်တယ်။

- Pregnancy and Rubella ကိုယ်ဝန် နှင့် ဂျာမန်-ဝက်သက် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-rubella.html
- Pregnancy and Rubella ကိုယ်ဝန် နှင့် ဂျာမန်-ဝက်သက် http://doctortintswe.blogspot.com/2014/11/pregnancy-and-rubella.html
- Vaccines and Pregnancy ကိုယ်ဝန်နဲ့ ကာကွယ်ဆေးများ http://doctortintswe.blogspot.com/2014/11/vaccines-and-pregnancy.html

မင်္ဂလာပါဆရာ အသက် ၃၉ နှစ် အပျိုကြီးပါ။ အဖျား မရှိ နှာစီး ချောင်းဆိုး မဖြစ်ပါဘဲ ညက လက်ဖျံမှာ အဖုလေးတွေ ထွက်လာလို့ မနက် ဆေးခန်းပြတော့ ဂျိုက်သိုး နဲ့ ဆင်တယ်လို့ပြောပါတယ်ရှင့်။ ခုအသက် အရွယ်နဲ့ ပေါက်နိုင်သေးလို့လားရှင်။ သိချင်မိလို့ပါ။ ပုံ မပို့ပါနဲ့ ဆိုပေမဲ့  တကယ် ပဲလား သိချင်မိလို့ ဒီတကြိမ် ခွင့်လွှတ်ပေးစေချင်ပါတယ်ရှင်။ စိုးရိမ် ရလားလည်း သိချင်ပါတယ်ရှင့် ဆေးခန်းပြတာလည်း ဘာမှ မပြောလိုက်လို့ပါ ဆရာ။

ရူဘဲလား ခေါ် ဂျိုက်သိုး ခေါ် ဂျာမန်ဝက်သက်ဖြစ်သူ အနီရောင် အစက်အပျောက်လေးတွေပေါ်မယ်။ အသင့်အတင့် ဖျားမယ်။ ၁၀၂ အက်ဖ်ထက်မကျော်။ တက်စေ့လေးတွေ ရောင်မယ်။ နှာရည်ယိုမယ်။ ခေါင်းကိုက်မယ်။ ကြွက်သားတွေ နာမယ်။ မျက်စီ နီရဲမယ်။

Rubella (ရူဘဲလား) https://doctortintswe.blogspot.com/2014/12/rubella.html

မေးတဲ့သူ ဖြစ်တဲ့နေရာမှာ Calamine lotion လိမ်းနိုင်။ Cetrizine တည တပြား သောက်သင့်။

ဒေါက်တာတင့်ဆွေ
၁-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး