Hepatitis B tests စမ်းသပ်နည်းများ

၁။ ဆရာရှင့် မင်္ဂလာပါရှင့် သမီးမေးစရာလေးရှိလို့ပါရှင့် သမီးအရမ်းလဲသိချင်လို့ပါရှင့် သမီးသွေးစစ်တော့ အဖြေက အာ့လို ထွက်နေလို့ရှင့် HbsAb မှာ Weakly Positive ကဘာလို့အာ့လိုထွက်တာလဲရှင့် တခြားဟာတွေကြ negative ဘာလို့ ထွက်တာလဲရှင့် အချိန်ရရင်သမီးကိုဖြေပေးပါ့လာရှင့် သမီးနဲ့အတူစစ်တဲ့ကောင်မလေးတယောက်ကြ အဖြေက သမီးနဲ့အတူတူပဲရှင့် အောက်ဆုံးက HbcAb မှာသူက positive ထွက်နေလို့ရှင့် ဘာကွာတာလဲရှင့် တခြား သူငယ်ချင်းတွေက အကုန် negative ပဲရှင့် ဆရာအချိန်ရရင်သမီးကိုဖြေပေးပါ့လာရှင့် သမီးအရမ်းသိချင်လို့ပါရှင့်

အသက် မသိ။ အချက်အလက် မသိ။ မေးနည်း ပို့လိုက်တယ်။

Hepatitis B tests စမ်းသပ်နည်းများ
1. Antigens (အင်တီဂျင်)၊
a. HBsAg (Hepatitis B surface antigen) က ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်-ပစ္စည်းကို စစ်တာ၊
b. HBeAg (Hepatitis B "e" Antigen) က ဗိုင်းရပ်စ် Core အတွင်းသားကို စစ်တာ၊
2. Antibodies to HBV infection (အင်တီဘော်ဒီ) ခုခံအားကို စစ်တာ၊
3. Viral DNA (ဒီအင်န်အေ) မျိုးဗီဇကို စစ်တာ။

ဘာတွေ့တာက ဘာကိုဆိုလိုသလဲ
• HBsAg အပေါင်းဖြစ်နေရင် Virus ပိုးရှိနေတယ်။ Active viral replication ပွါးများတာ တက်တက်ကြွကြွ ဖြစ်နေတယ်။ အသည်းကိုလဲ ကူးနေတယ်။ သူများကိုလဲ ကူးစက်နိုင်တယ်။
• Anti-HBe ဆိုရင် Viral replication ပွါးများတာ နည်းသွားပြီ။ အသည်းရောဂါ မြုံနေတယ်။ သူများကို သိပ်မကူးစက်နိုင်ဘူး။
• HBV-DNA ဆိုရင် Active viral replication ပွါးများတာ ကောင်းကောင်း ရှိနေတယ်။ အသည်းမှာလဲ ရောဂါ ခံစားနေရတယ်။ သူများကိုလဲ ကူးစေမယ်။
• Anti-HBc (Core antibody) ဆိုရင် B ပိုးရှိသူနဲ့ ထိတွေ့မှုရှိခဲ့ပြီ။ သူ့ဆီကို Virus ကူးနေပြီလား-မကူးသေး ဘူးလားတော့ မသေခြာသေး။ ရောဂါကိုလဲ မပြီးသေးဘူး။ (မကာကွယ်နိုင်သေးဘူး)
• IgM anti-HBc ဆိုတာ လောလောဆယ် Hepatitis B နဲ့ ထိတွေမှု ရှိထားတယ်။ ဘာအတွက် ဘယ်နည်း စမ်းရသလဲ၊
• လတ်တလော ရောဂါပိုးဝင်နေတာကိုသိဘို့ (HBsAg), (anti-HBc), IgM နဲ့ တခါတလေ (HBeAg) တွေ စမ်းတယ်။
• နာတာရှည် အသည်းရောင်နေတာကိုသိဘို့ HBsAg, (HBV) DNA နဲ့ တခါတလေ HBeAg တွေ စမ်းတယ်။
• နာတာရှည် အသည်းရောင် နေတာနဲ့ ဆေးကုနေတာကို စောင့်ကြည့်ဘို့ HBsAg, (HBeAg), (anti-HBs) IgG, (anti-HBe) IgG နဲ့ HBV DNA တွေ စမ်းတယ်။
• ဘီပိုး အသည်းရောင်ထားသူဟာ ခုခံအားစနစ် မကောင်းသူ ဖြစ်နေရင် (anti-HBc) total နဲ့ anti-HBs တွေ စမ်းတယ်။ စစ်နည်းတွေက ဘာလို့ အမျိုးမျိုးလုပ်ရသလဲ၊

1. Hepatitis B surface antigen (HBsAG) = ဗိုင်းရပ်စ် ရဲ့ မျက်နှာပြင် (ပရိုတင်း) ကို စမ်းတာ။ ရက်တိုရော နာတာရှည် ပိုးဝင်နေသူတွေမှာ တွေ့မယ်။ ပိုးဝင်တာကို အစောဆုံး သိတယ်။ လက္ခဏာတွေ မပေါ်ခင် ကတည်းက သိရတယ်။ နလံထချိန်မှာ သွေးထဲမယ် မတွေ့ရဘူး။ ဆေးကုသ ပေးနေသူမှာ မတော်တဆ ထိရှရင်၊ ကျား-ကျား လိင်တူဆက်ဆံသူ၊ ဝေဒနာသည် မဟုတ်ပေမဲ့ (ALT and AST) အသည်း-အင်ဇိုင်းတွေ များနေသူ၊ ကိုယ်ဝန်ဆောင်၊ HBV ပိုးရှိသူနဲ့ အတူနေရသူတွေကို စမ်းရတယ်။ ၆ လကနေ ၁ နှစ် တခါ စစ်ရတယ်။ သွေးလှူရှင်အားလုံးကို HBsAg စစ်ရတယ်။

2. Hepatitis B surface antibody (anti-HBs) ဗိုင်းရပ်စ် ရဲ့ မျက်နှာပြင်မှာရှိတဲ့ (ပရိုတင်း) ကို ခုခံတဲ့ (အင်တီဘော်ဒီ) ကို စမ်းတာ။ နလံထလာရင် သွေးထဲမှာ ဒါတွေများလာမယ်။ အရင်က ပိုးဝင်ဘူးတာကိုသိရမယ်။ ကာကွယ်ဆေးထိုးထားသူလဲ တွေ့ရမယ်။ ကာကွယ်ဆေးထိုးဘို့ လို-မလိုသိစေမယ်။

3. Anti-hepatitis B core (anti-HBc), IgM = ခုခံတဲ့ (အင်တီဘော်ဒီ) ကို စမ်းတာ။ ပိုးဝင်ခံထားရတဲ့ အသည်း (ဆဲလ်) တွေမှာတွေ့ရမယ်။ သွေးထဲမှာ မတွေ့နိုင်ဘူး။ ရက်တိုရော နာတာရှည်ပိုးဝင်တာကိုစမ်းတယ်။ တခါရှိရင် တသက်တာ ရှိနေမယ်။

4. Hepatitis B e-antigen (HBeAG) = ဗိုင်းရပ်စ်ကနေ တက်တက်ကြွကြွ ထုတ်ပေးနေတဲ့ (ပရိုတင်း) သွေးထဲမှာ ရှိနေတာကို စမ်းတယ်။ သူများကို ကူးနိုင်ခြေကို သိရတယ်။ ဆေးကုနေတာရဲ့ ထိရောက်မှုကိုလဲ သိရတယ်။ တချို့ (ဗိုင်းရပ်စ်) အမျိုးအစားက e-antigen ကို မထွက်စေဘူး။ ၆ လကနေ ၁ နှစ် တခါစစ်ရတယ်။ ဆေးမကုခင်က HBeAg positive ဖြစ်ပြီး ဆေးကုနေရင်း Negative ဖြစ်လာရင် ဆေးကု ရပ်ထားမယ်။

5. Anti-hepatitis Be antibody (Anti-HBe) = Hepatitis Be antigen ကို ခုခံတဲ့ (အင်တီဘော်ဒီ) ကို စမ်းတယ်။ ရက်တိုကူးခံရသူ နလံထလာရင်တွေ့မယ်။ သူ့ကို Anti-HBc နဲ့ Anti-HBs တွေနဲ့ တွဲတွေ့နိုင်တယ်။ နာတာရှည် ဖြစ်နေသူကို ရောဂါ နဲ့ ကုသမှုတွေကို စောင့်ကြည့်တာမှာ အသုံးကျတယ်။

6. Hepatitis B DNA (HBV DNA) = Hepatitis B ရဲ့ Viral genetic material မျိုးဗီဇကိုစမ်းတာ။ လောလောဆယ် ပိုးရှိနေတာ၊ နာတာရှည်ဖြစ်လို့ ဆေးပေးနေသူတွေကို စောင့်ကြည့်စစ်ဆေးရာမှာ သုံးတယ်။ ဆေးက ထိရောက်ရင် ကျလာမယ်။ သွေးထဲမှာ (ဗိုင်းရပ်စ်) တွေ ဘယ်လောက်ရှိသလဲ အရေအတွက်ကို သိရတယ်။ များနေတယ်ဆိုတာ (ဗိုင်းရပ်စ်) က တက်တက်ကြွကြွ ပွါးများတာ လုပ်နေတယ်၊ အသည်းလဲ ထိခိုက်စရာ ရှိနေပြီ။ အရေအတွက် (100 IU/ml) ထက်နည်းရင် သူများကို မကူးနိုင်သေးဘူး။ ဆေးကုနေသူဆိုရင် ဆေးကုတာ ထိရောက်တယ်ဆိုတာ ပြနေတယ်။ ရောဂါလက္ခဏာ မပြပေမဲ့လဲ အသည်းကို ထိခိုက်လာနိုင်တယ်။ သူများကို ကူးစေနိုင်တယ်။

7. Hepatitis D (HDV) ဆိုတာ နောက် အသည်းကူးစက်ရောဂါတမျိုး ဖြစ်တယ်။ ဒါပေမဲ့ Hepatits B ရှိနေသူကိုမှ ရစေတယ်။ ဒီ ၂ မျိုး ရနေတာ ရှိနိုင်တယ်။

8. အထောက်အကူ စစ်ဆေးတာတွေလဲ ရှိသေးတယ်။ AST, ALT နဲ့ Gamma-glutamyl transferase (GGT) ကို စစ်ရင် ရောဂါရဲ့ တိုးတက်မှုကို သိရတယ်။ Liver biopsy (ဘိုင်အော့ပ်စီ) နဲ့ ရောဂါသေခြာအောင်လဲ လုပ်တယ်။

ဆေးစစ်အဖြေတွေက ဘာတွေဖြစ်နိုင်သလဲ
• Early acute infection ဗိုင်းရပ်စ်ပိုး လတ်တလော အဝင်ခံရသူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) –ve, (Anti-HBc IgG+IgM) –ve, (HBeAg) +ve, (Anti-HBe) –ve
• Acute infection, usually with symptoms; contagious ရက်တို အသည်းရောင်ရှိသူ၊ လက္ခဏာတွေ ရှိသူ၊ သူများကို ကူးစက်နိုင်သူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) –ve or +ve, (Anti-HBc IgG+IgM) -ve or +ve, (HBeAg) +ve, (Anti-HBe) –ve
• Late in the acute stage of infection (seroconversion) ရက်တို အသည်းရောင်ဖြစ်နေသူ နောက်ပိုင်း = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) +ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Acute infection is resolving (convalescent) ရက်တို အသည်းရောင် ပျောက်ကာစ = (HBsAg) -ve, (Anti-HBs) –ve, (Anti-HBc IgM) +ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Usually indicates an active chronic infection (liver damage likely) နာတာရှည်-အသည်းရောင်၊ အသည်းကို ထိခိုက်နေသူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) -ve, (Anti-HBc IgG+IgM) +ve, (HBeAg) +ve, (Anti-HBe) –ve
• Chronic infection but low risk of liver damage — carrier state နာတာရှည် အသည်းရောင်၊ ဒါပေမဲ့ အသည်းကို ထိခိုက်မှာ သိပ်မစိုးရိမ်ရသူ၊ သူများကို ကူးနိုင်သူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) -ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Infection resolved (recovery); immunity due to natural infection ပိုးဝင်ပြီးနောက် နလံထချိန်၊ ရောဂါပြီးလာချိန် = (HBsAg) -ve, (Anti-HBs) +ve, (Anti-HBc IgM) -ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Immunity due to vaccination ကာကွယ်ဆေး ထိုးထားလို့ ရောဂါကိုပြီးနေသူ = (HBsAg) -ve, (Anti-HBs) +ve, (Anti-HBc IgG+IgM) -ve Acute hepatitis B ဘီပိုး စတင်ကူးစက်ခံရခြင်းရောဂါ၊
• အများစုဟာ ဘာမှ မခံစားရ၊ စမ်းလဲမတွေ့ ဖြစ်ကြတယ်။ HBsAg နဲ့ IgM-antiHBc စမ်းရင် တွေ့တယ်။
• ၁% ထက်နဲသူတွေမှာ Fulminant hepatitis အသည်း လုံးဝမကောင်းဖြစ်လာပြီး သေဆုံးနိုင်တယ်။ Liver transplantation အရေးပေါ် အသည်းအစားထိုးရတယ်။
• ကြာလာရင် HBsAg မတွေ့တော့ဘဲ၊ Anti-HBs က တွေ့လာတယ်။ Termination of the infection ရောဂါဝင်တာ အဆုံးသတ်မှုကို ပြတယ်။
• Hepatitis B surface antigen (HBsAg) ရှိတယ်ဆိုတာ Virus infection ရှိနေပြီ၊ ဒါပေမဲ့ ကူးစက်နိုင်မယ်- မကူးနိုင်ဘူး မသေခြာသေး၊ အသည်း ပျက်စီးသလား-မပျက်ဘူးလား မသေခြာသေး။
• ဗိုင်းရပ်စ်တွေ ရှင်းသွားရင် Hepatitis B surface (anti-HBs) antibody (အင်တီဘော်ဒီ) ခံနိုင်စွမ်းတွေ ထွက်လာမယ်။ ရောဂါပြီးတဲ့သဘော ဖြစ်တယ်။
• Hepatitis B "e" antigen (HBeAg) တွေ့တာက Core of the virus ကိုစစ်တာဖြစ်တယ်။ ပွါးများတာတွေ များများဖြစ်နေတယ်။ HBeAg မရှိတော့ဘဲ Antibody to HBeAg တွေ့လာတယ်ဆိုတာ ပွါးများတာတွေက နည်းလာတယ်။ အသည်းရောဂါလဲ သက်သာလာတယ်။ သူများကို ကူးဘို့လဲ နည်းလာတယ်။
• ရက်တို အသည်းရောင်ဖြစ်နေတုံးမယ် တချိန်မှာ HBeAg တွေ့မယ်။ နောက်ပိုင်းဆိုရင် ပွါးများတာတွေ နည်းလာ၊ အသည်းထိခိုက်တာ နည်းလာချိန်မှာ မတွေ့တော့ဘူး။

ဒေါက်တာတင့်ဆွေ
၁-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး