Losartan လိုဆာတင်ဆေး

ကျမအမျိုးသားမှာ ဆီးလမ်းကြောင်းမှာ ကျောက်အနည်းငယ်တွေ့နေပါတယ်ရှင့် ကျောက်ကပ်မှာတော့ အမှုန် တွေ့တဲ့အဆင့်ဘဲ ရှိပါသေးတယ်ရှင့် သိချင်တာ ၂၀၀၈ ခုနှစ်က ခါးနာလိုပါရဂူနဲ့ပြဘူးပါတယ်ရှင့် အဲဒီနုံးကတော့ဘာကျောက်အမှုံမှမရှိမတွေ့ခဲ့ပါရှင့် အခုခါးနာလို့ပြတော့ သမိုင်းကြောင်းမေးတာနဲ့ သွေးကျဆေးကို ယခင်ပါရဂူက Losartan ကို ၂၅ အား ညမနက်ပေးခဲ့တာ ၆ နှစ်ခန့်ရှိတာသိတော့ အဲဒီဆေးကြောင့်လို့ ပြောပါတယ်ရှင့် အမျိုးသားအမများကလည်းသွေးတိုးရှိပေမဲ့ ခါးမနာဘူးကျောက်ကပ်မဖြစ်ဘူးပေမဲ့ အဲဒီဆရာဝန်က Losartan ကိုသာပေးနေပါတယ်ရှင့် ဘာကြောင့်ပေးနေတာလည်းသိခြင်တာပါရှင့်

နေမကောင်းသူ အသက် မသိ။ Losartan ဆေးက သွေးတိုးအတွက်ဆေးဖြစ်တယ်။ ဆီးချိုကြောင့် ကျောက်ကပ် ထိခိုက်မှာကို ကာကွယ်ဘို့လည်း ပေးတယ်။ သွေးတိုးကြောင့်လေဖြတ်သူတွေနဲ့ နှလုံးကြီးနေသူတွေကိုလည်း ပေးတယ်။

Kidney Stones Home Remedies ကျောက်တည်တာသက်သာအောင် အိမ်မှာဘယ်လိုလုပ်မလဲ https://doctortintswe.blogspot.com/2014/11/kidney-stones-home-remedies.html

Kidney stones ဆီးလမ်းကျောက် ဘာကြောင့်များသလဲ https://doctortintswe.blogspot.com/2017/12/kidney-stones.html

Losartan သွေးကျဆေး၏ ဘေးထွက်သက်ရောက်မှုများ https://doctortintswe.blogspot.com/2019/01/losartan.html

ဒေါက်တာတင့်ဆွေ
၉-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး